ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး (အပိုင်း-1)

ဤစာသည် Paul P. Parker ရေးတဲ့Develop Your Powers of Persuasion ကို မောင်ပေါ်ထွန်းကပြန်ဆိုထားသောစာအုပ်မှ ဖြစ်ပါသည်။အဲဒီထဲက သင့်နိုးရာရာ အခန်းများကို ရွှေးချယ် ကာရေးတင်လိုက်ပါသည်။ဤစာကို ဖတ်၍စာဖတ်သူသည် “မလွဲမသွေကြီးပွားတိုးတက်ရမည်” ဟု အာမခံချက်မပေးလိုပါ။ “ကြီးပွားတိုးတက်လိုစိတ်တော့ မုချဖြစ်ပေါ်ကြီးထွားလာနိုင်သည်”
ဟု လေးလေးနက်နက် ယုံကြည်ပါသည်။
             သို့ ဆိုရလျှင်မဖတ်ရသေးတဲ့ သူများအဖိုကျနော့်ဘလော့ပေါ်ရေးတင်ရကျိုးနပ်ပါပြီ။
 
(1)ကိုယ်စွမ်းကိုယ်စ ဖော်ထုတ်
ကျွနိုပ်တို့ အများစုသည် နေ့ စဉ် လုပ်နေကျ သမားရိုးကျ အလုပ်များဖြင့်လက်မလည်အောင်
ဖြစ်နေကြသည်။ထို့ ကြောင့်ပင် မိမိတို့ ၏ကိုယ်စကိုယ်စွမ်းကို မမြင်နိုင်ကြခြင်းဖြစ်သည်။စင်စစ်ကျွှနိုပ်တို့ သည်မိမိတို့ ၏ကိုယ်စွမ်းကိုယ်စကိုအသစ်ထပ်ဖြည့်စရာ မလို။ကျွနိုပ်တို့ ၏အတွင်းသန္တာန်၌ ကိန်းအောင်းနေသော၊မြုပ်နေသော ကိုယ်စကိုယ်စွမ်းတွေ တစ်ပုံတစ်ပင်ကြီးရှိနေပြီ ဖြစ်သည်။ထို့် ကြောင့် ကျွနိုပ်တို့ ၏အဓိကတာဝန်မှာ မိမိတို့ ၏ကိုယ်စွမ်းကိုယ်စကို အမြဲဖော်ထုတ်ရန်သာဖြစ်သည်။သို့ သော်လည်းလူနည်းစုသာလျှင်၎င်းကိုဖော်ထုတ်နိုင်ကြသည်။
အသုံးချနိုင်ကြသည်။အများစုမှာ ကိုယ်စကိုယ်စွမ်းကို ဘယ်တော့မှ မဖော်ထုတ်ဘဲ တသက်လုံးရေမျော ကမ်းတင်ဘ၀ဖြင့်သာနေသွားကြသည်။ကိုယ်စွမ်းကိုယ်စကိုယ် ဖော်ထုတ်သောသူများမှာလည်းရာနှုန်းပြည့်ဖော်ထုတ်နိုင်ခြင်းမ
ရှိကြ။အလွန်ဆုံးမှ 25-30 ရာခိုက်နှုန်းလောက်သာ ဖော်ထုပ်နိုင်ကြသည်။ဤအချက်ကို သုတေသန စစ်
တမ်းများအရ သိရှိရခြင်းဖြစ်သည်။ပို၍ထင်ရှားအောင် ဥပမာဖြင့် ပြောရရင် စိတ်ကူးဖြင့် နံရံကပ် သင်ပုန်းကြီး တစ်ခု ဖန်းဆင်းလိုက်ပါ။ ထိုသင်ပုန်းကြီးပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပါ။စက်ဝိုင်းအလယ်ဗဟိုတွင်အစကလေးတစ်စက်ရေးလိုက်ပါ။စက်ဝိုင်း၏ ပတ်ပတ်လည် မျဉ်းကို ကျွနိုပ်တို့ ၏
အောင်မြင်မှုအခွင့်လမ်းများဟူ၍မှတ်ပါ။သို့ဆိုလျှင်စက်ဝိုင်း၏အလယ်ဗဟိုအစက်လေးမှနေ၍ အောင်မြင်မှုအခွင့်လမ်းများရှိရာ ပတ်ပတ်လည်မျဉ်းဆီသို့ ကျွနိုပ်တို့ ထွက်ခွာကြမည်။
        ကိုင်း……..ထွက်ခွာလာခဲ့ကြပြီဆိုပါစို့ ။
        ယင်းသို့ ထွက်လာရာတွင် ကျွနိုပ်တို့ သည် 20 ရာခိုင်နှုန်း အကွာဝေးသို့ ရောက်သောအခါစိတ်ပျက် လက်လျှောပြီး မူလနေရာသို့ ပြန်လာခဲ့ကြသည်။မိမိတို့ အတွက်
တိုးတက်အောင်မြင်မှုမရခဲ့ကြ။နောက်တစ်ဖန် တနည်းနည်းဖြင့် စိတ်အားထက်သန်လာပြီးထိုခရီးကိုထပ်မံထွက်ခွာပြန်သည်။ဤတစ်ကြိမ်တွင် ဗဟိုအစက်လေးနှင့် ပတ်လည်မျဉ်းတို့ ၏အကွာအဝေးအကြား 35 ရာခိုင်နှုန်းသို့  ရောက်သောအခါ မမျော်လင့်သော အခက်ခဲကြောင့် စိတ်ပျက်အားလျှောပြီး လက်မြှောက်အရှုံးပေးကာမူလနေရာသိုပင်တပ်ခေါက်၍ပြန်လာခဲ့ကြသည်။ဤဖြစ်ရပ်မျိုးကို ယနေ့လူများစုကြီးအကြိမ်ကြိမ်ကြုံတွေ့ နေကြရသည်။
            လူများစုကြီးသည်အလုပ်တစ်ခုခုကိုစတင်လုပ်ကိုင်ကြသည်။လခစားအလုပ်လည်းဖြစ်ချင်ဖြစ်မယ်။ကိုယ်ပိုင်အလုပ်လည်း ဖြစ်ချင်ဖြစ်မည်။သို့ သော် သူတို့ သည်ယင်းအလုပ်ကို တာရှည်မလုပ်ကြ၊ဆက်မလုပ်ကြ။တစ်လသာလုပ်ကြသည်။တစ်နှစ်သာလုပ်ကြသည်။အကြောင်းတခုခုပြပြီးအလုပ်မှနူတ်ထွက်လိုက်ကြသည်။သို့ မဟုတ် အလုပ်ကို ရပ်စဲလိုက်ကြသည်။
            ထို့ကြောင်သူတို့သည်အောင်မြင်မှုမရခင် အရှုံးနှင့်သာ ရ့င်ဆိုင်ကြရသည်။အဆိုပါ အလုပ်များက ပေးစွမ်းနိုင်သည့် အခွင့်အလမ်းများ၊သင်တန်းများနှင့် အတွေအကြုံဗဟုသုတများ
ကိုလက်လွှတ်ဆုံးရှုံးကြရသည်။လူများစုသည်အောင်မြင်မှုကိုဘယ်တော့မှမရရှိကြ။ပန်းတိုင်သိုဘယ်တော့မှမရောက်နိုင်ကြ။သူတို့ သည်အမြဲတမ်းမူလနေရာ၌သာရှိနေကြသည်။သူတိုသည်အလုပ်တခုပြီးတစ်ခုပြောင်းနေကြသည်။သူတို့ ကို အလုပ်မျောက်လွှဲများ ဟုကင်ပွန်းတတ်နိုင်သည်။သူတိုသည်အနာဂတ်အလားလာကောင်းသော ပထမအလုပ်ကို စွန်းလွှတ်ပြီး လောလောဆည်ပိုက်ဆံအ
နည်းငယ်ပိုရသော အလုပ်ကို ပြောင်းလုပ်ကြသည်။သူတို့ ဤဘာကြောင့်လုပ်ကြသနည်။အဖြေကရှင်းရှင်းလေးဖြစ်သည်။သူတို့ယင်းသို့လုပ်ကြသည်မှာကိုယ့်အကြောင်းကိုမသိသော
ကြောင့်ဖြစ်သည်။မိမိတို့ ၏ကိုယ်စွမ်းကိုယ်စကို မသိသောကြောင့်ဖြစ်သည်။ကိုယ့်ကိုယ်ကို စိတ်ချခြင်း၊ ယုံကြည်
ခြင်း၊ လေးစားခြင်း မရှိသောကြောင့်ဖြစ်သည်။
            လူ့ ဘ၀တွင် တက်လမ်း သို့ မဟုတ်အောင်မြင်မှုလမ်းသည်အမြဲတမ်းရှည်လျားသည်။အမြဲ
တမ်း မတ်စောက်သည်။ အမြဲတမ်းခက်ခဲသည်။ထိုလမ်းကို ကိုယ့်အတွက် သူတစ်ပါးက တက်ပေး၍မရ၊ကိုယ်တိုင်တက်မှ ကိုယ်တိုင်ရမည်။
            စိတ်ရှည်မှု၊ အာရုံစိုက်မှု၊ အားထုပ်မှုတို့ သည်သာလျှင်အောင်မြင်မှုကို ပေးစွမ်းနိုင်
ကြသည်။ဤသဘောကို ကမ္ဘာဘာသာကြီးတိုင်း၏ ကျမ်းစာများတွင် သက်သေသာဓက ပေါင်းများစွာ
ဖြင့်ဖော်ပြထားကြသည်။လူတစ်ယောက်၏ အောင်မြင်မှု ဆုံးရှုံးမှုသည် ထိုသူ၏ စိတ်အာရုံကျက်စားမှု
အခြေအနေပေါ်တွင် အများကြီးတည်သည်။ထိုသူသည် သေးသိမ်နေသော အရာများတွင်သာ စိတ်
အာရုံကျက်စားလျှင်သူ့ ဘ၀အခြေအနေသည် သေးသိမ်နေလိမ့်မည်သာ ဖြစ်သည်။ ကြီးကျယ်သော
အရာများတွင်သာ စိတ်အာရုံ ကျက်စားလျှင် သူ့ ဘ၀အခြေအနေသည် ကြီးကျယ်လာမည်သာဖြစ်
သည်။ကျွနိုပ်တို့ စိတ်ကူးတွေးတောကြသည်။ကျွနိုပ်တို့ ၏စိတ်ကူးတွေးတောမှုများ အတိုင်းပင် ကျွနိုပ်
တို့ ဖြစ်လာကြသည်။တချို့ က အလုပ်ခင်ကပင် အဖျက်ကို အလျင်တွေးကြသည်။တချို့ ကသူများ
လုပ်တာကို အအောင်မြင်နိုင်ပါဘူး ဟူ၍ ဖျက်ကြသည်။ သူတို့ သည် အခက်ခဲကို ဘယ်လို ကျော်ဖြ
တ်မလဲဟူု နည်းလမ်းရှာ ကြံဆရမည့်အစား အစကတည်းက အရှုံးပေးလက်နက်ချနေပြီ ဖြစ်သည်။
သူတို့သည် ကိုယ်စွမ်းကိုယ်စကို သိလည်းမသိ အသုံးလည်းမချတတ်သူများ ဖြစ်သည်။
            ဟားဗစ်တက္ကသိုလ်မှ ပါမောက္ခ ၀ီလျံဂျီမ်း၏ အောက်ပါစကားကို နားထောင်ကြည့်ပါ။ကျွနိုပ်တို့ သည် ဖြစ်ထိုက်တာ၏တ၀က်သာဖြစ်နေကြသည်။ကျွနိုပ်တို့ ၏ရုပ်ပိုင်း     စိတ်ပိုင်းဆိုင်ရာ သယံဇာတတွေ အများကြီးအနက် အနည်းငယ်သော အစိတ်ပိုင်းကလေးကိုသာအသုံးချနေကြသည်။ ထို့ ကြောင့်လူသားတို့ သည် မိမိတို့ ဖြစ်နိုင်တာတွေနဲ အများကြီး ဝေးကွာနေရသည်။စင်စစ်အားဖြင့်လူသားတွင်အစွမ်းသတ္တိတွေအမျိုးမျိုး ရှိသည်။ သူသည် ထိုအစွမ်းသတ္တိကို အသုံးမချဘဲနေသည်။ထို့ ကြောင့် မိတ်ဆွေသည် မိ
မိ၏ အစွမ်းသတ္တိနှင့် အခွင့်အလမ်းများကို သိရှိပြီး ယင်းတို့ ကို ကောင်းစွာ အသုံးချတတ်လျှင် ဆွေမျိုးသားချင်းများနှင့် အပေါင်းအများကအံ့သြရလောက်အောင်တိုးတက်အောင်မြင်လာမည်မှာ သေချာသည်။ ဆပ်ကပ်ထဲတွင် လူသေးသေးကလေးက တုတ်သေးသေးလေးကိုင်ပြီး ဧရာမဆင်ကြီးကို အမျိုးမျိုးစေခိုင်းသည်။အကယ်၍ ထိုဆင်ကြီးသည် သူ့ တွင်ရှိသောစွမ်းအားဟူသမျှကိုသာ အသုံးချမည်ဆိုလျှင် ဆပ်ကပ်တစ်ရုံလုံးကို သာမက တစ်မြို့ လုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်ကျွနိုပ်တို့ သည်လည်းဒီအတိုင်းပင်ဖြစ်သည်။ ကျွနိုပ်တို့ သည် ကိုယ့်မှာရှိသော စွမ်းအားဟူသမျှကို အသုံးချပြီး ဘ၀၏အောင်မြင်မှုကို အရယူနိုင်ကြသည်။ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို ပြောပြပါမည်။အမေရိကနိုင်ငံ မက်ဆာဆက်ပြည်နယ် ဟင်ဂင်မြို့ တွင်လက်သမား လူပျင်းတစ်ယောက်ရှိခဲ့သည်။သူက ဘာမှမလုပ်၊ မိန်းမက အ၀တ်တွေ လျှော်ပြီး လင်ကိုရော ကလေးတွေပါ လုပ်ကျွေးနေတယ်။တစ်နေ့ တွင်အဆိုပါလက်သမားသည် အိမ်နားက စမ်းချောင်းဘေးကလေးတွင် ထိုင်ကာ ထင်းရှူးကိုင်းအတိုအစလေးများကို မောင်းချဓားဖြင့် လှီးချနေသည်။ထိုစဉ် အိမ်နီးချင်းတစ်ယောက်က ခရီးဟန်လွှဲဖြင့်
လက်သမားအား မေးသည်။
                “ဘာတွေလုပ်နေလဲဗျာ”
                “သြော်…..ကလေးတွေ ကစားဖို့ သစ်သားပုတီးကုံးကလေး လုပ်တာပါ”
“ဒါဆို..တစ်လက်စနဲ့  တခြားကလေးတွေကစားစရာတွေပါ လုပ်ပါလားဗျ။
ဒါတွေလုပ်ရောင်းရင် အလုပ်လည်းရ၊ စီးပွားလည်း ဖြစ်နိုင်တာပေါ့”
            ‘ဘယ်လိုဟာတွေ လုပ်ရမလဲ’
            ‘ခင်ဗျားကလေးတွေ မေးကြည့်ပေါ့’
ဤသို့ ဖြင့် လက်သမားသည် နောက်တစ်နေ့ မနက်တွင် သူ့ ကလေးတွေကို မေးကြည့်သည်။ကလေးတွေက အမျိုးမျိုး ဖြေကြသည်။သမီးကလေးက ရထားကလေး၊ စားပွဲကလေး၊ ကုလားထိုင်လေးနှင့်အလှပြင်ခုံကလေးတွေကိုလိုချင်သည်။သားကလေးကလှည်းကလေးနှင့်တခြားသူလိုချင်တာတွေကိုအစုံပြောတယ်။သည့်နောက်တွင် လက်သမားသည် ထင်းရှူးကိုင်းကလေးများဖြင့် ကလေးကစား
စရာမျိုးစုံကို မနားမနေ လုပ်တော့သည်။တိုတိုပြောရရင် နောက်နှစ်အနည်းငယ်ကြာသောအခါ ထိုလက်သမားသည် နယူးအင်္ဂလန်ပြည်နယ်တွင်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့သည်။ဤသည်မှာ လူတစ်ယောက်အနေဖြင့် အိုးမကွာ အိမ်မကွာနေထိုင်ရင်းကိုယ်အစွမ်းစကိုအသုံးချခြင်း
ဖြင့်ကြီးပွားတိုးတက်လာသည့်အကောင်းဆုံးသော သာဓက ပင်ဖြစ်သည်။ကြီးပွားခြင်လျှင်လက်ရှိပတ်ဝန်းကျင်၊လက်ရှိနေအိမ်၊လက်ရှိလုပ်ငန်းတွေကို စွန်းခွာပြီးတခြားတပါးဆီကို ထွက်သွားစရာမလိုပါ.။ မိတ်ဆွေ၏ လက်ထဲတွင်ပင်ရှိသည်။
သို့ သော် ကြီးပွားလမ်းအခွင့်အခါကို မယူတတ်လျှင်ယူရန် နှောင့်နှေးကြန် ကြာနေလျှင်တော့ လက်ကြားထဲက ရေယိုသလို ယိုကျသွားတတ်သည်ကို ကြပ်ကြပ်သတိထားပါ။
များသောအားဖြင့် ကြန့်ကြာနှောက့်နှေးမှုသည် အောင်မြင်မှုကို ဖျက်ဆီးတတ်သည်။အဖိုးတန်ပစ္စည်းတစ်ခုကို အသုံးမပြုဘဲ သစပွဲအံဆွဲထဲ သိမ်းထားလျှင်ကြာတော့ အသုံးမချလိုက်ရဘဲနှင့် ဟောင်းနွမ်းပျက်ဆီးသွားတတ်သည်။ထို့ ကြောင့် အခွင့်အခါကို လက်မလွှတ်ပါစေနှင့်။ကိုယ်စွမ်းကိုယ်စကို ဖော်ထုပ်ပြီး ကြီးပွားလမ်းကို အမြန်ရှာပါ။အမြန်လျှောက်ပါ။ပန်းတိုင်ကို အမြန်ရောက်အောင် ချီတက်ပါ……………….. ဆက်လက်ဖော်ပြပါအုံးမည်…bronitun

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com