ခရစ္စမတ်


ဆောင်းတွင်းမြူနှင်းတွေဖုံးနေတော့
ကိုယ့်ရင်မှာထာဝရနွေးထွေးစေမယ့်
အကြင်နာရင်ခွင်အောက်ခိုလှုံခွင့်ရနေခဲ့တာ
ဒီနေ့ ဒီအချိန်လေးအတွက်
အမှတ်တရ လက်ဆောင်လေးလား.........
ရင်ခုန်တာလရိပ်အောက်ပေါ့
အပြုံးနုနုခြွေပေးနေတဲ့
သူ့နှုတ်ခမ်းထက် ပျားရည်ဆမ်းပေးရမလား..........
စိတ်ကူးတွေစိုပြေနေတာမို့
ဒီရင်ခွင်ခိုလှုံမိတဲ့ကိုယ့်အဖြစ်ကို
ထာဝရပိုင်ဆိုင်ခွင့်လေး
ခရစ္စမတ်ထင်းရှူးပင်အောက်
ရင်နှင့်အမျှတောင်းဆုပြုနေတာ
သူသိနေပါလား....................
တွဲလက်အစုံစုံတွေကြား
အခါခါလမ်းသလားမိတဲ့
ကိုယ်တို့အဖြစ်ကို
ခရစ္စမတ်ဘိုးဘိုးက ပြုံးပြုံးကြီးကောင်းချီးပေးနေလေရဲ့.............။

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com