ဖတ်ဖူးခဲ့တဲ့ ဟာသလေးတွေ

တစ်ခုထဲမရှိတာပါ

အသက် ၆၀ ကျော်ပြီဖြစ်သည့် သူဋ္ဌေးကြီးကမိမိလက်ထပ်မည့်အမျိုးသမီးငယ်ကိုပြောသည်။
"အန်ကယ် ကြိုပြောထားချင်တယ်။ အန်ကယ်ဟာ ကျန်းမာရေးသိပ်မကောင်းဘူးကွဲ့၊

အန်ကယ့်မှာ သွေးတိုးရောဂါ၊လိပ်ခေါင်းရောဂါ၊ အစာအိမ်ရောဂါ၊ရင်ကျပ်ရောဂါ၊ ပြီးတော့..."
သတို့သမီးလောင်းကဖြတ်ပြောသည်။
"အန်ကယ့်မှာမရှိတာလဲပြောဦးလေ"
"သွား"




..........................................................

ငွေဆိုတာက

သားကအဖေကိုမေးသည်။
"ဖေဖေ၊ ငွေဆိုတာ ဘာလဲဟင်"
အဖေဖြစ်သူ မျှော်လင့်သံဖြင့်ပြန်ပြောသည်။
"ငွေဆိုတာ ကိုယ်ပိုင်ကား ၊ ၀ီစကီနဲ့ မိန်းမချောတွေပေါ့"
"ငွေမရှိဘူး ဆိုရင်ကော"
"အဲဒါဆိုရင် ဘတ်စ်ကား၊လက်ဖက်ရည်ကြမ်းနဲ့ မင်းအမေပေါ့သားရယ်"



..........................................................

တကယ်ရှက်လို့ပါ



မောင်မြန်မာ..မယ်မြန်မာ ရွေးပွဲ သွားကြည့်ပြီး ပြန်လာသောသမီးအပျိုလေးကို အမေ ဖြစ်သူက မေးလေသည်...
အမေ။ ။ပွဲ အခြေအနေ ဘယ်လို ရှိလဲ သမီး..သွားကြည့်ရတာ ပျော်ဖို့ကောင်းလား..။
သမီး။ ။ မယ်မြန်မာ လေးတွေကတော့ လှတယ် အမေရေ..အရမ်းပဲ..မောင်မြန်မာတွေသာ..
အမေ။ ။ မောင်မြန်မာတွေက ဘာဖြစ်လို့လဲ သမီးရဲ့
သမီး။ ။အပေါ်ဗလာ..အောက်ဗလာ နဲ့ဆိုတော့ သမီး ရှက်လွန်းလို့ အ၀တ်ပါတဲ့ အပိုင်းလေးတွေပဲ ကြည့်ပြီး ပြန်လာခဲ့တယ်..။



..........................................................
ချစ်သူ့ရင်ခွင်



လျှပ်စစ်မလင်း လရောင်ကင်းလို့
ကြယ်ရောင်ဖျိုးဖျောက် မပေါ်ပေါက်လည်း
ရာသီပူအိုက် ခြင်မှက်ကိုက်လည်း
ချစ်သူ့ရင်ကြား ခိုဝင်နားပါက
ရင်သွေးရတနာ ပွားလတံ့



..........................................................

သင်းရနံ့

စိတ်အမောတို့ပြေဖို့ရာ
ဟောဒီမှာ လာကာရှူကြ
ပန်းမာလာ ဘယ်စုံစေတော့
လှမ်းကာသာ ယှဉ်ပြိုင်နိုင်တဲ့
ဝမ်းလေနှင် တစ်ခါထုတ်မယ်
ပဲကြီးလှော် တကယ်ကူလို့
ထန်းရေကို တစ်ငုံသောက်ကာ
မြည်သံကိုလင်္ကာဆွဲပြီး
တဘူဘူမြည်အောင်ပေါက်တယ်
ရှူကြတော့ ... အီး ....

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com