အဝေးတစ်နေရာ

ဖွင့်ပြောဖို့ ကြံစည်ကာပင်
နှုတ်က ဆွံ့အ မိပြီ။

တည်ငြိမ်စွာ ငြင်းပယ်မှာဖြင့်
စိုးလှပါပြီ။

ချစ်ရိပ်ပင် မမြင်ရသေးခင်
မုန်းရိပ်တွေ လာနေပြီ။

အမုန်းတွေ မလိုချင်ပြီမို့
ရင်ခွင်တံခါးကို ပိတ်ထားကာရယ်
အဝေးတစ်နေရာကသာ
မျှော်ကာနေတော့မည်။

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com