ရည်းစားစကားမပြောခင်လေးမှာ

ရည်းစားစကားပြောတယ် ဆိုတာ
တကယ်တော့လွယ်မယောင်နဲ့ တော်တော်ခက်ကြတာ အားလုံးလည်းသိမှာပါ။
ဒီတော့ ကိုချစ်တဲ့ကောင်မလေးကို ရည်းစားစကား စမပြောခင်မှာ ဘာလုပ်သင့်တယ်ဆိုတာလေး တွေကို အောက်မှာဖတ်ကြည့်ရအောင်နော်။


သူမရဲ့ သူငယ်ချင်းတွေနဲ့ ခင်အောင်ကြိုးစားပါ။

မင်းသူမကို စိတ်ဝင်စားနေပြီဆိုတာနဲ့ သူနဲ့ ပတ်သက်တဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့
ခင်မင်အောင်ကြိုးစားပါ။ ဘာလို့လည်းဆိုတော့ ကောင်မလေးတော်တော် များများ(၇၀%)
လောက်ဟာ ရည်းစားရွေးပြီဆိုရင် အခင်ဆုံးသယ်ရင်းတွေကို တိုင်ပင်တက်ကြလို့ပါ။


သူမ၊မင်းကို ယုံကြည်လာအောင်ကြိုးစားပါ။

ယုံကြည်လာအောင်ကြိုးစားပါလို့ ပြောတဲ့နေရာမှာလည်း လိမ်လည်လှည့်ဖြားတာမျိုး
မဟုတ်ဖို့ တော့ လိုအပ်ပါမယ်။
ဘာလို့လည်းဆိုတော့ မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေရဲ့ ရုပ်ရည်ထက်၊ သူရဲ့
အပြုအမူ၊ အလုပ်အကိုင်၊ အဆင့်အတန်းတွေ သူမရဲ့ယုံကြည့်မှုမှာ
ထည့်တွေးတက်ကြလို့ပါ။ ဒီအပြုအမူ အဆင့်အတန်းတွေကို လိမ်ညာထားရင်တော့
အဖြစ်မှန်ပေါ်တဲ့ တစ်နေ့မင်းကိုဂွမ်းသွားမှာသေချာပါတယ်။
ဒါကြောင့်မင်းကိုတိုင်မှန်ကန်တဲ့ယုံကြည်မှုပေးနိုင်အောင်ကြိုးစားပါ။


သူမနဲ့တွေ့ရင်ကြင်နာပြပါ။

သူမနဲ့တွေ့ရင်ကြင်နာပြပါဆိုတာကလည်း အရမ်းအိုဗာ ဖြစ်ဖို့တော့မလိုပါဘူး။

တော်သင့်ရုံပေါ့။ ဥပမာ-
သူ့မရဲ့ထီးကိုကိုင်ပေးတာမျိုး၊ သူမစားမဲ့မုန့်ကိုယူ ပေးတာမျိုး၊
သူမသောက်မဲ့ ရေဘူးကို ဖောက်ပေးတာမျိုးပေါ့။ ဒီလိုလုပ်ပေးတဲ့နေရာ မှာလဲ
မင်းရဲ့မျက်လုံးမှာကြင်နာရိပ်လေးတော့ သန်းနေသင့်တာပေါ့နော့်……………။


သူ့မဘက်ကဘယ်လို သဘောထားလည်းလေ့လာပါ။

တကယ်တော့ ကောင်လေးတော်တော်များများဟာ ရည်းစားစကားမပြောခင်မှာ
ကောင်မလေးက
ကိုယ့်ကိုဘယ်လို သဘောထားလည်းဆိုတာ နားလည်တယ်လို့တော့
ထင်ပါတယ်။အောက်ကအချက်လေးတွေ သူမမှာတွေ့နေရင်တော့ သေချာပါတယ်။

သူမမင်းကို
ပြန်ချစ်မယ်လို့ (55%) ယူဆနိုင်ပါတယ်။


   1. တစ်နေရာရာသွားမယ်ဆိုတိုင်း မင်းကိုခေါ်နေပီဆိုရင်
   2. မင်းကသူ့မကို ပိုးပန်းတဲ့ အနေနဲ့ သူ့မရဲ့သူငယ်ချင်းတွေကို မုန့်ကျွေးနေတာကို
     သူမကမကြိုက်တဲ့ ပုံစံနဲ့ပြနေရင်
   3. မင်းအကြောင်းတွေကို သူ့မသူငယ်ချင်းတွေဆီမှာ မေးနေရင်
   4. မင်းစိတ်မကောင်းဖြစ်နေတိုင်း သူမမျက်နှာမကောင်းဘူးဆိုရင်
   5. မင်းပျော်နေတဲ့ အခါသူမမျက်နှာ ပြုံးနေရင်
   6. “နင်ဒီအကျီင်္နဲ့ မလိုက်ဖူး” စသည်ဖြင့် မင်းရဲ့ဝတ်စားဆင်ယင်မှုတွေမှာ စွက်ဖက်လာပီဆိုရင်
   7. မင်းငွေတွေ အပိုသုံးနေတာတွေကို သူမ မကြိုက်ကြောင်းပြောလာပီဆိုရင်
   8. မင်းတိုးတက်ဖို့ သူမဂရုတစိုက်နဲ့ လမ်းညွှန်မှုတွေ လုပ်လာပီဆိုရင်
      စသည်ဖြင့် ပေါ့။ မင်းကို
      ဂရုစိုက်လာခဲ့ရင်တော့ သူမက မင်းကိုပြန်ချစ်ဖို့ သေချာသလောက်ရှိ နေပီလို့
      ထင်ပါတယ်။


ဒါဆိုရင်တော့မင်းသူမကိုရည်းစားစကားစပြောလို့ရပီလို့ထင်ပါတယ်
http://chocolatecupidlay.weebly.com မှဖတ်ရသောစာကိုပြန်လည်ဖော်ပြပါသည်။

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com