အပိုင်း (၁)တိုးတက်လာတဲ့ အခြေအနေတွေထဲမှာအင်တာနက်ဆိုတာလဲပါလာခဲ့တာဆိုတော့ခေတ်ရဲ့ရေစီးထဲက ကျနော်အင်တာနက်ချစ်သူဆိုတာနဲ့ကြုံတွေ့ခဲ့တာမဆန်းပါဘူးလေ။။"တိမ်လွှာ
ရွေပြီး ကလေးတစ်ယောက်လိုဆိုးနွဲ့တတ်တာတွေကကျနော့်ကို စွဲလမ်းမှုတွေ တိုးသထက်
တိုးလာစေတာပေါ့။။ခင်မင်တွေကို မမြင်မစမ်းစိုက်ပျိုးရင်းသူ့အသံချိုချိုလေးကိုလည်း
ကြားခွင့်ရခဲ့တယ်လေ။။ဒီလိုနဲ့တစ်နေ့ သူလိုင်းပေါ်တက်လာမယ်လို့ပြောထားတဲ့အချိန်မှာ
အိပ်ရေးမဝသေးရင်ခေါင်းရင်းက ဆင်လာအော်တောင်မနိုးတဲ့ကျနော်အိပ်ယာထနောက်
ကျပြီး သူ့ကို ချိန်းထားတဲ့အချိန်ထက် ၃ နာရီခွဲလောက်ပိုစောင့်စေခဲ့မိတယ်လေ။။
နိုးလာတော့ ကျနော် အကောင့်ကိုဖွင့်လိုက်တဲ့အချိန်တုန်တုန်တုန်ဆိုတဲ့အသံတွေစီတက်
လာတဲ့ထိသူ့ဒေါသသံလေးတွေပေါ်ထွက်လာတာပေါ့။။ ကျနော် တော်တော်လေးချော့
မော့ပြောတော့မှ သူစိတ်နည်းနည်းပြေသွားတယ်။။ခဏငြိမ်သွားပြီးမှ သူ့အသံတိုးတိုးလေး
ကြားလိုက်ရတယ်။။
..........ရှင့်ကိုမြင်ဖူးချင်လိုက်တာ...........တဲ့။။
ကျနော်အရမ်းပျော်သွားတယ်။။ ဘာလို့ဆိုတော့အဲဒါကျနော်အရမ်းတောင့်တနေတဲ့အခွင့်
အရေးလေ။။နှမချင်းမစာနာ အခွင့်အရေးယူတဲ့သူလို့ ထင်သွားမှာစိုးတဲ့စိတ်နဲ့ မတောင်း
ဆိုရဲခဲ့တဲ့ အခွင့်အရေးပေါ့။။
.........စုစု ဒါဆို ကိုယ်တို့ ဗွီဇက်အိုပြောမယ်လေ.........
........ အဲလိုပြောရင် ရှင် ညီမကိုအထင်သေးမှာလား..........
........အာ အဲလိုထင်မယ်ဆိုရင်တော့ ကိုယ်မပြောတော့ဘူးနော်
လူတစ်ယောက်နဲ့ တခြားတစ်ယောက်ခင်မင်ခြင်းမှာ ဘာလို့
မလိုတာတွေပါလာရတာလဲ..........
......... အင်း အထင်မသေးဘူးဆိုရင် ဒီအကောင့်ကိုခေါ်လိုက်နော်
အဲဒါ ညီမ အကောင့်..........
မှန်တာပြောရင်ကျနော်အရမ်းကိုပျော်သွားတာလေ။။ ကိုယ့်ကိုသူအထင်လွဲမှာစိုးစိတ်နဲ့ မတောင်းဆိုရဲခဲ့တာခုတော့ သူ့မျက်နှာ ချောလှလှကို ကျနော်မြင်တွေ့ခွင့်ရခဲ့ပြီလေ။။ သူအရမ်းမလှပါဘူး။။ဒါမယ့်အရမ်းချစ်စရာကောင်းတယ်။။ မျက်နှာလေးကအပြစ်ကင်းသလို အသံလေးကလဲ ချိုအေးအေးနဲ့ ခဏခဏစိတ်ကောက်တတ်တဲ့ ကလေးဆန်သူလေးပေါ့။။
အဲလို အဖြူရောင်နေ့ရက်တွေကို သူနဲ့ကျနော် အတူဖြတ်သန်းခဲ့ကြတာ အချိန် ၆ လ
နီးပါးကြာသွားခဲ့တာလေ။။ သူ့မျက်နှာနဲ့ အသံလေးရဲ့စိုးမိုးမှုအောက် ကျနော်လေ မှန်တာပြော သူဌေးဖြစ်ရစေရဲ့ ထမင်းဟင်းတောင်မေ့တဲ့ထိ ကျရှုံးခဲ့ရတာပါ။။။။။
အပိုင်း (၂)
သူကသင်တန်းတစ်ခုကိုတက်ရင်း ကျနော့်ဆီလာပြောနေတာဆိုတော့ သင်တန်းချိန်ပြင်ပ အချိန်တော်တော်များများကို သူလိုတဲ့စာတွေအင်တာနက်မှာရှာရင်း ကျနော်နဲ့ပြောဖြစ်
ကြတာလေ။။ကျနော်သူ့ကို အရမ်းစွဲစွဲနစ်နစ် ချစ်နေပြီဆိုတာ ကိုယ့်ဘာသာသိပေမယ့် သူညိုညင်သွားမှာစိုးစိတ်နဲ့မပြောရဲခဲ့ပါဘူး။။ဒါမယ့် သူ့ရဲ့ဟန်ပန်လေးတွေမှာလဲ ကျနော်
သူ့ရင်ထဲအတိုင်းအတာတစ်ခုထိဝင်ရောက်နေပြီဆိုတာ သူမပြောပဲသိစေတဲ့ထိပေါ်လွင်
နေတာလေ။။ ကျနော်ချစ်တာကိုလဲသူသိတယ်။။သူချစ်တာကိုလဲကျနော်သိနေတယ်။။
ဒါမယ့်ကျနော်ကတော့ ပြောကိုမပြောရဲခဲ့တာပါ။။ဒီလိုနဲ့ တစ်လလောက်ထပ်ကြာသွားပြီးတဲ့ စနေနေ့လေးတစ်ခုမှတ်မှတ်ရရ နေ့လည်နှစ်နာရီလောက်မှာသူကဒီလိုမေးလာခဲ့တယ်။။
.....ရှင်ယုံကြည်တဲ့ အချစ်ဆိုတာဘာလဲ.......
.....သိဝူးလေ....
ကျနော်တကယ်ကိုမသိလို့ မသိဘူးလို့ပဲဖြေခဲ့တာပါ။။ ဟုတ်တယ်လေ အချစ်ကိုဘယ်ပညာ
ရှင်ကဥပဒေသတွေထုတ်သွားခဲ့ကြလို့လည်း။။ ဘယ်သူမှမထုတ်တော့ ကျနော်လဲမသိဘူး
ပေါ့။။။အဲတော့သူက
.....ဒါဆို ရှင် အွန်လိုင်းအချစ်ဆိုတာကိုရောယုံလား.......တဲ့။။
ကျနော် ရင်ထဲရှိတဲ့အတိုင်းပဲဖြေလိုက်တယ်လေ။။။
..... ကိုယ်တစ်ဝက်တိတိ ယုံတယ်ညီမ...........
သူခဏငြိမ်သွားတယ်။။တစ်ခုခုကိုစဉ်းစားနေတာဖြစ်မယ်။။သူ့မျက်လုံးလေးတွေတစ်နေရာ
ကိုငေးစိုက်ကြည့်နေတာမြင်နေရတယ်လေ။။ပြီးတော့မှ
....... ရှင် အင်တာနက်ကိုရော ဘယ်လိုမြင်လဲ......
တစ်ခါမှ မပြောဖူးတာတွေ မမေးဖူးတာတွေ ထူးထူးခြားခြားမေးနေတော့ ကျနော်နည်းနည်း
တင်းသွားတယ်။။
ကျနော်က တခါတလေ ဘာမှန်းမသိစိတ်တိုတတ်တဲ့ကောင်လေ။။စိတ်တိုလွယ်တယ်လို့
ပြောရမှာပေါ့။။
........ကိုယ် ယုံကြည်တဲ့ အင်တာနက်က မုသာဝါဒ
လေ့ကျင့်ရေးကွင်းမဟုတ်ဘူးညီမ..........
မာဆတ်ဆတ် ကျနော့်အသံကိုကြားတော့ သူပြုံးလာတယ်။။ပြီးတော့
......ဒါဆို ရှင်ဘာလို့ညာနေတာလဲ......တဲ့။။။
ဟမ် ခနဲနေအောင်ကျနော်ကြောင်သွားတယ်။။ပြောခဲ့တာတွေပြန်တွေးကြည့်တာလဲလိမ်တာ
ညာတာဘာမှမပါသေးဘူးလေ။။
......ကိုယ်ဘာညာလို့လဲ ညီမရ..........
..... ရှင် ညီမကိုချစ်နေရဲ့နဲ့ မပြောပဲညာနေတာလေ.........
......ဟမ်..........
ဒီတစ်ခါတော့ ကျနော်အူကြောင်ကြောင်ပါဖြစ်သွားတာပါ။။ဘာပြောရမှန်းလဲမသိတော့ဘူး။။
မှန်တာတော့မှန်တာပေါ့။။ဒါမယ့်တည့်ကြီးပြောလာတော့ ဘာပြောရမှန်းမသိတော့ဘူးလေ။
...... ညီမရှင့်ကို ချစ်နေတာလဲ ရှင်သိတယ် အဲဒါကိုလဲ
ရှင်မသိသလိုလုပ်ပြီးညာနေတယ်.......
.......အမ် ဟုတ်ဘူးလေ.....
......ဒါဆိုပြော ရှင် ညီမကိုမချစ်ဘူးလား.....
....... ဟာ ချစ်တာပေါ့.........
ဘာမှန်းကိုမသိပါဘူးဗျာ။။ အဲလို အူတိအူကြောင်နဲ့ပဲ သူနဲ့ကျနော်ချစ်သူတွေဖြစ်ခဲ့ကြတယ်
လေ။။ သူ့ကိုကျနော်အတော်ချစ်မိတာပါ။။ဒါမယ့် အွန်လိုင်းအချစ်ကို ကျနော်တစ်ဝက်ပဲ ယုံသလို သူ့အချစ်ကိုလဲ ကျနော်တစ်ဝက်တိတိပဲယုံပြီးချစ်ခဲ့တာပါ။။ ဗွီဇက်အိုကနေ မြင်
တွေ့နေရတဲ့ သူ့ရဲ့မျက်နှာလေးရယ် သူ့အသံလေးတွေရယ် တကယ်ကိုပျော်ရွှင်ခြင်းနေ့
တွေပေါ့။။ မှန်တာပြောမရှက်ပါဘူး။။ ကျနော် ကွန်ပျူတာရှေ့ ထိုင်နေရတာအားကြီးပျင်းတဲ့
ကောင်ပါ။။ သူကလဲ ဘယ်လောက်ထိ သည်းလဲဆို ကျနော့်မျက်နှာကိုထိုင်ကြည့်နေ
ချင်တယ်ဆိုပြီး ကွန်ပျူတာရှေ့မှာ တစ်နေ့ လေး ငါးနာရီ ထိုင်ခိုင်းတယ်ဗျ။။ ချစ်မိတော့လဲ
ဒီဒုက္ခကို ကျနော်ဒုက္ခလို့မမှတ်တော့ပါဘူးလေ။။ အဲလိုပျော်ရွှင်ခြင်းနေ့ရက်တွေ ၅ လကျော်လောက် ကြာမြင့်ခဲ့တာပါ။။
အပိုင်း (၃ )
သူအွန်လိုင်းကိုတက်မလာတာ ၁ ပတ်လောက်ရှိသွားပြီ။။ နေမကောင်းခဏခဏဖြစ်တတ်
တာဆိုတော့ သူနေမကောင်းများဖြစ်နေလား အရမ်းစိုးရိမ်နေမိတာလေ။။သူတက်လာတတ်
တဲ့အချိန်တွေတင်မကတော့ပဲခဏခဏ ကျနော်လိုင်းပေါ်တက်ကြည့်တယ် သူရောက်မလာ
ခဲ့ဘူး။။ထုံးစံအရ နောက်နေ့ မျှော်လင့်ချက်နဲ့အကောင့်ကိုဖွင့်လိုက်တဲ့အချိန် သူချန်ခဲ့တဲ့
စာလေး တုန်ခနဲတက်လာတယ်။။ဘာတဲ့။။
.......လမ်းခွဲကြရအောင်နော် စု ကြောက်လို့ပါ..........တဲ့။။။
ဘာကိုကြောက်ပြီးဘာကြောင့်လမ်းခွဲမလဲဆိုတာသိချင်ကြောင်းကျနော်စာချန်ထားခဲ့လိုက်
တယ်။။အဲဒီညက ကျနော်တကယ်အိပ်မပျော်ခဲ့ပါဘူး။။ တစ်ဝက်ပဲယုံတဲ့ အွန်လိုင်းအချစ်က ပိုးစိုးပက်စက်နှိပ်စက်ပြီလေ။။နောက်နေ့ ကျနော် ခဏခဏတက်ကြည့်နေတာ ညနေစောင်း
တော့ သူ့အကောင့်လေး စိမ်းလာတယ်။။ချက်ချင်းအနီရောင်ပြောင်းသွားတယ်။။ကျနော်စာ
ရိုက်ပြီးသူ့ကိုအကြောင်းပြချက်မေးတော့ သူက
.......... လမ်းခွဲကြမယ်နော်ကို ကို့ကိုရှင်းပြချင်တာတွေအများကြီးပဲ
ဒါမယ့် မရှင်းပြတော့ပါဘူးကို..........တဲ့။။
ပြီးတော့ ချက်ချင်းပဲ သူ့အကောင့်ကပုံလေးပြောင်းသွားတယ်။။သြော် သူကချစ်သူရှိပြီး
သားပါလား။။သူ့ချစ်သူနဲ့တွဲရိုက်ထားတဲ့ နှစ်ယောက်တွဲပုံလေးလေ။။သူနဲ့တွေ့ရင်ဆိုတဲ့ ကျနော့်စိတ်ကူးထဲကပုံရိပ်တွေ သူ့ဆီမှာက တခြားသူနဲ့တကယ်ကိုရှိနေခဲ့ပြီးသားကိုး။။ ကျနော်ဘာဆက်ပြောသင့်လဲ စဉ်းစားနေတုန်းမှာသူဆိုင်းအောက်လုပ်သွားခဲ့တယ်။။ကျနော့်
ရင်ထဲကပါသူအပြီးဆိုင်းအောက်လုပ်တာများလား။။ကျနော်ယုံကြည်တဲ့တစ်ဝက်တိတိပါ
ပျောက်ကွယ်သွားချင်အောင် သူလုပ်ရက်ခဲ့တာပဲ။။ သူလိုတဲ့အချိန် ဆိုင်းအင်လုပ် သူမလို
တော့ ဆိုင်းအောက်ပေးသြော် သူသတ်မှတ်သွားတာက ကျနော့်နှလုံးသားကို ဂျီတော့ သာသာလေးပါလားဗျာ။။။။။
အပိုင်း (၄)
တစ်ပတ်နီးပါးကြာတဲ့တစ်နေ့မှာ သူပြန်တက်လာပြန်တယ်လေ။။ ကျနော်သူ့ကိုစိတ်မနာ မမုန်းတီးပေမယ့် ဘာလို့သူကျနော့်ကို အဲလိုလုပ်တာလဲမေးခဲ့မိတယ်။။သူ ယူအက်ကိုထွက်
မယ်တဲ့။။ လိုအပ်ရင်အဲမှာ နိုင်ငံသားခံယူမယ်တဲ့။။အဲဒါကြောင့်ကျနော့်ကိုသူအဆက်ဖြတ်
တာပါတဲ့။။ ဟိုနေ့က သူတင်တဲ့ ပုံကလဲ သူနဲ့ခုလမ်းခွဲသွားပြီဖြစ်တဲ့ ရည်းစားဟောင်းရဲ့
ပုံတဲ့ဗျာ။။။ ကျနော့်ခေါင်းကို မိုးကြိုးထိသလို ခံစားလိုက်ရတယ်။။။ မြန်မာနိုင်ငံသူ ၊
ဗမာအမျိုးသမီးတစ်ယောက်က အဲလိုဆုံးဖြတ်တာ ကျနော်အရမ်းစိတ်ဆိုးတယ်လေ။။။
....... သြော် ညီမက အရွယ်တူ ကြယ်ဖြူ ၁၄ လုံးကိုပစ်ပယ်လို့ ကြယ်တွေ
ပိုများတဲ့ အလံကိုဦးညွတ်တော့မယ်ပေါ့ ဟုတ်လား........
........ လိုအပ်မှပါကို........
........သူ့နိုင်ငံတော်သီချင်းတီးလုံးနဲ့ သူတို့အလံကိုဦးညွတ်ပြီးညီမ
ကျမ်းသစ္စာကျိန်ဆိုချိန်မှာ ဘယ်လိုမှမခံစားရဘူးလားကို တို့ငယ်ငယ်ထဲက
ကမ္ဘာမကျေဆိုတဲ့ သီချင်းနဲ့ အကြိမ်ကြိမ်ဦးညွတ်ခဲ့ကြတဲ့အလံတော်နဲ့ နိုင်ငံမှာ
ညီမဘာလို့မနေချင်ရတာလဲ............
သူ ခဏငြိမ်သွားပြီး စဉ်းစားနေတယ်လေ ။။တအောင့်ကြာမှ သူဖြည်းဖြည်းဆက်ပြော
လာတယ်။။
......ညီမ နိုင်ငံခြားသင်တန်းတွေအပါအဝင် သင်တန်းတွေအများကြီး
တက်ခဲ့တယ်ကို အဲဒီတော့ ညီမ တတ်ထားတဲ့ ပညာနဲ့ ဒီမှာပေးတဲ့
လစာနှုန်းထားနဲ့ ညီမ မလုပ်နိုင်လို့ပါ...........
....... လာပြန်ပြီ ဦးနှောက်ယိုစီးမှုတစ်ခု စုရယ်အဲလို ဦးနှောက်
ယိုစီးမှု ၊လုပ်အားယိုစီးမှုတွေကြောင့်ကိုတို့နိုင်ငံတိုးတက်မှုနှေး
ကွေးနေတာကို စဉ်းစားဖို့ကျတော့ စု တတ်ထားတဲ့ပညာရပ်တွေက
မတတ်နိုင်တော့ဘူးလားဟင်.............
ကျနော် ခံပြင်းစိတ်နဲ့ပြောမိတာကို သူကလဲ ခပ်မာမာပဲပြန်ပြောလာတယ်။။ဒါမယ့်သူ့အသံ
မှာငိုသံပါနေတယ်လေ။။
..........ကိုရယ် မြန်မာနိုင်ငံမှာ ပညာရှင်တွေအတွက်ထိုက်တန်တဲ့
လစာနှုန်းထားမရှိဘူး တိုးတက်နိုင်မယ့်အနာဂတ်မရှိဘူးကိုရဲ့အဲဒါကို
ကို သိရဲ့လား.............
...........သိတာပေါ့ညီမရာ ကို သိပ်သိတာပေါ့လစာနည်းတယ်ဆိုပြီး
တတ်သိတဲ့ ပညာရှင်တွေအသက် ၂၀ နဲ့ ၄၀ ကြားလူရွယ်တွေပြည်ပထွက်
အလုပ်လုပ်တယ် အဲလို ဦးနှောက်ယိုစီးမှု၊လုပ်အားယိုစီးမှုတွေကြောင့်ကိုတို့
နိုင်ငံတိုးတက်မှုနှေးတယ်၊အဲလိုနှေးတဲ့အတွက် လုပ်အားခလဲ ထိုက်တန်အောင်
မပေးနိုင်၊မပေးနိုင်တော့ အပြင်ထွက် ဒီလိုပဲ သံသရာလည်နေတာလေ.........
....... မှန်တယ် ကို အဲဒီသံသရာကိုဖောက်ထွက်ဖို့အနစ်နာခံမယ့်
မျိုးဆက်တစ်ခုလိုအပ်တယ် ဒါပေမယ့် အဲဒီထဲမှာ ညီမ ပါချင်မှ
ပါနိုင်မယ် ကို ညီမမိဘတွေကိုတပြန်တလှည့် လုပ်ကျွေးဖို့ လိုအပ်
နေလို့ပါ.........
ကျနော် ဘာဆက်ပြောရမှန်းမသိတော့ပါဘူး။။ သူကြုံနေရတာကလည်းတကယ့်လက်တွေ့
ဘဝလေကျနော်က ကြီးကြီးကျယ်ကျယ်တွေလျောက်ပြောနေပေမယ့် သူကသာ ညီမမိဘ
တွေရဲ့ အိုစာ မင်းစာကို ကို လုံလောက်အောင်ထောက်ပံ့မလားလို့မေးလာရင် ကျနော်
ပါးစပ်ပိတ်ပြီပဲပေါ့။။ ကျနော်ကရော ဘာကောင်မို့လဲလေ။။ဒါမယ့်ကျနော် ကိုယ်ချစ်ခဲ့ဖူး
သူတစ်ယောက် သူများနိုင်ငံသားခံယူမှာကိုတော့ ခွင့်မပြုချင်ဘူးဗျာ။။ဒါကြောင့်
ဆက်တားမိတယ်။။
.......ညီမရယ် ညီမကြုံနေရတာက တကယ့်လက်တွေ့ဘဝတစ်ခု
ဆိုတော့ ကို ဘာမှမပြောလိုတော့ပါဘူး။။ ဒါမယ့်ညီမရာ နိုင်ငံသား
ခံယူမယ်ဆိုတာကိုတော့ ပြန်စဉ်းစားပေးပါ။။ ကိုတို့ ဆယ်တန်းတုန်းက
ဆရာဇော်ဂျီရဲ့ ကဗျာလေး ညီမမှတ်မိတယ်မလား..............
......မှတ်မိပါတယ်ကို အဲဒီကဗျာလေးကိုညီမအရမ်းနှစ်သက် ခဲ့တာပါ
သင်သေသွားသော်
သင်ဖွားသောမြေ
သင်၏ မြေသည်
အခြေကောင်းမြင့် ကျန်ကောင်းသင့်၏ ဆိုတဲ့အပိုဒ်နဲ့ကဗျာလေးလေ..............
..........ဟုတ်တယ်လေ ညီမ ခုဆို အချိန်တွေရွေ့လျားလို့
ကိုတို့ ခေတ်အခါကိုရောက်လာပြီလေ ညီမပြန်စဉ်းစားပါဦးနော်..........
ကျနော်နဲ့ သူစကားတွေအကြာကြီးပြောခဲ့ကြပြီး နောက်ဆုံးသူ ၅ နှစ်လောက် အလုပ်သွား
လုပ်ပြီးရင် ပြန်လာမယ်ဆိုတဲ့အကြောင်း သဘောတူချက်တစ်ရပ်ထွက်လာခဲ့တယ်။။ ကျနော့်ရဲ့ အမြင်ကျဉ်းတယ်ပဲဆိုဆို ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကြီးကို မကျေနပ်
ဘူးဗျာ။။ သူ့ကြောင့်ပဲမြန်မာ့ သမီးပျိုတွေ အတုမခိုးသင့်တာအတုခိုးပြီး ခုဆို လမ်းပေါ်
လူမြင်ကွင်းမှာ နှုတ်ခမ်းချင်းလဲ နမ်းရဲနေကြပြီ။။ ခြေမျက်စိပေါ်ရင်တောင် အရှက်ကြီးတဲ့
မြန်မာ့သမီးပျိုတွေ ခုဆို မချုပ်ပဲပတ်ထားတာလားမသိတော့လောက်အောင် နေရာ
ပေါင်းစုံကခွဲဝတ်နေကြပြီ။။သူ့ကြောင့်ပဲ သူများယဉ်ကျေးမှုရဲ့စိုးမိုးမှုခံရပြီး ဝယ်လို ဝတ်လို စားလို စိတ်တွေကြောင့် စာရိတ္တ တွေချို့ပျက်လာကြပြီ။။။သူ့ကြောင့်ပဲ မြန်မာ့ဦးနှောက်
၊မြန်မာ့ လုပ်အားနဲ့ တခြားနိုင်ငံတွေတိုးတက်လာချိန်မှာမြန်မာပြည်က ငုတ်တုပ်
ကျန်နေခဲ့ရပြိ။။ခုကျတော့ ကျနော်နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ချစ်သူက သူများနိုင်ငံရဲ့
နိုင်ငံသားအဖြစ်တောင်ခံယူမယ်ဆိုတော့ တော်တော်ကိုမကျေနပ်ဖြစ်မိခဲ့တာပါ။။ခုတော့လဲ
ချစ်သူနောက်ဆုံးပြောသွားတဲ့ စကားလေးလက်ကိုင်ထားရင်း ချစ်သူ့ကိုပဲ လွမ်းနေရတော့
မှာပဲလေ။။အပြင်မှာမမြင်မတွေ့ခဲ့ရပေမယ့် ရင်ထဲထိတော့ စွဲစွဲနစ်နစ်ချစ်ခဲ့မိတာပါ။။ ကျနော်
အားမလျော့ဘူးဗျာ။။သူပြောခဲ့တဲ့စကားကို တစ်ဝက်တိတိယုံကြည်နေရင်း စောင့်စားနေ
ရဦးမှာပေါ့။။
..........ကိုရေ ညီမ ချစ်တာကို ကိုကတစ်ဝက်တိတိယုံတယ်
ကိုချစ်တာကိုလဲ ညီမက တစ်ဝက်တိတိယုံတယ် ညီမပြန်ရောက်
လာလို့ လက်ထပ်ဖြစ်တဲ့နေ့ကိုရောက်ရင်တော့ ညီမတို့
အပြည့်ယုံကြည်လိုက်ကြတာပေါ့နော်
ကို့ကို အရမ်းချစ်တယ် ကိုရယ်...............................တဲ့။။
လေးစားလျက်
အလင်းသစ်
1.4.2011
နဂါးသူရဲကောင်းများ" ဆိုတဲ့ တရုတ်သိုင်းကားထဲကလို အိမ်မက်ချစ်သူဆိုတာမျိုးကျနော်လဲအင်တာနက်ချစ်သူဆိုတာကို စွဲလမ်းရူးသွပ်ခဲ့ဖူးတာပါ။။မထင်မှတ်ပဲကောင်မလေးတစ်ယောက်နဲ့ဂျီတော့မှာ ရင်းနှီးခင်မင်ခွင့်ရခဲ့တာကစတဲ့ဇာတ်လမ်းလေးပေါ့။။ သူလာတတ်တဲ့အချိန်လေးတွေကိုမျှော်လင့်စောင့်စားရင်း သူ့ရဲ့
ကလေးဆန်ဆန်အမူအရာလေးတွေထဲမသိသားဆိုးရွားစွာ ကျဆုံးခဲ့ရတာကျနော်လေ။။
သူ့နာမည်က စုစုတဲ့။။ ရန်ကုန်မြို့ရဲ့ ခေတ်သမီးပျိုလေးတစ်ယောက်ပီပီ သူကပွင့်လင်းဖော်ဆက်လက်ဖတ်လိုပါကကလေးဆန်ဆန်အမူအရာလေးတွေထဲမသိသားဆိုးရွားစွာ ကျဆုံးခဲ့ရတာကျနော်လေ။။

No comments:
Post a Comment