လူလောကမှာလဲရှိသင့်တဲ့အကြင်နာတရား

ဂျပန်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတခု
ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို

ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား

အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်
 ။ သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။

အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ

သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်ခဲ့တယ် ။

တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့

သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့

အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့

အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။

ဘယ်လိုဖြစ်ရတာလဲ......။

အိမ်မြှောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်ခဲ့တယ်။

မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ ) နှစ်ကြာကြာမရွေ့လျားဘဲ

ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး

အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ

သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၁၀ ) နှစ်ကြာကြာ

အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့်

သူ့အလုပ်ကိုရပ်ပြီး

အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့ လေ့လာကြည့်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက် အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး

ဒုက္ခိတအိမ်မြှောင်လေးကို လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို

သူမြင်ရတဲ့အခါ အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အရမ်းခံစားခဲ့ရတယ်။

( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော်

အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။

မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊

အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို

ပြုစုပေးမှာလား......။

အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ဝန်ထုပ်ကို လွယ်ပြီး

မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို

ဒီလိုပြုစုပေးမှာလား...........

...။

သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို

ဒီလိုပြုစုတတ်ရင်.....အရမ်းထက်ြ

မက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့ လူသားတွေအနေနဲ့ ဘာဖြစ်လို့

မလုပ်နိုင်ရမှာလဲ..........။

ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ စွန့်ပစ်မထားပါနဲ့။

မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို

....အလုပ်များတယ်.....လို့မပြော

ပါနဲ့။

နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး

အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘဝဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။

အားလုံးကို ချစ်ခင်လေးစားလျက် ဘရိုနီထွန်း

from..http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3180613

1 comment:

  1. အရမ်းကောင်းတဲ့ စာလေးပါ..ကျေးဇူးတင်ပါတယ်..နောက်လည်းများများ ဝေမျှနိုင်ပါစေ..

    ReplyDelete

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com