သူငယ်ချင်းဆိုတာ


ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘဝဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ်
အမြဲရှိလဲ...နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ
သူငယ်ချင်းဟောင်းတွေ လူလောက
ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။


သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ
ကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ
ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
*
သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။
*
သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။


အများဆီကသင့်ဘာများမျော်လင့်ထားပါသလဲ့....
အဲဒီအရာတွေကိုအများကိုပြန်ပေးလိုက်ပါ..
.ကိုယ့်အတွက်သူငယ်ချင်းကောင်းမရှိရင်တောင်သူများအတွက်ကောင်းအောင်ကြိုးစားပေးလိုက်ပါ


သူငယ်ချင်းဆိုတာ ဆွေမျိုးလည်းမဟုတ်၊ မောင်နှမလည်းမဟုတ်၊ မိသားစုဝင်လည်းမဟုတ်တဲ့
ကိုယ်ရဲ့အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။ သူငယ်ချင်း အစစ်အမှန်မျိုး ကိုယ့်ဘေးမှာ
ရှိနေရင်တောင် လက်လွှတ်ဆုံးရှုံးမသွားစေနဲ့နော်။ သင့်အနားမှာ သူအမြဲရှိနေတာကို
လိုလားနေလို့ ပဲလေ ။

ငါဒီလို သူငယ်ချင်းတစ်ယောက် မင်းအတွက်ဖြစ်ချင်ပါတယ်။ 
from..http://nayhtwehlaing.blogspot.com     

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com