ဆရာကဖန်ခွက်တစ်လုံးကိုလက်မှာကို
င်ထားပြီးဒီဖန်ခွက်ကဘယ်လောက်လေးမယ်ထင်သလဲလို့
ကျောင်းသားတွေကိုမေးတယ်..၅၀ဂရမ်..၁၀၀ဂရမ်အစရှိသဖြင့်အမျိုးမျိုးအဖြေတွေကိုပြောတယ်
ဆရာက ဆက်ပြောတယ်...ဒီဖန်ခွက်ရဲ့တကယ့် အလေးခ်ျိန်ကိုတော့
ဆရာမသိပါဘူး...ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ
ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ
ဆိုတာပဲ
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ်...
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ်...
“ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ” လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တစ်တန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာကမင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန်
ပိုတိုးလာလို့လားလို့ ဆက်မေးတော့ မတိုးပါဘူးလို့
တညီတညွှတ်တည်းဖြေကြတယ် …
ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ဘဲနဲ့
ဆရာကဘာလို့အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ
သက်သာအောင် ဆရာ“ဘာလုပ်ရမလဲ”လို့မေးတော့ ကျောင်းသူတစ်ယောက်က “ Put the Glass
Down; ”
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့လို့ ဖြေလိုက်ပါတယ် …
ဆရာက သိပ်မှန်ပါတယ်..** “မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစ်စိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တစ်နေ့ရဲ့ အဆုံးမှာတော့ တစ်နေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ” ** လို့ ဆရာက မှာလိုက်ပါတယ်....
ကျနော် mail ထဲဝင်လာတဲ့ဟာသလေးတွေပါ.......အားလုံးပျော်ရွှင်နိုင်ကြပါစေ
No comments:
Post a Comment