နှစ်မိနစ်ငြိမ်သက်
ဇနီး။ ။ (စိတ်အားထက်သန်စွာဖြင့်) ဒါလင်ရေ... ဒီတစ်ကြိမ်မှာ ကျမတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို ဘယ်လို ကျင်းပကြမလဲ။
ယောက်ျား။ ။ နှစ်မိနစ် ငြိမ်သက်ပြီး ကျင်းပကြတာပေါ့။
ငါ့သက်တမ်း ကုန်ပီကိုး
အမူးသမားတစ်ယောက်ဟာ အခြားအမူးသမားတစ်ယောက်ကို ပြောတယ်...
မနက်ဖြန်ဆိုရင် ငါဟာ အိန္ဒိယရဲ့ ၀န်ကြီးချုပ်ဖြစ်ပြီကွ။
နောက်အမူးသမားတစ်ယောက်ပြန်ပြောတယ်...
ငါနှုတ်ထွက်မှ မင်းဖြစ်မှာပါကွာ။
အရွယ်မရောက်သေးတဲ့ ဖေဖေ
သား။ ။ ဖေဖေ... မေမေ့ရဲ့ ခွင့်ပြုချက်မပါပဲ ကျွန်တော် အပြင်ထွက်နိုင်တဲ့အရွယ် ဘယ်တော့ ရောက်မလဲ။
အဖေ။ ။ ငါ့သားရယ်.. အဖေတောင် အဲဒီအရွယ်မရောက်သေးပါဘူးကွာ။
စားမှာလား ကမှာလား
လူကြီး။ ။ စားပွဲထိုး.. ဒီကြက်ရဲ့ ခြေတစ်ချောင်းက တစ်ခြားတစ်ချောင်းထက် တိုနေပါလားကွ။
စားပွဲထိုး။ ။ အော်.. လူကြီးမင်းက ကြက်ကို စားမှာလား (ဒါမှမဟုတ်) တွဲကမှာလား။
မျိုသိပ်ရတဲ့ရောဂါ
အမျိုးသမီး။ ။ ဆရာ.. ကျမယောက်ျားမှာ အိပ်နေရင်း စကားပြောတက်တဲ့ အကျင့်ဆိုးလေး တစ်ခုရှိတယ်၊ ကျမ ဘာလုပ်ရမလဲဆရာ။
ဆရာဝန်။ ။ သူ့ကို နေ့ခင်းဘက် စကားပြောခွင့်ပေးလိုက်ပါ။
သမိုင်းတစ်ပတ်လည်ခြင်း
အဖေ။ ။ (သူ့သားရဲ့ ဆရာကို) ကျောင်းမှာ ကျွန်တော့သားရဲ့ အခြေအနေက ဘယ်လိုလဲ ဆရာ၊ ကျွန်တော် ကျောင်းသားဘ၀မှာတော့ ကျွန်တော့ အခြေအနေက အရမ်းဆိုးတယ်။
ဆရာ။ ။ အင်း.. ကျွန်တော်ပြောနိုင်တာကတော့ သမိုင်းဟာ သူ့ဟာသူ တစ်ပတ် ပြန်လည်လာတယ် ဆိုတာပါပဲ။
အမှတ်အသား ပြန်ပေးတာ
ကောင်လေးတစ်ယောက်ဟာ လှပတဲ့ကောင်မလေးတစ်ယောက်ကို ကြာပန်းပေးတယ်၊ ဒါပေမဲ့ ကောင်မလေးက သူ့ကို ပါးရိုက်လိုက်တယ်။
ကောင်လေး။ ။ ငါ့ကို ဘာလို့ပါးရိုက်တာလဲ၊ မင်းကို ကြာပန်းလေးပဲ ပေးမိတာပါ။
ကောင်မလေး။ ။ ရှင့်ကို တစ်ခုပြန်ပေးတာပါ၊ ရှင်က BJB ပါတီရဲ့ အမှတ်အသားဖြစ်တဲ့ ကြာပန်း ပေးတော့၊ ကျမလဲ Congress ပါတီရဲ့အမှတ်အသား (လက်ဝါး) ပြန်ပေးတာလေ။
အသက် ပြည့်ချိန်
လက်မှတ်စစ်။ ။ ဆယ့်နှစ်နှစ်အောက်ကလေးတွေပဲ လက်မှတ်မပါပဲ ခရီးသွားလို့ရမယ်။ မင်းအသက် ဘယ်လောက်လဲ။
ကလေး။ ။ ဆယ့်တစ်နှစ်၊ ဆယ့်တစ်လ၊ နှစ်ဆယ့်ကိုးရက်နဲ့ နှစ်ဆယ့်သုံးနာရီပါ ခင်ဗျာ။
လက်မှတ်စစ်။ ။ ဘယ်တော့ ဆယ့်နှစ်နှစ် ပြည့်မလဲ။
ကလေး။ ။ ဘက်စ်ကားပေါ်က ဆင်းရင် ပြည့်ပါပြီ ခင်ဗျာ။
လွန်ခဲ့ပြီ
ဆရာမ။ ။ '' I am beautiful.'' အဲဒါ ဘာ tense လဲကွယ်။
ကျောင်းသား။ ။ past tense ပါ ဆရာမ။
သူငယ်ချင်းကောင်း
ပရာဒိ(ပ်)။ ။ ငါးမိန်းမတော့ ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ထွက်ပြေးသွားပြီကွာ။
ဗီဗေး(က်)။ ။ မင်းသူငယ်ချင်းက ရုပ်ချောပြီး အရမ်းချမ်းသာလို့လား။
ပရာဒိ(ပ်)။ ။ မသိဘူးကွာ၊ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးတာ။
မှန်လိုက်လေ
ဆရာ။ ။ အသိဉာဏ်ရှိတဲ့ လူတွေဟာ အရူးတစ်ယောက်ရဲ့ မေးခွန်းတိုင်း ကိုတော့ အမြဲတမ်း မဖြေနိုင်ပါဘူး။
ကျောင်းသား။ ။ ကျွန်တော် စာမေးပွဲကျတာ အဲဒါကြောင့်ပေါ့ဆရာ။
အကြံတူ
အေ။ ။ မင်း မိန်းမက အရမ်းချောတာပဲကွာ။
ဘီ။ ။ ငါလဲ မင်းမိန်းမကို တွေ့ရင် အဲလိုတွေးမိတယ်ကွာ။
မများဘူးလား
ဆာတိရှ်။ ။ လှပတဲ့မိန်းမ၊ ယဉ်ကျေးတဲ့မိန်းမ၊ အိမ်မှုကိစ္စနိုင်နင်းတဲ့ မိန်းမမျိုးကို ငါလိုချင်တယ်ကွာ။
ဟားရှရ်။ ။ ဒါဆို မင်းဝင်ငွေနဲ့ မိန်းမသုံးယောက်ကို ဘယ်လို ကျွေးမလဲ။
ရှက်သင့်တာက
တရားသူကြီး။ ။ မောင်မင်း ဒီနေရာကို လေးကြိမ်မြောက်လာရတာ မရှက်ဘူးလား။
တရားခံ။ ။ ကျွန်တော်က ဒီနေရာကို လေးကြိမ်ပဲ ရောက်ပါသေးတယ်။ လူကြီးမင်းကော ဘယ်လိုလဲ၊ ဒီနေရာကို နေ့တိုင်းလာနေတာ မဟုတ်ဘူးလား။
ကြားချင်တယ်
ကောင်လေး။ ။ မင်းရဲ့စကားတစ်လုံးက ငါ့ကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဖြစ်အောင် လုပ်နိုင်တယ်။ မင်း ငါ့ကို လက်ထပ်မလား။
ကောင်မလေး။ ။ လက်မထပ်နိုင်ဘူး ( No )။
ကောင်လေး။ ။ အဲဒီစကားလုံးပဲ။
ဝေးသေးတယ်
ဆရာ။ ။ လနဲ့ အမေရိက၊ ဘယ်ဟာက ဝေးသလဲ။
ကျောင်းသား။ ။ အမေရိကပါ ဆရာ။
ဆရာ။ ။ ဘာကြောင့်လဲ။
ကျောင်းသား။ ။ လကို ကျွန်တော် မြင်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကကိုတော့ မမြင်နိုင်ပါဘူး ဆရာ။
ဆရာ။ ။ ငရူး၊ ခုံပေါ်မှာ မတ်တပ်ရပ်စမ်း။
ကျောင်းသား။ ။ ဆရာ၊ ခုထိ အမေရိကကို မမြင်ရသေးဘူး။
မကြည့်နဲ့
သား။ ။ အဖေ၊ အမှောင်ထဲမှာ စာရေးနိုင်လား။
အဖေ။ ။ ရတာပေါ့၊ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။
သား။ ။ ဒါဆို မီးခဏပိတ်ပြီး ကျွန်တော့ရဲ့ Report Card မှာ လက်မှတ်ထိုးပေးပါ အဖေ။
လုပ်လိုက်
အမျိုးသား။ ။ ကျုပ်မုတ်ဆိတ်နဲ့ ဆံပင်ကို တိုအောင်ညှပ်ပေးစမ်းပါ။
ဆံညှပ်သမား။ ။ ဘယ်လောက်တိုအောင် ညှပ်ရမှာလဲ။
အမျိုးသား။ ။ ကျုပ်မိန်းမ ဆွဲလို့မရအောင်ထိ တိုလိုက်။
လွတ်သွားတယ်
ရဲသား။ ။ သူခိုးဘယ်ကနေပြေးသွားတာလဲ၊ ထွက်ပေါက်တွေ အကုန်ပိတ်ထားဖို့ မင်းကိုပြောထားတာကို။
အစောင့်။ ။ ပိတ်ထားပါတယ်၊ ဒါပေမဲ့ သူက ၀င်ပေါက်ကနေ ထွက်ပြေးသွားလို့ပါ။
မေ့သွားလို့
မိန်းမ။ ။ (အိပ်ပျော်နေတဲ့သူ့ယောက်ျားကို) ထပါဦး ဒါလင်၊ ထပါဦး။
ယောက်ျား။ ။ ဘာလဲ၊ ဘာဖြစ်တာလဲ။
မိန်းမ။ ။ ရှင့်ကို အိပ်ဆေးတိုက်ဖို့ မေ့သွားလို့။
ဘယ်လိုသိလဲ
သား။ ။ အဖေ၊ ရုံးမှာဘာလုပ်ရလဲ။
အဖေ။ ။ ဘာမှ မလုပ်ဘူး။
သား။ ။ ဒါဆို အဖေ အလုပ်ပြီးတယ်လို့ ဘယ်လိုသိလဲ။
ပြန်လှည့်မယ်
ဒရိုက်ဘာ။ ။ ကားက ရှေ့ဆက်သွားလို့မရတော့ဘူး၊ ဆီပျက်သွားပြီ။
ပိုင်ရှင်။ ။ ဒါဆို အိမ်ကိုပဲပြန်မောင်းတော့။
မပို့နဲ့ပေါ့
အမေ။ ။ ဒုက္ခတွေနဲ့ ကင်းအောင်နေပါ ငါ့သား။
သား။ ။ ဒါဆို ဘာဖြစ်လို့ သားကို ကျောင်းကိုပို့သေးလဲ အမေ။
ပြောပြမိလို့
ရာဂျိဗ်။ ။ မင်း ရီတုကို လက်ထပ်ချင်ခဲ့တယ် မဟုတ်လား။
ဆန်ဂျီဗ်။ ။ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူက သူဌေးတစ်ယောက်ကို စိတ်ဝင်စားခဲ့တာလေ။
ရာဂျိဗ်။ ။ မင်းက သန်းပေါင်းများစွာချမ်းသာတဲ့ ဦးလေးတစ်ယောက်ရဲ့ တူဆိုတာ ဘာလို့ သူ့ကို ပြောမပြခဲ့လဲကွာ။
ဆန်ဂျိဗ်။ ။ ပြောပြခဲ့မိတာ ငါ့ရဲ့အမှားပဲ၊ အခု သူက ငါ့ရဲ့အန်တီဖြစ်နေပြီလေ။
သူတို့ကိုကြည့်
ဆရာ။ ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်က မျက်လုံးကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကို မင်းဘယ်လို သက်သေပြနိုင်မလဲ။
ကျောင်းသား။ ။ မျက်မှန်တပ်ရတယ်ဆိုတဲ့ နွားနဲ့ ဆိတ်ကို ဘယ်သူမှ မမြင်ဘူးသေးပါဘူး ဆရာ။
အိပ်မပျော်လို့
အေ။ ။ မင်း အစိုးရအလုပ်ကို ဘာလို့ လုပ်ချင်ရတာလဲ။
ဘီ။ ။ မိန်းမနဲ့ ကလေးတွေကြောင့် အိမ်မှာ အိပ်မပျော်လို့။
ဂေါ်မစွံ
ရာဝိ။ ။ ငါတို့ ကောလိပ်မှာ လက်မထပ်ချင်တဲ့ ကောင်မလေးတွေများတယ်ကွ။
ဆန်ဂျေး။ ။ မင်းဘယ်လိုသိလဲ။
ရာဝိ။ ။ သူတို့ထဲက အများကြီးကို ငါလိုက်ပြောဖူးတယ်ကွ။
တူတူပဲ
ကလေးတစ်ယောက်သည် အရုပ်ရောင်းသောဆိုင်ထဲသို့ ကလေးကစားတဲ့ပိုက်ဆံယူပြီး လေယဉ်ပျံရုပ်ဝယ်ရန်ဝင်လာလေ၏။
အရောင်းစာရေး။ ။ မင်းပိုက်ဆံက အစစ်မှမဟုတ်တာ။
ကလေး။ ။ ဟုတ်၊ ကျနော်ကလဲ လေယဉ်ပျံအစစ်ကို မဆိုလိုပါဘူး။
သေတမ်းစာ
သား။ ။ အဖေ့ရဲ့ သေတမ်းစာထဲမှာ ဘာတွေရေးထားလဲ အဖေ။
အဖေ။ ။ ငါ့ရဲ့အကြွေးတွေကို ငါ့သားဆက်လိမ့်မယ်လို့ရေးထားတာပေါ့။
သူမသိဘူး
ဆရာဝန်။ ။ ဘာဖြစ်တာလဲ။
လူနာ။ ။ ခွေးကိုက်လို့ပါ။
ဆရာဝန်။ ။ ခုနှစ်နာရီကျော်ရင် လူနာမကြည့်ဘူးဆိုတာ မသိဘူးလား။
လူနာ။ ။ သိပါတယ်၊ ဒါပေမဲ့ ခွေးက အဲဒါကို မသိလလို့ပါ။
စာရေးဆရာ
သူငယ်ချင်း။ ။ မင်းရဲ့အသက်မွေးမှုကို မင်းဘယ်လိုစီမံသလဲ။
အခြားသူငယ်ချင်း။ ။ စာရေးပါတယ်။
သူငယ်ချင်း။ ။ ဘာစာတွေရေးသလဲ၊ ဆောင်းပါးလား ၀တ္ထုရှည်လား။
အခြားသူငယ်ချင်း။ ။ အဖေဆီကို ရေးတာပါ။
သူဖြစ်နေပီ
အဖေ။ ။ သား၊ ဂျာဝါဟာ လာလ် နေရူး ဟာ မင်းအရွယ်မှာ အတန်းခေါင်းဆောင်ဖြစ်နေပီ။
သား။ ။ အဖေ့အရွယ်မှာတော့ သူဟာ အိန္ဒိယ ၀န်ကြီးချုပ်ဖြစ်နေပီ အဖေ။
သတ္တိရှိသူ
တိရာစ္ဆာန်ရုံထဲတွင် လူအုပ်ကြီးသည် ခြင်္သေ့လှောင်အိမ်ဘေး၌ ရပ်လျှက်ရှိနေကြ၏။ ခြင်္သေ့သည် ကျယ်လောင်စွာ ဟိန်းလိုက်သော်အခါ ရပ်မြဲရပ်နေတဲ့ လူတစ်ယောက်ကလွဲလို့ အားလုံးသည် ထွက်ပြေး ကြလေ၏။
အဲဒါကိုမြင်တော့ ... ထွက်ပြေးကြတဲ့ထဲက လူတစ်ယောက်က “ ခင်ဗျား မကြောက် ဘူးလား” မေးလေ၏။
Justify Fullသူပြန်ပြောလိုက်တာကတော့..... “ မကြောက်ပါဘူး။ ကျွန်တော်က (အိမ်ထောင်ကျ) မိန်းမရပြီးပြီ” ဟူ၏။
တူညီချက်
ဆရာဝန်။ ။ ခင်ဗျားရဲ့ အသက်မွေးဝမ်းကြောင်းမှုကတော့ တကယ်ဆိုးတယ်ဗျာ။ ခင်ဗျားဘက်က အမှားလေး တစ်ချက်ဟာ လူတစ်ယောက်ကို မြေကြီးထက်ငါးပေးအမြင့်မှာ ကြိုးဆွဲခံရစေတာပဲ။
ရှေ့နေ။ ။ ခင်းဗျား ကော ဘာထူးလဲ။ အသေးဖွဲဆုံးသော ခင်ဗျားရဲ့အမှားလေး တစ်ချက်ကပဲ လူတစ်ယောက်ကို မြေကြီးအောက် ငါးပေကို ရောက်သွားရော မဟုတ်လား။
အိန္ဒိယ ထုတ်ကုန်
တွမ်။ ။ အိန္ဒိယဟာ အခြားနိုင်ငံတွေ မထုတ်လုပ်နိုင်တဲ့ ဘယ်ကုန်ပစ္စည်းကို ထုတ်လုပ်ပါသလဲ။
ဆာမူးလ်။ ။ အင်ဒီယန်းတွေကိုပါ။
တိုးတက်မှု
အမျိုးသမီး။ ။ ဒေါက်တာ. ဆရာပေးတဲ့ဆေးကိုမသောက်ခင်က ကျွန်မယောက်ျားဟာ ညဘက်အိပ်နေရင်း လမ်းထလျှောက်လေ့ရှိတယ်။ အခုတော့ ပြေးတောင်နေပီဆရာ။
ဒေါက်တာ။ ။ မပြောဘူးလား သူတိုးတက်မှုရှိလာလိမ့်မယ်ဆိုတာ။
နားငြီးတယ်
ဇနီး။ ။ အခန်းထဲ ကျွန်မ၀င်လာတိုင်း ရှင်ရေဒီယိုကို ပိတ်ပိတ်ပစ်တယ်.. ဘာကြောင့်လဲ။
ယောက်ျား။ ။ ငါ တစ်ချိန်တည်း ရေဒီယိုနှစ်ခု နားမထောင်နိုင်ဘူး။
ဈေးကြီးလို့
ဆရာဝန်။ ။ (သူ့ အကူကိုပြောလေ၏) ငါ့မှာ အစာအိမ်အောင့်နေတယ်။ ဆရာဝန်သွားခေါ်ချေကွာ။
အကူ။ ။ ဆရာကိုယ်တိုင်လဲ ဒေါက်တာပဲလေ။
ဆရာဝန်။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ့ကုသကြေးက မြင့်တယ်ကွ။
သားလိမ်မာ
မိခင်သည် သူ့သားအား “ဘယ်အချိန် ဧည့်သည်လာလာ သား ထိုင်ရာမှ အမြဲတမ်းထပေးပြီး ဧည့်သည်ကို ထိုင်စရာပေးရမယ်” ဟု ရှင်းပြထားလေ၏။
နောက်တစ်နေ့၊ ဧည့်သည်တစ်ယောက် အိမ်သို့ရောက်လာလေ၏။ သားလဲ သူ့အမေပေါင်ပေါ်ထိုင်နေရာက ချက်ချင်းထပြီး ဧည့်သည်ကို “ကျေးဇူးပြု၍ ဒီမှာထိုင်မှာခင်ဗျား” ဟုဆိုလေတော့၏။
ဒီအချိန်ဆို
လူနာ။ ။ ဒေါက်တာ၊ တစ်ခါတရံ ကျွန်တော့ဘေးပတ်ဝန်းကျင်မှာ ရှိနေတာတွေကို ဘာမှ မမြင်ရဘူး ဖြစ်နေတယ်။
ဆရာဝန်။ ။ ဘယ်အချိန်မှာ ဖြစ်တက်တာလဲ။
လူနာ။ ။ မီးပျက်တဲ့ အချိန်တိုင်းဆရာ။
သူလဲပါတယ်
ပိုက်ဆံခိုးမှုဖြင့် ထောင်ခြောက်လအပြစ်ပေးခံရသော သူခိုးသည် တရားသူကြီးအား ..်
လူကြီးမင်းခင်ဗျား... ဒီပြစ်ဒဏ်ကို ကျွန်နုပ်ရဲ့ရှေ့နေကို ပေးသင့်ပါတယ် ခင်ဗျား။
တရားသူကြီး။ ။ ဘာကြောင့်လဲ မောင်မင်း။
သူခိုး။ ။ ကျွန်တော်ခိုးလာသမျှ ပိုက်ဆံကို ကျွန်တော့ရှေ့နေကို ဖီးကြေးအဖြစ် ပေးရပါတယ် လူကြီးမင်း။
အလုံခြုံဆုံးသောနေရာ
ဇနီး။ ။ ကျမတို့သားလေးဟာ ပိုက်ဆံကို ဘယ်နေရမှာပဲသိမ်းထားသိမ်းထား ယူယူသွားတယ်။ ဘယ်မှာ သိမ်းရမှန်းတောင် မသိတော့ပါဘူး။
ယောက်ျား။ ။ သူ့ကျောင်းစာအုပ်ထဲမှာသိမ်းထားပေါ့ကွာ။ သူဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပါဘူး။
ဒီလိုဖြစ်မယ်
ဆရာ။ ။ လျှပ်စစ်မီးကိုသာ မတီထွင်ခဲ့ဖူးဆိုရင် ဘာဖြစ်နိုင်မလဲ။
ကျောင်းသား။ ။ တယ်လီဗီးရှင်းကို ဖယောင်းတိုင်းမီးနဲ့ ကြည့်ဖို့ဖြစ်လာမှာပါဆရာ။
အခုတော့ ရှင်က
ဝန်တိုတက်တဲ့ ဇနီးသည် ယောက်ျားအား အမြဲတမ်းမယုံသင်္ကာဖြစ်ပြီး ကုတ်အင်္ကျီပေါ်မှာ ဆံပင်တွေ့တာနဲ့ အကြီးအကျယ် ရန်ဖြစ်လေ့ရှိ၏။ တစ်ညတော့ ယောက်ျားဖြစ်သူရဲ့ ကုတ်အင်္ကျီပေါ်မှာ ဆံပင်ရှာမတွေ့တော့ အလွန်စိတ်ထိခိုက်ပြီး ငိုကြွေးလေတော့၏။
ဘာကြောင့်ငိုနေတာလဲကွာလို့ ယောက်ျားကမေးသောအခါ။ သူမပြန်ပြောလိုက်တာကတော့..
အခုတော့ ရှင်က ဆံပင်မပါတဲ့ ကတုံးမတွေနဲ့တောင် ဖြစ်နေပေါ့ကိုး....... ဟူ၏။
လိုသေးတယ်
အဖေက အလွန်ပျင်းရိတဲ့ သူ့သားကို...
သားရေ.. ခလုပ်လေးနှိပ်လိုက်တာနဲ့ မင်းလိုချင်တာ ရစေနိုင်တဲ့ စက်လေး အဖေယူ လာခဲ့တယ်။
သား။ ။ ဒါပေမဲ့ အဖေ၊ ခလုပ်ကို ဘယ်သူနှိပ်မှာလဲ။
www.thettantvillage.com

No comments:
Post a Comment