အရေးကြီးတဲ့ အဆိုအမိန့်များ,

* လူတစ်ယောက်ရဲ့ဘုန်းတန်ခိုးဆိုတာ.....အလုပ်လုပ်ခြင်းပဲ



** အပြောနဲ့ကဲ့ရဲ့တတ်သူကို..........အလုပ်နဲ့အနိုင်ယူပါ



**ဆင်ခြေပေးတဲ့ပါးစပ်.....ထမင်းငတ်တတ်တယ်




** အချိန်နောက်ကျတတ်သူဟာ......ဘ၀မှာနောက်ကျစမြဲပါပဲ



** နေတလိုဖြစ်တဲ့ဘ၀မှာ.........ဖြစ်တလိုမနေပါနဲ့



** လဲကျရင် ပြန်ထ........အဲဒါဘ၀ပဲ



**ဘ၀မှာအစားထို.လို့မရတဲ့အရာ ( 2 ) ခုရှိတယ်

အဲဒါက '' မိဘ နှင့် အချိန် '' ပဲ



** ရောဂါပြင်းလျှင်ဆေးရှိသည်။

လူပျင်းလျှင်ဆေးမရှိ ။



** မနေ့ကဆိုတာ............အိမ်မက်

မနက်ဖြန်ဆိုတာ..........စိတ်ကူး

ဒီနေ့သာ...................ဘ၀ဖြစ်တယ်

ဒီနေ.မှာပဲအကောင်းဆုံးလုပ်ဆောင်ပါ ။



** ဘ၀ကြိုးဝိုင်းထဲမှာ......ဒုက္ခကို

ဇွဲနှင့်အလဲထိုးပါ ။



** လုပ်ချင်တာထက်......လုပ်သင့်တာလုပ်ဖို.အရေးကြီးတယ်



** ဘယ်အတွက်ကြောင့်ပဲဖြစ်ဖြစ်......

သင်ငိုကြွေးပြီးသောအချိန်မှာ.....အခြားသူများ၏မျက်ရည်က

ပင်လယ်ထဲသို.၀င်ရောက်သွားကြလေပြီ ။



** ဘ၀သည် ချိန်ခွင်လျှာတစ်ခုလိုပင်....

ငယ်စဉ်ကပေါ့ပေါ့နေခဲ့လျှင်.....ကြီးလာသောအခါ..လေးလံသောဝန်ကိုထမ်းရသည် ။

ငယ်စဉ်ကလေးလံသောဝန်များကို ကြိုးစားထမ်းခဲ့ပါမှ.

ကြီးသောအခါပေါ့ပါးစွာနေရမည် ။



** တကယ်တော့အမှားဆိုတာ......ကြောက်စရာမဟုတ်ပါ

သင်ခန်းစာယူစရာသာဖြစ်သည် ။

ကြောက်စရာအကောင်းဆုံးက အမှားကိုအမြဲကြောက်နေခြင်းပင်ဖြစ်သည် ။

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com