ဟာသလေးတွေ

၁။ သမ္မတ ကလင်တန် နဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ဦးအကြောင်း
(တချို့လည်း သိပြီးသားဖြစ်နေမလားပဲ.မသိသေးသူများအတွက် ပြန်ပြောပြမယ်နော်။)
အခုဝန်ကြီးချူပ်ရဲ့ ရှေ့ လေး ငါးဆက်မြောက်က ၀န်ကြီးချူပ် မစ္စတာမိုရိဆိုတာ ရှိခဲ့တယ်။ (၂၀၀၀ခုနှစ် မတ်လက ဖြစ်ခဲ့တာ) အမေရိကန်သမ္မတ ကလင်တန်လာမယ်ဆိုတော့ ကြိုဆိုဖို့ ပြင်ကြတယ်။ အစဉ်အဆက်က အမေရိကန်သမ္မတများ၊ ဂျပန်သမ္မတများဟာ ဆွေးနွေးချက်အားလုံးကို စကားပြန်နဲ့ ပြောကြပေမယ့် နှုတ်ဆက်စကားတော့ အင်္ဂလိပ်လို နှုတ်ဆက်နေကြ အစဉ်အလာ ရှိတယ်။ ဒီတော့ ၀န်ကြီးချူပ် မစ္စတာမိုရိလည်း အင်္ဂလိပ်လို နှုတ်ဆက်စကားကို အသေ ကျက်ထားတယ်ပေါ့။




သူတို့ နှစ်ဦး တွေ့တော့ အပြန်အလှန်နှုတ်ဆက်ပုံလေးကို နားထောင်ကြည့်ပါ..။


Bill Clinton :  Hello!!
Mori:  Hello! Who are you! (How are you နဲ့ မှားပြီး ပြောမိတာ)
Bill Clinton :   I am husband of Hillary Clinton.
( နှုတ်သွက်တဲ့ ကလင်တန်က အခုလို ပြန်နောက်လိုက်တာဖြစ်ပါတယ်။ သို့သော်...မစ္စတာမိုရိရဲ့ တုန်ပြန်စကားက)
Mori:  me, too.
Bill Clinton :  ? ? ? ? 
တနိုင်ငံလုံး ရယ်ပွဲကျသွားခဲ့တယ်။


ဒါပြင် နောက်တကြိမ်.. မှားသေးတယ်.. အဲဒါက အကြီးအကဲ နှစ်ဦး လက်ဆောင် ဖလှယ်တုန်းကပေါ့..
Bill Clinton :  This presents for you.
Mori :  No,thank you!(oh、thank you ကို မှားပြောတာ)
ကလင်တန်က လက်ဆောင်ကို ပြန်ယူသွားရ မသွားရ ဆုံးဖြတ်ရခက်သွားတယ်တဲ့..


ငါ့သားများဖြစ်နေမလားလို့
အဖိုးအိုတစ်ဦးသည် ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် လိမ္မော်ရောင်၊ အစိမ်းရောင်၊ အပြာရောင် ကို စပ်တိစပ်ကြားဆံပင်ကို ဆေးဆိုးထားတဲ့ ကောင်လေးတစ်ယောက်ကို တွေ့တဲ့ အခါ စူးစူးစိုက်စိုက် အကြာကြီးကြည့်နေမိတယ်။ခဏကြာတော့ ကောင်လေးက “လူတစ်ယောက်ကို ဒီလောက်ပဲ ခေါတောကြည့်လာကြည့်နေရသလားဗျ၊ ခင်ဗျားကြီး တော်တော်ရိုင်းတာပဲ”
အဖိုးအိုက ပြုံးလိုက်ပြီး “စိတ်မရှိပါနဲ့ကွာ၊ ငါ တစ်ခါက ကြက်တူရွေးမ တစ်ကောင်နဲ့ ညားဖူးလို့ မင်းဟာ ငါ့သားများဖြစ်နေမလားလို့ပါ။”


နားညည်းသက်သာသွားတယ်
သတင်းထောက်တစ်ယောက်ဟာ အသက် ၁၀၄နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အဖွားအိုတစ်ဦးကို အင်တာဗျူးပါတယ်။ “၁၀၄နှစ်ပြည့်သွားတဲ့အတွက် ကောင်းလိုက်တာလို့ ထင်တဲ့ အချက်က ဘာပါလဲ ခင်ဗျာ”
အဖွားအိုက ရိုးရိုးလေးပဲ ပြန်ဖြေပါတယ်။"No peer pressure."

အားနာလို့ပါ
လင်မယားနှစ်ယောက်ဟာ အိပ်ယာထဲမှာလှဲရင်း စကားပြောနေကြတယ်။
ယောကျာင်္းဖြစ်သူက “ငါလေ မင်းကို ကမ္ဘာပေါ်မှာ အပျော်ဆုံးအမျိုးသမီးဖြစ်စေချင်ပါတယ်။”
ဒီတော့ အမျိုးသမီးက ပြန်ဖြေလိုက်တယ်။ “ဒါပေမဲ့ ကျွန်မ ရှင့်ကို လွမ်းကျန်ခဲ့မှာပါ။”


အခု အဆင်ပြေသွားပါပြီ
လူတစ်ယောက်က အရေးပေါ်ဌာနကို ဖုန်းဆက်တယ်။
“ မြန်မြန်လေး ကူညီပါဦးခင်ဗျာ၊ ကျွန်တော့်သားလေး ကွန်ဒုံးတစ်ခုကို မြိုချလိုက်လို့ပါ။”
၅မိနစ်အကြာမှာ ထိုလူက ပြန်ဖုန်းဆက်ပါတယ်။
“တစ်ခြားကွန်ဒုံးတစ်ခုရလို့ အခုအဆင်ပြေသွားပါပြီ ခင်ဗျာ။”


ဘုရားသခင် ကူညီနိုင်အောင်
“ငါ ငယ်ငယ်တုန်းက ဆိုင်ကယ်လိုချင်လို့ ဘုရားသခင်ဆီ ဆုတောင်းတယ်။ ဒါပေမဲ့ ဘုရားသခင်က အဲလိုနည်းနဲ့ မကူညီနိုင်ဘူးဆိုတာ ငါနားလည်သွားတဲ့အခါ၊ အရင်ဆုံး ဆိုင်ကယ်ကိုခိုးတယ်။ ပြီးမှ ခွင့်လွတ်ဖို့ ဆုတောင်းလိုက်တယ်။


နှစ်ချို့ ၀ိုင်က ပိုကောင်းတယ်ဆိုလို့
ငါ့မိန်းမကို ငါက ရှင်းပြတယ်။ ယောကျာင်္းဆိုတာ နှစ်ချို့ ၀ိုင်နဲ့တူတယ်။ အသက်ကြီးလေလေ နှစ်သက်စရာကောင်းလေလေပေါ့.လို့။ နောက်တနေ့ကျ ငါ့မိန်းမက ငါ့ကို နှစ်ချို့ ၀ိုင်တွေ ထားတဲ့အခန်းထဲမှာ ငါ့ကို သော့ပိတ်ထားခဲ့တယ်ကွာ”


တစ်နေ့တာအမောများပြေပျောက်ပါစေ လသာည မှဖြစ်ပါသည်။

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com