မှတ်သားစရာလေးတွေပါ

(1) ***A men should not sleep on sick till he has walked***
     လူတယောက်သည်သဲလမ်းပေါ်မလျှောက်ဘူးသရွေ့ပိုးထည်ပေါ်အရင်မအိပ်သင့်ပေ...

(2)***Rice miser is poorer than and poorer than and apoor men***

 ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသောသူထက်ပိုဆင်းရဲသည်....

(3)***Never underestimate the power of forgiveness***

ခွင့်လွတ်ခြင်းရဲ့စွမ်းအားကိုဘယ်တော့မှအထင်မသေးပါနှင့်.....

(4)***A men isn't poor,If he can still laugh***

လူတစ်ဦးသည် ရယ်မော်နိုင်သရွေ့  မဆင်းရဲသေးပါ.....

(5)***Success comes in cans; not in can' t ***

အောင်မြင်မှုသည်လုပ်နိုင်သူများအတွက်သာဖြစ်သည်မလုပ်နိုင်သူအတွက်မဟုတ်.....

(6)***No burden is too heavy; If it is carried with love***

မေတ္တာဖြင့်သယ်ပိုးမည်ဆိုလျှင် မည်သည့်ဝန်ထုတ်ဝန်ပိုးမျှ မလေးလံပါ...

(7)***Don't be afraid of moving slowing; By afraid  standingof

still***

နှေးနှေးကွေးကွေးရွေ့လျားခြင်းကိုမစိုးရိမ်ပါနှင့်   မရွေးမလျားပဲနေခြင်းကိုစိုးရိမ်ပါ..

(8)***U don't know where u are going ; If  u are always looking back***

သင်သည်နောက်သို့တချိန်လုံးပြန်ကြည့်လှည့်ကြည့်နေလျှင် သင်သွားနေသည့်ခရီးကိုမသိနိုင်ပါ....

(9)***Happiness is found a long the way; not at the end of the Journey***

ပျော်ရွှင်မှုကိုလမ်းခရီးတလျှောက်တွင်တွေ့ရသည်။ ခရီးအဆုံးတွင်တွေ့ရသည်

်မဟုတ်...

(10)***Even if  u are on the right track; U will get run over if u just sit there***

သင်လမ်းမှန်နေသည်ဖြစ်စေ ထိုနေရာတွင်သာ ထိုင်နေပါကကားတက်ကြိတ်ခြင်း

ခံရလိမ့်မည်...

(11)***U can give without loving; but u can't love without giving***

သင်သည်မေတ္တာမထားဘဲပေးကမ်းနိုင်သည် မပေးကမ်းဘဲ မေတ္တာမထားနိုင်...

(12)***The time of failure is the best time for sowing the seeds of success***

ကျရှုံးနေသည့်အချိန်သည် အောင်မြင်မှုမျိုးစေ့ စိုက်ပျိုးရန်အကောင်းဆုံး

အချိန်ဖြစ်သည်....

(13)***Wear smile and have many friends ; Wear a frown and have wrinkles***

ပြုံးရယ်ခြင်းဖြင့်မိတ်ဆွေပွားပါ...မျက်မှောင်ကျုံ့ခြင်းဖြင့်ပါးရေတွန့်များတိုးပွားစေပါသည်......

(14)***When U shoot the arrow of truth ,just dip it's point in honey***

အမှန်တရားတည်းဟူသောမြားတံကိုပစ် သောအခါ မြားထိပ်ကိုပထမဦးစွာပျားရည်ထဲနှစ်ပါ.....

(15)***A candle by consuming itself, give light to others****

ဖယောင်းတိုင်မီးသည်  မိမိကိုယ်မိမိ လောင်ကျွမ်းခြင်းဖြင့် အခြားသူတို့အားအလင်းရောင်ပေးသည်....
mail မှတဆင့်





ဝန်ခံချက်။။။။။။အလုပ်မှရိုးသားဖြူစင်သောညီမလေးတယောက်မေးလ်ပို့ပေးခြင်းဖြစ်ပါသည်......

                       အချို့အင်္ဂလိပ် စာလုံးများမှန်ကန်မှုမရှိပါက  ပြင်ဆင်ဖတ်ရှုရန်တောင်းပန်ပါသည်....

                       မူရင်းအတိုင်း ဖြန့်ဝေခြင်းဖြစ်ပါသည်......

                     

                        ကိုယ်ကိုကိုယ်...အားပေးရင်း...ဝေမျှလိုက်ခြင်းဖြစ်ပါသည်...



အားလုံးကိုလေးစားလျှက်

ဇီဇ၀ါ

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com