ဖတ်သင့်တာလေးတွေ

  (၁) အမြင့်ရောက်လို့အမြင်ကျယ်တာထက်...အမြင်ကျယ်ပြီးအမြင့်ရောက်တာ...ပိုကောင်းပါတယ်...
   (၂) ကောင်းတဲ့အလုပ်ကို...လုပ်ဖို့ဆိုရင်..ဘယ်တော့မှ...အချိန်နောက်မကျဘူး...
   (၃) လုပ်သင့်တာကို...မလုပ်မိရင်...မလုပ်သင့်တာတွေ..လုပ်မိသွားတတ်တယ်..
   (၄) အရာရာကိုအောင်မြင်ဖို့...မိမိရဲ့အရာရောက်မှုကို...မြှင့်တင်ပေးရမယ်...
   (၅) မေတ္တာပို့နေရုံနဲ့...မရဘူး..ရင်ထဲမှာမေတ္တာဓါတ်...အရင်ရှိအောင်လုပ်ပါ...
   (၆) ဖြစ်ချင်တာတွေ..ဦးစားပေးလွန်းလို့...ဖြစ်သင့်တာတွေဆုံးရှုံးခဲ့ပြီးပြီ..ဖြစ်သင့်တာကို..ဦးစားပေးမှ
        ဖြစ်ချင်တာတွေ..တဖြည်းဖြည်း..ဖြစ်လာမှာပါ...
   (၇) အခက်ခဲဆိုတာ..ဉာဏ်နည်းတဲ့သူတွေအတွက်..ဘဝတစ်ခုလုံးကျိုးပြတ်သွားနိုင်ပေမဲ့..ဉာဏ်ထက်တဲ့
         သူတွေတွက်တော့...တိုးတက်သွားနိုင်တဲ့..လှေခါးထစ်ဖြစ်တယ်...
   (၈) ဘာမဆို...ရှုပ်လို့ရှင်းရတာထက်...မရှုပ်အောင်နေတာ..အကောင်းဆုံးပဲ...
   (၉) စဉ်းစားတယ်ဆိုတာ..မသိသေးလို့ပါ...သိတဲ့သူက..မစဉ်းစားတော့ဘူး...
   (၁၀) အခြေအနေကပေးလာတဲ့...ဘဝအသိကို..အသုံးချနိုင်တဲ့..လက်တွေ ့အသိဖြစ်အောင်ကြိုးစားပါ..
   (၁၁) မသင့်တော်တဲ့..နေရာရောက်နေရင်တောင်..သင့်တော်တဲ့..ဘဝထဲကအသိနဲ့အကျင့်ကောင်းကို..
          လွှင့်မပစ်ပါနဲ့...
   (၁၂) ပညာဆိုတာကောင်းပေမဲ့...ပညာရှိချင်တာလား...ပညာပြချင်တာလား..ခွဲခြားသိပါ...
   (၁၃) ငယ်ငယ်တုန်းကထမင်းဝါးပြီးခွံ ့ကျွေးတာသိရဲ့နဲ့..ကြီးလာတော့မိဘတွေရဲ့..ပါးစပ်ကအစာကို..
           အန်ဖတ်ထင်သွားတတ်တယ်...
   (၁၄) သနားစရာကို..သနားတာဟာကောင်းတဲ့အလုပ်ပါ..ဒါပေမဲ့..ဟန်ဆောင်တာကို...မသိရင်တော့..
          လူညံ့ဖြစ်သွားပြီနော်...
   (၁၅) အလုပ်ဆိုတာ..မပျော်ရင်..မအောင်မြင်ဘူး..ပျော်လွန်းရင်လဲ..အလုပ်မဖြစ်တော့ဘူး...
   (၁၆) အသိပေးဆုံးမမဲ့သူကို..ရှာပါ...ကိုယ့်စကားနားထောင်မဲ့သူကို...မရှာပါနဲ့...
   (၁ရ) အပြစ်ရှိလို့..ကဲ့ရဲ့တာနဲ့...လူကိုကဲ့ရဲ့တာ...ခွဲခြားသိပါ...
   (၁၈) အပြစ်ဆိုတာ..မကောင်းပါဘူး..ကောင်းချင်ရင်တော့..အပြစ်မလုပ်မိစေနဲ့...
   (၁၉) ချိန်ဆတတ်တာကောင်းပါတယ်..သူများနဲ့ချိန်ဆရင်...မာန..မိမိဘာသာချိန်ဆရင်...ပညာ....
   (၂၀) မိမိအားနည်းချက်ကို..ကြည့်ပြီး..စိတ်မပျက်မိစေနဲ့..မိမိအားသာချက်ကိုကြည့်ပြီး..အထင်မကြီးမိစေနဲ့..
          အရာရာတိုင်း..သူ့တန်ဖိုးနဲ့သူ...ရှိတယ်...
လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com