(၁) တဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ။
လူလူချင်းသဘောကျပါ။
တဖက်လူရဲ့ပြသနာကိုစိတ်ဝင်စားပါ။သူတို့ရဲ့အချိန်ပေးဂရုစိုက်မှုကိုရတတ်ပါတယ်...
မိတ်ဆွေကောင်းရဖို့အတွက်
အချိန်လိုတယ်။အားစိုက်ရမယ်။ကိုယ်ကျိုးမကြည့်ရပါ။စဉ်းစားဆင်ခြင်ဉာဏ်နဲ့စာနာစိတ်
ရှိရမယ်... မွေးသက္ကရာဇ်စုပြီးသူတို့ရဲ့မွေးနေ့မရောက်မီ တရက်အလိုတွင်
အသိပေးလိုက်ပါ...အံ့သြဝမ်းသာနေတာ
တွေ့ရပါလိမ့်မယ်...
(၂) ပြုံးပါ။
အပြုံးဟာ...နုံးခွေနေသူကို အနားပေးအားမွေးပေးစေသလို၊ စိတ်ဓါတ်ကျနေသူကို
နေရဲ့အလင်းရောင်ဆောင်တတ်
ပါတယ်...ကြေကွဲသူကိုနေရောင်ခြည်ပေးပါတယ်...ဒါဟာ သဘာဝရဲ့ဒုက္ခ
သောကတွေကိုဆန့်ကျင်ဖြိုဖျက်ဖို့
အကောင်းဆုံးနည်းပါ...အပြုံးဟာငွေပေးဝယ်၍မရသလို
ချေးယူ၍မရပါ...တောင်းယူ၍မရသလို ခိုးယူ၍မရပါ...
ပေးတတ်မှသာအသုံးတည့်သည့် ပစ္စည်းတခုပါ...ပြုံးလိုက်တဲ့အခါကြမှသာ
အကြင်နာတရားနဲ့လူသားပီသသွားပါတယ်
(၃) လူတယောက်ရဲ့နာမည်ဟာ သူ့အတွက် နားဝင်အချိုဆုံးနဲ့အရေးပါဆုံးအသံပါ။
လူဆိုသည်မှာ တခြားလူရဲ့နာမည်တွေထက် ကိုယ့်နာမည်သာ
ကိုယ်စိတ်ဝင်စားတာပါ...နာမည်ကိုမှတ်ထားပါ။
လွယ်လင့်တကူ ထိုနာမည်ကိုခေါ်လိုုက်ပါ...ထိုလူ
ဘဝင်ခိုက်သွားပါပြီ...လူတယောက်ရဲ့နာမည်ကိုမေ့ကြည့်ပါ။
စာလုံးပေါင်းမှားကြည့်ပါ။ သင့်အတွက် အကျိုးယုတ်စရာတည်မိသွားပါပြီ..
(၄) စိတ်ဝင်တစားနားထောင်ပါ။ ပြောနေသူဆက်ပြောအောင်တွန်းအားပေးပါ။
မိမိကိုစကားပြောနေသူဟာ သူ့ကိုယ်သူသာ စိတ်ဝင်စားနေတတ်တယ်ဆိုတာမှတ်ထားပါ...
သူလိုချင်တာတွေ၊သူ့ပြသနာတွေကိုသာ စိတ်ဝင်စားတာပါ...
တဖက်သားစကားကိုဆုံးအောင်နားထောင်ပြီး ပြောချင်တာဆက်ပြောအောင် တွန်းအားပေးလိုက်ပါ...
(၅) တဖက်လူအကျိုးရှိမဲ့ဘက်က စ ပြောပါ။
သူအမြတ်တနိုးတန်ဖိုးထားတဲ့အကြောင်းအရာကိုပြောပါ...
သူသိပ်ပြီးစိတ်ဝင်စားတဲ့အကြောင်းကို သတိထားကြည့်ပြီး စပြောတတ်ပါစေ...
(၆) တဖက်လူအရေးပါတယ်ဆိုတာ သူသိအောင်ရိုးသားဖြူစင်စွာပြုပါ။ပြောပါ။
တဖက်လူရဲ့ကောင်းကွက်ကိုရှာပြီး အားတက်သရောချီးကျူးပြောဆိုမှုပြုပါ...
မြှောက်ပြောခြင်းမဟုတ်ပဲ ရိုးသားဖြူစင်သောစိတ်ဖြင့်ထုတ်ပြောပါ...
(သင်နှင့်အနီးဆုံးလူကစပြီးဒီနည်းတွေကိုလက်တွေ့စလုပ်ကြည့်ပါ...
မျက်လှည့်ပြသလိုဖြစ်လာမှာတွေကိုစောင့်ကြည့်ပေတော့...)
မေးမှတစ်ဆင့် ပြန်လည်မျှဝေပါသည်။ ဘရိုနီထွန်း