ခင်းပြီးခဲ့တဲ့လမ်း ကြမ်းလဲကြမ်းပါစေတော့
ခေါင်းလေးမော့ပြီး ခရီးအဆုံးထိဆက်လျှောက်နိုင်ဖို့
ငါတို့တစ်တွေအားလုံး ငေးငိုင်နေခြင်းမှရပ်တန့်
စက္ကန့်တိုင်းမှာ နားလည်မှုတွေထား
အားပေးရင်းနဲ့ ဖေးကူကြရင်းပေါ့
လျော့လျော့ကလေးရစ်ပတ် ပြတ်နိုင်ခဲ့တဲ့ သံယောဇဉ်ကြိုးနဲ့
ခဲထားကြမယ် အားမာန်ဇွဲ တွဲလက်တွေမဖြုတ်တမ်းနော်
ကျော်လွှားကြမယ် အတားအဆီးတွေကြားကနေ
နွေးထွေးစွာနဲ့ လက်ချင်းယှက်လို့
ဒို့တစ်တွေမျှော်မှန်းထားတဲ့ အနာဂတ်ပန်းတိုင်ဆီကို
ညီတူစွာမခွဲကြဘဲ တွဲလက်တွေမြဲမြဲခိုင်
အပြုံးပန်းတွေကိုယ်စီနဲ့ ငါတို့သူငယ်ချင်းတွေ
အတူတူ လှမ်းလျှောက်ကြစို့လား - - - - -။

No comments:
Post a Comment