blogပြုလုပ်နည်းအခြေခံ အချက်လက်များ
အဆင့်(၁)       http://www.blogger.com/ ကိုသွားပါ။မိမိရဲ့ Gmail account ဖြင့် sign in လုပ်ပါ။
အဆင့်(၂)       Name your blog / BLog title /Display name /email address စသည်တို့ ကိုဖြည့်စွတ်ပေပါ။
                       အဓိကအရေးကြီးတာက blog address(yourname.blogspot.com)   ပါ။မိမိနှစ်သက်တဲ့ရာတခုခု 
                       ရေွးှချယ်ဖြည့်စွက်ပေးပြီးCheck Availability ဆိုသည်ကို နှိပ်ပြီး စစ်ဆေးပါ။ထို့နောက် အပြာကွင်းပြထားသော နေရာတွင် အလိုအလျောက် ပေါ်လာသော စာလုံးများကို မလွဲအောင် ပြန်ရိုက်ပေးရပါမည်။ အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။အောက်မှာပုံနှင်တကွ ရှင်းပြထားပါသည်။
         အဆင့် (၃)
Choose Template
ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။
    Your blog hasbeen created ဟူ၍အောက်ပါအတိုင်းပေါ်လာမည်။
                   ယေဘုယျအာဖြင့် ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။ရိုက်ပြီးပြီဆိုရင်တော့ publish post ဆိုတာလေးကို နှိပ်ဖို့မမေ့ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် Publish ကိုမနှိပ်ရင် စာဖတ်သူ တင်တဲ့ပို့စ်ကို သူက ပေါ်ပေးမှာမဟုတ်ပါဘူး။ ပြီးရင် view blog နှိမ်လိုက်ပါ။
  စုစောင်းထားတဲ့ လင့်တွေမှာသွားရောက်လေ့လာနိုင်ပါတယ်။
အားလု့းံအဆင်ပြေနိုင်ကြပါစေ။
No comments:
Post a Comment
လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com