ဤစာသည် Paul P. Parker ရေးတဲ့Develop Your Powers of Persuasion ကို မောင်ပေါ်ထွန်းကပြန်ဆိုထားသောစာအုပ်မှ ဖြစ်ပါသည်။အဲဒီထဲက သင့်နိုးရာရာ အခန်းများကို ရွှေးချယ် ကာရေးတင်လိုက်ပါသည်။ဤစာကို ဖတ်၍စာဖတ်သူသည် “မလွဲမသွေကြီးပွားတိုးတက်ရမည်” ဟု အာမခံချက်မပေးလိုပါ။ “ကြီးပွားတိုးတက်လိုစိတ်တော့ မုချဖြစ်ပေါ်ကြီးထွားလာနိုင်သည်”
ဟု လေးလေးနက်နက် ယုံကြည်ပါသည်။
သို ့ဆိုရလျှင်မဖတ်ရသေးတဲ့ သူများအဖိုကျနော့်ဘလော့ပေါ်ရေးတင်ရကျိုးနပ်ပါပြီ။
(1)ဆရာ မလုပ်ပါနဲ ့
ခင်ဗျားပြောတမဟုတ်သေးဘူး၊ ဒီမှာ ကျွန်တော်ပြောမယ် ဟူသော စကားမျိုးကို သုံးလျှင် တစ်ဖက်လူက ကိုယ့်ကို ဆန် ့ကျင်ဘက်အဖြစ် မြင်သွားပြီး သူ ့ကိုယ်သူအကာအကွယ် ယူလာလိမ့်မည်။တစ်ဖက်လူနှင့် ဆက်ဆံရာ တွင် ကိုယ့်ကိုယ်ကို အရောင်းသမားလို မဆက်ဆံပါနှင့်။ အရောင်းသမားသည် တစ်ဖက်လူ၏ လိုအင်ကို ဂရုမစိုက်ဘဲ ကိုယ့်ပစ္စည်း စွံရေး ကိုသာ အဓိကထားပြီး အတင်းတွန်းရောင်းတတ်သည်။ ဝယ်သူအများစုသည် အရောင်းသမားက သူတိုိ ့အပေါ် ဆရာလုပ်တာကို မကြိုက်ကြ။ အရောင်းသမား ပြောပြသော အချက်အလက်များကို အခြေခံ၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ပစ္စည်းတစ်ခုကို ဝယ်လိုကြသည်။ သူ ့ကိုယ်သူ အထင်ကြီးပြီး ဘဝင်မြင့်နေသူနှင့် ဆက်ဆံရခြင်းသည် အခက်ခဲဲဆုံး ဖြစ်သည်။ ထိုသို ့သော လူစားမျိုးနှင့် ဆက်ခံလျှင်" ဒီမှာ မိတ်ဆွေ ၊ မိတ်ဆွေ ပြောသွားတာ တော်တော် ကောင်းပါတယ်။ မိတ်ဆွေ ပြောတာ နားထောင်ရင်း ကျနော်လည်း စိတ်ကူးတစ်ခု ရလာတယ်။ မိတ်ဆွေ သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် မေ့ချင်မေ့နေလိမ့်မယ်။ ကျနော် စိတ်ကူးမတာက ဒီလို ပါ " ဟူသော အသုံးအနှုန်းမျိုးဖြင့် ချဉ်းကပါ။ထိုအခါ သူက ကိုစကားကို အာရုံစိုက်လာပါလိမ့်မည်။ သို့သော်သူ့ကို မိတ်ဆွေက တမင် စည်းရုံးဆွဲဆောင်နေသည်ဟု သူက မထင်စေဖို ့ အရေးကြီးသည်။ သူမသိသော စိတ်ကူးတစ်ခု ကိုတင်ပြလျှင်လည်း သူ မေ့နေတာကို ပြန်ပြောပြသည့် အနေမျိုးဖြင့် တင်ပြမှသာလျှင် သူက ကိုယ့်လက်ခံပေလိမ့်မည်..
(၂) သူအရင်ပြောပါစေ
ဥပမာ "ကျားထိုးသောအခါ မိမိစိတ်ကူးထားသော ရွှေ့ကွက်များကို ပြိုင်ဘက်က သိသွားလျှင် ကိုယ် ရှုံးလိမ့်မည်။ ဖဲကစားသောအခါ ကိုယ့်လက်ထဲမှ ဖဲကို ပြိုင်ဖက်က မြင်သွားလျှင် ကိုရှုံးလိမ့်မည်။ ဘောလုံးကစားသောအခါ ကိုယ်ပြေးမည့်ဘက်ကို ပြိုင်ဘက်က သိသွားလျှင် ပိတ်ဆို့ခံရပြီး ကိုယ်ရှုံးလိမ့်မည်။ ဒါကြောင့် လူတွေကို ဆွဲဆောင်စည်းရုံးရာတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။တစ်ဖက်၏ ထင်မြင်ချက်ကို မသိခင် ကိုယ်က ဆန္ဒစော၍ဖြစ်စေ၊ စိတ်မရှည်၍ဖြစ်စေ ကိုယ့်စိတ်ထဲ ရှိတာတွေ အားလုံး ရင်ဖွင့်လိုက်လျှင် ကိုယ့်အတွက် မျှော်လင့်သလောက် အကျိုးမရှိ ဖြစ်သွားနိုင်သည်။ ထို ့ကြောင့် တစ်ဖက်လူကို စည်းရုံးဆွဲဆောင်ရာတွင် အားကစားပွဲ ကျင့်စဉ်ကို အသုံးချပါ။ ကျားထိုးသောအခါ ကဲ လုပ်၊ ရွှေ့ ဟူ၍ တစ်ဖက်လူကို ပြောသကဲ့သို ့လုပ်ငန်းကိစ္စ ဆက်ဆံ ဆွေးနွေး ရာတွင်လညး် သူအရင်ပြောပါစေ။ သူပြောတာကို နားထောင်ပြီးမှ ကိုယ်က ဘာပြောရမလဲဆိုတာ စဉ်းစားပါ။ သူ၏ အတွင်းစိတ်ကို အကဲခတ် သိရှိပြီးမှ မိမိ ပြောသင့်တာကို ပြောပါ။မပြောသင့်တာကို ရှောင်ပါ။
ဆက်လက်ဖော်ပြပါမည်။
အားလုံးကို ချစ်ခင်လေးစားလျက်..ဘရိုနီထွန်း
good, thanks
ReplyDelete