ကမ္ဘာ့ အဆိပ်အပြင်းဆုံး သတ္တဝါများ

အဆိပ် ဆိုတာ ကောင်းကျိုးမပေး အန္တရာယ် များလို့  ဝေးဝေးက ရှောင်သင့်တယ် ။ အဆင် မသင့်ရင် အသက်ပါသေစေတတ်လို့  ဘယ် အဆိပ် မှ မကောင်းတာ လူတိုင်း အသိပါ ။ အစားအစာ တောင်မှ အဆင်မသင့်ရင် အစာအဆိပ်သင့်တတ်တယ် ။ ကိုယ်ဝန်ဆိပ်တက် လို့ကိုယ်ဝန်သည်တွေ အသက်ဆုံးရှုံးနိုင်တယ် ။ အဆိပ်အတောက် စာပေတွေကြောင့်လည်းလူတွေရဲ့  အတွေးအခေါ်၊ စာရိတ္တ တွေ ပျက်စီး နိုင်တယ် ။ ဒါကြောင့် ဘယ် အဆိပ်မှ မသင့်တာ အကောင်းဆုံး ပေါ့ ။ ဒီတော့ ဘယ်လို အရာတွေမှာ ( သတ္တဝါတွေမှာ ) အဆိပ်ပြင်းပြင်းရှိတတ်သလည်း လို့  သိနိုင်အောင် စပ်စုကြည့် လိုက်တယ် ။ ထုံးစံ အတိုင်း ဟိုမွှေသည်မွှေ ပေါ့ ။






ဒါက အာရှ နဲ့ သြစတြေးလျ တိုက် မှာ တွေ့ ရှိရတဲ့ ဂျယ်လီ ငါး Box Jelly fish ပါ ။ ( Jelly box ) လို့ လည်း ခေါ်ကြတယ် ။



အဆိပ် အပြင်းဆုံးမြွေတမျိုးက တော့ အရှေ့ တောင် နဲ့ တောင်အာရှ တောနက် ပိုင်းတွေမှာ ရှိကြတဲ့ King Cobra ပေါ့၊ (Ophiophagus hannah) လို့ လည်းခေါ်ကြတယ် ။ အရှည် က ၁၈ ပေ ခွဲ လောက်ထိရှိပြီး မြွေဘုရင် လို့  ဆိုနိုင်တယ် ။ ဘာလို့ လဲ ဆိုတော့ သူဟာ တခြား မြွေ တွေကိုတောင် စားပစ်တတ်ကြတယ် ။ ဇာတ်တူသား စားတာ ဆိုတော့ ရှောင်နိုင်မှ လွတ်မယ် ။ လူ ကို မပြောနဲ့ အာရှ ဆင်ကြီးတကောင် ကို တချက်တည်း ကိုက်လိုက်ရင်တောင် အဲ့ ဒီဆင် မှာ အလွန်ဆုံး ၃ နာရီပဲခံနိုင်တယ် ။ အကြောင်းရင်းကတော့ သူ့ အဆိပ် ပိုပြင်းထန်လို့ မဟုတ် ပါဘူး ။ သူ့ တချက် ကိုက်လိုက်ရင် ထွက်လာတဲ့ မြွေဆိပ် ပမာဏဟာ တခြား မြွေတွေထက် ၅ ဆ လောက် ပိုများ နေ လို့ ပါတဲ့ ။ဒါကြောင့် တချက်တည်း ကိုက်ခံလိုက်ရတာ နဲ့  ဆင်ကြီးတောင် ဘိုင်းကနဲ ပဲ ။


အမြင်အရတော့ ချစ်စဖွယ် ၊ လှလှပပ မာဘယ်ကျောက်တုံးလေး နဲ့ တူတဲ့ ခရုလေး ပါ ။ သူ့ အဆိပ်တစက် ဟာ လူ အယောက် ၂၀ ကျော်ကို သေစေနိုင်ပါသတဲ့  ။အနွေးပိုင်း ပင်လယ်ရေ ထဲမှာ ကျောက်တုံးလှလှလေးတွေ့ လို့ ကောက်ယူဖို့ စိတ်မကူးလိုက်နဲ့ နော် ။ ထိလိုက်တာနဲ့ ကွိသွားမှာ ၊ ဘယ်လို ဖြစ်နိုင်သလည်း ဆိုတာ ကတော့ ထိတဲ့ နေရာ မှာ အလွန် နာကျင်စေပြီးဖူးယောင်လာမယ် ၊ပြီးတော့ ထုံကျင် လာမယ်၊ ပြင်းထန်ရင်တော့ ကြွက်သားများ တုန့်ဆိုင်းပြီး အမြင်ဝေဝါး ကာ အသက်ရှူ ရပ်တဲ့ အထိဖြစ်စေတယ် ။ အဆိပ်ဖြေဆေးတောင် မရှိသေးဘူးတဲ့ ။ မှတ်တမ်းများ အရတော့ ခုချိန်ထိ လူပေါင်း ၃၀ မျှ အသက်ဆုံးရှူံးခဲ့ပြီ ဖြစ်ပါသတဲ့ ။



လှတပတ အော်တိုပတ်စ် ကလေးပါ ။ ပုံသဏ္ဍန် နဲ့ လိုက်အောင် အမည်ပေးထားတာက Blue-Ringed Octopus တဲ့ ။ ဂေါက်သီးလုံးအရွယ်လောက်သာရှိပေမဲ့ အဆိပ်အလွန်ပြင်းပါသတဲ့ ။ လူ ၂၆ ယောက် မျှကို တခဏ အတွင်းသေစေနိုင်တဲ့ အဆိပ်ပမာဏ ရှိတယ် ။ အဆိပ်ဖြေဆေးလည်း မရှိသေးပါ ဆိုပဲ ။ သူ အကိုက်ခံရတဲ့ နေရာ မှာတော့ နာကျင် ခြင်းမရှိပေမဲ့ ကြွက်သားတုန့်ဆိုင်း အသက်ရှူရပ်ပြီး နောက်ဆုံးတော့ သေစေနိုင်ပါသတဲ့ ။ဂျပန်၊ သြစတြေးလျ အနီး ပစိဖိတ် သမုဒ္ဒရာ ထဲမှာ တွေ့ ရှိနိုင်ပါသတဲ့ ။



ဒါကတော့ Death stalker scorpion ပါ ။ အကိုက်ခံ ရတဲ့ နေရာ မှာ လွန်စွာ နာကျင်စေတယ် ၊သူ့ အဆိပ်က ကျန်းမာသန်စွမ်းတဲ့ လူကြီးတယောက် ကို မသေနိုင်စေပေမဲ့ နှလုံးရောဂါ ရှိသူများ၊ ကလေးငယ်များ နဲ့ အသက်အရွယ် အိုမင်းသူများ ကိုတော့ အသက် အန္တရာယ် ပေးနိုင်ပါတယ် ။မြောက်အာဖရိကတိုက်နဲ့ အရှေ့  အလယ်ပိုင်း ဒေသတွေမှာ တွေ့ ရှိနိုင်ပါတယ် ။





အရုပ်ဆိုးလှတဲ့ ဒီ ကျောက်ငါး (Stonefish ) က အလှမယ်ဘွဲ့ မရနိုင်ပေမဲ့ ကမ္ဘာ့ အဆိပ်အပြင်းဆုံးငါး ဆိုတဲ့ ဘွဲ့ ကိုရရှိထားပါတယ် ။ သူ့ ရဲ့ ချွန်ထက်တဲ့ ဆူးတောင်တွေထဲမှာ ပြင်းထန်တဲ့ အဆိပ်တွေကို သိုလှောင်ထားတယ် ။ အကိုက်ခံရတဲ့ နေရာ မှာ အလွန် နာကျင်စေပြီး ၊ အဲ့ဒီနားတဝိုက်က တစ်ရှူးအသားစတွေကို ပျက်စီးစေတဲ့ အတွက် အကိုက်ခံရတဲ့ ခြေ၊ လက်တွေ ကို ဖြတ်ပြစ်ရလောက်တဲ့ အထိ ဆိုးဝါးစေတယ် ။ နာရီပိုင်း အတွင်း ဆေးကုသမှု မခံယူနိုင်ခဲ့ရင် အသက်ဆုံးရှုံးစေနူိုင်ပါတယ် ။ သူ့ ကို Capricorn ပင်လယ်ရေတိမ်ပိုင်း၊ပင်လယ်နီ မှ ကွင်းစလန်းဒေသ တလျှောက်၊ ပစိဖိတ် သမုဒ္ဒရာ ၊ အိန္ဒိယ သမုဒ္ဒရာ တွေ မှာ တွေ့ နိုင် ပါတယ်။


ဘရာဇီးမှ ထူးဆန်းဘွယ်ပင့်ကူ (Phoneutria) သို့ မဟုတ် ငှက်ပျောသီးပင့်ကူ ( banana spider) ရဲ့  အဆိပ် ပြင်းထန်မှု ဟာ ၊ ၂၀၀၇ ခုနှစ် မှာ ကမ္ဘာကျော် ဂျီးနက်စ် မှတ်တမ်းတင် ဝင် ခဲ့ ပါတယ် ။ လူအများဆုံးသေစေတဲ့ အဆိပ်ပြင်းသော ပင့်ကူ ပေါ့ ။ သူ့ ရဲ့  ၀.၀၀၆ မီလီဂရမ်မျှသာ ရှိတဲ့ အဆိပ်ဟာ ကြွက်တကောင် ကိုသေစေနိုင်တယ် ။ နေ့ အချိန်မှာ ပုန်းအောင်း နေထိုင်တတ်တဲ့ သူ့ ရဲ့ အကျင့်စရိုက်ကြောင့် အလွယ်တကူ ရှာဖွေလို့ မတွေ့ နိုင်ဘူး ။ အိမ်ကြိုကြားမှာ ၊ အဝတ်ဘီဒိုထဲမှာ၊ ဘွတ်ဖိနပ်တွေထဲမှာ၊ ကားထဲမှာ ပုန်းခိုနေတတ်လို့ သတိထားသင့်တယ် ။ သူ့ အဆိပ်ဟာ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတယ် ။ နာကျင်စေရုံမျှ မကသေးဘူး ၊အမျိုးသားတွေရဲ့ ညီပုလေးကို အာရုံခံ ပျက်ပြားစေတတ်သတဲ့ ။ သတိထား နေကြရန် အသိပေးလိုက်ပါတယ် ။မပြောမရှိကြ နဲ့ နော် ။ဒါကြောင့်များ banana spider လို့  အမည်တွင်တာ ထင်ပါရဲ့ ။ အပိုပြောတယ် ထင်မှာစိုး လို့  အော်ရီဂျင်နယ် စာသားလေးပါ ဖေါ်ပြပေးလိုက်ပါတယ် ။
The Brazilian Wandering Spider (Phoneutria) or banana spider appears in the Guinness Book of World Records 2007 for the most venomous spider and is the spider responsible for most human deaths.
This spider is believed to have the most potent neurotoxic venom of any living spider. Only 0.006mg (0.00000021oz) is sufficient to kill a mouse. They are also so dangerous because of their wandering nature. They often hide during daytime in highly populated areas inside houses, clothes, boots, and cars.
Its venomous bite causes not only intense pain, the venom of the spider can also cause priapism - uncomfortable erections lasting for many hours that lead to impotence.



အသင်ဟာ တကယ်လို့ များ တောင် အမေရိက နဲ့ အလယ်ပိုင်း အမေရိကမှာရှိတဲ့ မိုးတွင်း သစ်တော တွေ ကိုရောက်ခိုက် ပြေးလွှားဆော့ကစားရင်း အရောင်အသွေးစုံတဲ့ လှလှပပ ဖါးကလေးများကိုတွေ့ လိုက်ရရင် ဖမ်းယူဖို့  မကြိုးစားပါနဲ့  ။ အဲဒီဖါးလေးဟာ အဆိပ်ပြင်းတဲ့ Dart Frog ဖြစ်နေနိုင်ပါတယ် ။ သူ့ ရဲ့  အရေပြားပေါ်မှာ ဒီအဆိပ်တွေကို သိုလှောင်ထားပြီး ၊သူ့ ကို ထိမိ ကိုင်မိ စားမိတာသူတွေကို အဆိပ် သင့်စေတယ် ။ ၂ လက်မ မျှ သာ ရှိတဲ့ ရွှေရောင်ဖါးလေးရဲ့ အဆိပ်ဟာ လူကြီး ၁၀ ယောက် ၊သို့ မဟုတ် ကြွက်ငယ် အကောင်ပေါင်း ၂သောင်း ခန့်ကို သေစေ နိုင်ပါသတဲ့ ။ ၂ မိုက်ခရို ဂရမ် အလေးချိန်( ပင်အပ်ခေါင်း မျှ အရွယ် ) ရှိတဲ့ အဆိပ် ပမာဏ ဟာ လူတယောက်ကိုသေစေနိုင်တယ် ။ ဒါကြောင့် အင်ဒီးယန်း အနွယ်ဝင် အမေရိကန် သားများဟာ ဒီအဆိပ်ကို blow-darts ခေါ် မှုတ်လို့ရတဲ့ မျှားလေးတွေအပေါ်မှာ သုတ်လိမ်းပြီး လက်နက်အဖြစ် အသုံးပြုကြတယ် ။




Puffer Fish လို့ ခေါ်တဲ့ ငါးလေးဟာလည်း နှုတ်ခမ်းလေးထော်လို့ ချစ်စဖွယ် အသွင်ရှိ ပါတယ် ။ကျောရိုးရှိ သတ္တဝါ တွေထဲ ဒုတိယမြောက် အဆိပ်ပြင်းတဲ့ အကောင်ပေါ့ ။ ပထမ က ( golden dart Frog) လေ ။ ဂျပန် နဲ့ ကိုးရီးယား လူမျိုးတွေ ကတော့ သူ့ အသားကို စားသုံးလေ့ ရှိကြတယ် ။ ဂျပန်လို fugu ၊ ကိုရီးယားက bok-uh လို့ ခေါ်ဆိုကြတယ် တဲ့ ။ သူ့ ရဲ့ အရေခွံ နဲ့ ကလီစာ တွေမှာ အဆိပ်ပါရှိတတ်တယ်။ စားမိရင် နှုတ်ခမ်း နဲ့ လျှာ တွေ မာပြီး မူးတယ်၊အန်တယ် ၊ နှလုံးခုန် မြန်တယ်၊ အသက်ရှူခက်ခဲပြီး ကြွက်သားတွေ တုန့် ဆိုင်းစေတယ် ၊ ရင်ခေါင်းနဲ့ ဝမ်းခေါင်းကြားမှာ ရှိတဲ့ diaphragm ကြွက်သား တုန့်ဆိုင်းပြီး အသက်ရှုရပ်ကာ ၄ နာရီမှ ၂၄ နာရီ အတွင်းသေဆုံးစေနိုင်သည် ။ အဆိပ်ဖြေဆေး မရှိသေးပါကြောင်း၊ ဂျပန်နိုင်ငံတွင် ၁၉၉၆ မှ ၂၀၀၆ အတွင်း အဆိုပါငါး အဆိပ်သင့်မှုကြောင့် တနှစ်မှာ သေဆုံးသူ ၂၀ မှ ၄၄ ဦး ထိရှိခဲ့ကြောင်း မှတ်တမ်းများအရ သိနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီငါးကို ကျွမ်းကျင်သူများက သာ ဖမ်းဆီးပြီး ၊ ကိုင်တွယ် ချက်ပြုတ် စေရန် လိုင်စင်ရှိသူ စဖိုမှုးများကိုသာ ခွင့် ပြု ထားတယ် လို့ သိရပါတယ် ။
(ကိုယ်သာဆို ဘယ်လောက်စားကောင်းတဲ့ အသားငါးဖြစ် ပစေ ၊ဘယ်လောက် ကျွမ်းကျင်သူတွေ ချက်ပြုတ် ကျွေးပစေ ၊ မစားပါဘူး၊ ဒါမျိုးတော့ ကြောက် စ် ။ ပုံ ကြည့်ရတာ တော့ ငါးပူတင်းနဲ့ ဆင်သလိုပဲ ။ ဟုတ် ။ )

ဒီနေရာမှ ရတဲ့ အကြောင်းအရာများပါ ။





ဒီစိမ်းစိမ်းကြီးကရော ... ဘယ်လောက်များ အဆိပ်ပြင်းပါလိမ့် ။ သိသူများ ပြောပြကြပါ ။း) ။
အယ် .. ဘယ်သူမှ သိမယ်မထင်ဘူး ။ ဟုတ် တယ် ဟုတ် ။
မထိရ ၊ မကိုင်ရ ၊ မပြောရ ၊ မအော်ရ ။ မရေးရ ၊ မဖတ်ရ ။ မလှုပ်ရ ၊ မကြွရ ။
ရှောင်ကြ ရှားကြ ဝေးဝေးမှ ၊ အဆိပ်သင့်ခြင်းကင်းမည်ပ ၊

( အားလုံး သတိ ၊ အဆိပ်ဖြေဆေး ရှာမတွေ့ သေးပါ ။)
www.kiki-idiotlove.com မှပိုင်ရှင်လေး အပေါသွားတုန်း ခိုးလာတာ.. ဟိ ဟိ။

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com