1.မေ့နေလို့ပါဆိုမှ
အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲ ပြီးမေးတယ်။
” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ ”
” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”
” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ ”
2.လက်ချာပေးသူ
ည ၁၂နာရီခန့်တွင် ယိုင်တိယိုင်တိုင်လျှောက်လာတဲ့ အရက်သမားကို ကင်းလှည့်နေတဲ့ ရဲကားကမေးတယ်။
” အချိန်မတော် ဘယ်သွားမလို့လည်း ”
” လက်ချာသွားနားထောင်မလို့
” ဒီလို အချိန်ကြီး ခင်ဗျားလို ငမူးကို ဘယ်လိုလူက လက်ချာပေးမှာလည်း ”
” ကျွန်တော့ မိန်းမ”
3. အားကျစရာ
” ကြက်ဖတွေဟာ ဘာဖြစ်လို့ တစ်သက်လုံး တွန်နိုင်ကြတာလည်း ”
” သူ့မှာ မိန်းမတွေ အများကြီးရှိတယ်။ ဒါပေမယ့် ယောက္ခမ တစ်ယောက်မှမရှိဘူး။ ဒါကြောင့်တွန်နိုင်တာ ”
4.မျှော်လင့်ချက်
” မောင်.. ဒီမြစ်ထဲကို အချစ်ခုန်ချရင် မောင်.. ဆင်းကယ်မှာလားဟင်” လို့ ကောင်မလေးက သူ့ချစ်သူကို ကနွဲ့ကရမေးလိုက်တယ်။
ဒီတော့ ချစ်သူဖြစ်သူက မျှော်လင့်လေသံလေးနဲ့ မေးလိုက်တာက
” ကယ်မှာပေါ့လို့ မောင်ဖြေရင် အချစ်က တကယ်ခုန်ချမှာလားဟင် ”
5. မှတ်သားစရာ
ဆေးတက္ကသိုလ်ကဘွဲ့ရပြီး သူက မွေးရပ်မြေကိုပြန်လာတယ်။ မြို့နယ်ဆေးရုံမှာ အလုပ်ဝင်နေတုန်း လူတစ်ယောက် သူ့ဆီရောက်လာပြီးပြောတယ်။
” ဒေါက်တာ.. ကျွန်တော့ မိန်းမဟာ မွေးလိုက်တိုင်း နှစ်မြွှာပူးချည်း ဖြစ်နေတယ်။ ဘာလိုလုပ်ရမလည်း။ ကူပါဦးဆရာ ”
ဆရာဝန်လည်း မှတ်စုစာအုပ်ထုတ်ဖတ်လိုက်တယ်။ စာအုပ်ထဲမှာမှတ်ထားတာက ” အကယ်လို့များ မိန်းမသည် အမြွှာပူးမွေးပါက ယောကျာ်းဖြစ်သူ ၏ ကပ်ပယ်အိတ်တစ်လုံး ဖြတ်ထုတ်ရမည် ” လို့ရေးထားတာကိုတွေ့ရယ်။ ဒါနဲ့ ဆရာဝန်က
လူနာယောက်ျားကို တစ်လုံးဖြတ်ထုတ်ပေးလိုက်တယ်။
လများသိပ်မကြာမီ ဆရာဝန်ထံ ထိုလူနာရောက်လာပြန်တယ်။
” ဒေါက်တာ.. ကျွန်တော့မိန်းမ အမြွှာပူး ထပ်မွေးပြန်ပြီဗျ။ လုပ်ပါဦး။ ”
ဆရာဝန်က သူ့ရဲ့ မှတ်စုစာအုပ်ကို ထုတ်ပြီးဖတ်လိုက်တော့ “ တစ်လုံးဖြတ်ထုတ်ပြီးသော်လည်း ထပ်မံ အမြွှာမွေးလာပါက ကျန်ရှိသော နောက်တစ် လုံးကိုပါ ထပ်မံဖြတ်ထုတ်ရမယ် ” လို့မှတ်ထားတာတွေ့ရတယ်။ ဒါနဲ့
လူနာယောက်ျားကို လက်ကျန်တစ်လုံးကိုပါ ထပ်မံ ဖြတ်ထုတ်ပေးလိုက်တယ်။
တစ်နှစ်ပင် မကြာသေး။ စောစောက လူနာ ထပ်မံရောက်လာပြန်တယ်။
” ဒေါက်တာ လုပ်ပါဦး။ ကျွန်တော့မိန်းမ အမြွှာပူး ထပ်မွေးပြန်ပြီခင်ဗျ ”
ဆရာဝန်လည်း မှတ်စုစာအုပ်ကို ကဗျာကယာထုတ်ပြီး ရေးမှတ်ထားသည်ကို အသံထွက် ဖတ်လိုက်လေတယ်။
” နှစ်လုံးလုံး ဖြတ်ထုတ်ပြီးသည့်တိုင်အောင် မိန်းမသည် အမြွှာပူးထပ်မွေးနေပါက လူမှားဖြတ်မိပြီဟုသဘောပေါက်ရမည်။
6.တော်သေးတာပေါ့
လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။
-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ … တခြား သုံးယောက်ကို မေးမသွားလို့……
No comments:
Post a Comment