ယောကျာင်္းလေးတွေ မပြောဖြစ်တဲ့နောက်ဆက်တွဲ စကားများ

Girl : ဒီတသက် တို့ကိုပဲချစ်မှာလား။
Boy : ဒါပေါ့။ (တစ်ယောက်ဘယ်ကမလဲ)


Girl : တို့မရှိရင် ကို ဘယ်လိုလုပ်မလဲ။
Boy : ငိုမှာပေါ့။ (ပျော်လွန်းလို့)


Girl : တို့ကကိုရဲ့ ရည်းစားဦးလား။
Boy : အေ။ (ဟုတ်နေဦးမယ်)


Girl : ကိုလိမ်ပြောနေတာလား။
Boy : ကျိမ်ဆိုကျိမ်ပါ့မယ်။ (ဒါလိမ်ပြောနေတာပါလို့)


Girl : အိုသွားရင်ကော ချစ်မှာလား။
Boy : နင်မအိုပါဘူး။(ဘယ်တုန်းက ငယ်လို့လဲ)


Girl : ပပ၀တီလိုလှတယ်မလား။
Boy : အေ။(ဝေးသေး)


Girl : ပင်လယ်ပြင်မှာ ရေတစ်ခွက်ပဲရှိရင် တို့ကိုတိုက်မှာလား။
ကိုသောက်မှာလား**
Boy : မင်းကိုတိုက်မှာပါ။(ဒူး နဲ့ လေ **ဟုတ်တယ်သောက်မြင်ကပ်လာပြီ**


Girl : ၀လာလား။
Boy : မ၀ပါဘူး။slim လေးပါ။(အရိုးချည်းပဲ)


Girl : အခု တခြားကောင်လေးက တို့ကိုအရူးအမှုးလိုက်နေရင်ကော။
Boy : ဟင် ဘယ်သူလဲ။ (ကျေးဇူးတင်ကြောင်း
ထမင်းပါခေါ်စားမယ်။နင့်ကိုလှလှပပပြင်ပြီး လိုက်ပို့ပေးအုန်းမှာ)


Girl : နှောက်နေတာပါ၊ အဲလောက်လဲ စိတ်မလှုပ်ရှားပါနဲ့။
Boy : …………


Girl : ဘာလဲ စိတ်ဆိုးနေလား။
Boy : ဆိုးတာပေါ့ဟာ။ ( တကယ်ဘာလို့မဟုတ်ရတာလဲ)
**********************************************


အာလုံးကို ချစ်ခင်လေးစားလျက်   ဘရိုနီထွန်း


http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A628342&xgs=1&xg_source=msg_share_post





No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com