(1)ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။
အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
(2)ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။
အဲဒီလိုပဲ ဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
(3)သင်စိတ်ညစ်နေတဲ့အခါမှာ ဘဝက သင့်ကိုရယ်တယ်။
သင်ပျော်ရွှင်နေတဲ့အခါမှာ ဘဝက သင့်ကို ပြုံးပြီးကြည့်တယ်။
သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့
ဘဝက သင့်ကို အလေးပြုတယ်။
(4) အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ်
ရှိဖူးပါတယ်။ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း
အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
(5)လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။
ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
(6) ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို
ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့
အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့
ရပါတယ်။
(7) ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ
မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း
စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
(8) အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို
မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က
ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို
ကွယ်ပစ်လိုက်ပါလိမ့်မယ်။
(9)မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ
ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို
ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို
ပြောင်းလဲသွားစေနိုင်ပါတယ်။
(10)သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။
ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
(11) အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့
နာကျင်ပင်ပန်းစေပါတယ်။ဒါပေမယ့် နှစ်တွေကြာလာလို့
အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့
သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့်
"အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
(12)ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
(13)အပူပေးခံထားရတဲ့ ရွှေတွေဟာ
အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။
ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့
ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။
ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း
ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘဝမှာ
နာကျင်မှုခံစားရမှုတွေ များလာလေ
သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။
အာလုံးကို ချစ်ခင်လေးစားစွာဖြင့်
အီးမေးမှ တဆင့် ပြန်လည် မျှဝေပါသည်။
ဘရိုနီထွန်း
စာရေးသူ အမည်မသိရသောကြောင့် ဤနေရာမှာတင်တောင်းပန်ပါသည်။
No comments:
Post a Comment