လူ့သက်တမ်းရဲ့အချိန်သုံးပုံတစ်ပုံအတွက် အတွေးမမှားစေဖို့

အိပ်စက်ခြင်းဟာ လူ့သက်တမ်းရဲ့အချိန်သုံးပုံတစ်ပုံလောက်ကို

နေရာယူထားတယ်လေ။ ဘဘာဝတရားကြီးက

ဒီလိုဖန်တီးပေးထားတာဟာ အိပ်စက်ခြင်းက အရေးကြီးလို့ပေါ့။

ဒီလို အရေးကြီးတဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး

လူတော်တော်များများ နားလည်မှုလွဲနေတာတွေကို

ရှင်းပြပေးမယ်နော်။


အတွေးမှား - သွေးတိုး၊ ဆီးချိူ၊ အဝလွန်ခြင်း၊ စိတ်ကျရောဂါစတဲ့

ကျန်းမာရေး ပြသနာတွေနဲ့ အိပ်စက်ခြင်းဟာ ဆက်နွယ်မူမရှိပါ။


အဖြေမှန် - သိပ္ပံနည်းကျ လေ့လာစမ်းသပ်မူတွေအရ

ကောင်းကောင်းအိပ်မပျော်ခြင်း အိပ်ရေးမဝခြင်းတွေနဲ့

ဆက်နွယ်နေတဲ့ရောဂါတွေ ရှိတယ်နော်။ လူတစ်ယောက်

အိပ်နေချိန်မှာ သွေးပေါင်ချိန်က အပြောင်းအလဲဖြစ်နေတယ်လေ။

အိပ်ရေးပျက်တဲ့အခါ သွေးပေါင်ချိန်ပုံမှန်ပြောင်းလဲနေမှုကို

ထိခိုက်နိုင်ပြီး သွေးတိုးခြင်းနဲ့ သွေးလှည့်အဖွဲ့အစည်းမှာ

ပြသနာတွေဖြစ်လာစေတော့တာပေါ့။ သုတေသနပြုချက်တွေအရ

အိပ်ချိန်မလုံမလောက်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို

အသုံးပြုနိုင်စွမ်းနည်းသွားစေလို့ ကြာလာရင် ဆီးချိူသွေးချိူရောဂါ

ဖြစ်လာနိုင်တာပေါ့။ ကောင်းမွန်စွာအိပ်စက်မရတဲ့အခါ

ခန္ဓာကိုယ်မှာ Cortisol ဟော်မုန်းပမာဏတွေ မြင့်တတ်လာရော။

Cortisol ကြောင့် အစားစားချင်စိတ်ကို မြှင့်တတ်စေသလို

ခန္ဓာကိုယ်က ကိုယ်လိုရီကို ချေဖျက်နိုင်မှုလျှော့နည်းစေလို့

အဝလွန်ရောဂါကို ဖြစ်စေနိုင်ပါသေးတယ်။ အဲဒီ

ရောဂါတွေဖြစ်လာရင် စိတ်ညစ်စရာကြီးနော်။

ကိုယ့်ကျန်းမာရေးထက် ဘယ်ဟာကမှ အရေးမကြီးဘူးလေ။

ဒါကြောင့် အိပ်ရေးဝ၀ အိပ်ကြပါနော်။



အတွေးမှား -  အသက်ကြီးလာလေ အိပ်ချိန်လိုအပ်ချက်

နည်းလာလေ။

အဖြေမှန် - အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့ရဲ့

အဆိုအရ လူတိုင်းဟာပျှမ်းပျအိပ်ချိန် ၇ နာရီမှ ၉ နာရီ

အထိလိုအပ်ပါတယ်တဲ့။ အသက်အရွယ်အလိုက်

အိပ်တဲ့ပုံစံပြောင်းလဲမှုရှိပေမယ့် အိပ်ချိန်လိုအပ်ချက်ကတော့

အတူတူပါပဲ။ အသက်ကြီးသူတွေဟာ ညဘက်မှာ

ခဏခဏနိုးနေတတ်ပြီး ညအိပ်ချိန်နည်းတတ်ပေမယ့်

အိပ်ချိန်လိုအပ်ချက်က လူငယ်တွေထက် မနည်းဘူးနော်။

ဒါကြောင့် လူကြီးတွေဟာ နေ့လည်ဘက်တွေမှာ

ပိုအိပ်တတ်ကြတာပေါ့။


အတွေးမှား - ဟောက်ခြင်းဟာ အဖြစ်များတဲ့ ပြဿနာပေမယ့်

အန္တရာယ်မရှိပါဘူး။

အဖြေမှန် - ဟောက်ခြင်းဟာ ရောဂါတချိူ့နဲ့ ဆက်နွယ်နေတဲ့

Sleep Apnea (အိပ်စက်ခြင်းမူမမှန်မှု) ရဲ့

လက္ခဏာတစ်ခုဖြစ်နိုင်တယ်နော်။ Sleep Apnea ကြောင့်

ညအိပ်ချိန်အတွင်း အဆုပ်အတွင်းသို့ လေဝင်နည်းသွားတာ

သို့မဟုတ် အသက်ရူခဏရပ်သွားတာ ဖြစ်နိုင်တယ်လေ။

အဲဒီအချိန်မှာ အသက်ဝဝရူဖို့ အားယူကြိုးစားရလို့

အိပ်ချိန်အတွင်းမှာ ခဏခဏနိုးလာနိုင်တာပေါ့။

အသက်ရူမဝတဲ့အခါ သွေးထဲက အောက်ဆီဂျင်ပမာဏ

နည်းလာပြီး နှလုံးနဲ့ သွေးလှည့်အဖွဲ့အစည်းဟာ ခန္ဓာကိုယ်အနှံ့ကို

အောက်ဆီဂျင် ရောက်နိုင်ဖို့ အားစိုက်လုပ်ဆောင်ရပါတော့တယ်။

ဒါကြောင့် ဟောက်ခြင်းကို မကုသဘဲ အချိန်ကြာလာတဲ့အခါ

နှလုံးနဲ့ သွေးလှည့်အဖွဲ့အစည်းမှာ ရောဂါတွေဖြစ်နိုင်ချေ

ပိုများလာတော့တာပေါ့။ ပြီးတော့ အိပ်ရေးမဝခြင်းကြောင့်

ခံစားရတဲ့ တခြားလက္ခဏာတွေ ရောဂါတွေပါ

ခံစားရနိုင်တယ်လေ။ ကျယ်လောင်စွာ ဟောက်တတ်ပြီး

ခဏခဏနိုးနေလို့ အိပ်ရေးမဝတာကြောင့် နေ့ဘက်တွေမှာ

ပင်ပန်းနွမ်းနယ်နေပြီ ဆိုရင်တော့ ဆရာဝန်နဲ့

ပြသတိုင်ပင်ဖို့လိုနေပြီနော်။


အတွေးမှား - နေ့လည်ဘက်တွေ အိပ်ငိုက်တာဟာ

ညဘက်အိပ်ရေးမဝလို့ပါ။

အဖြေမှန် -  နေ့လည်ဘက်တွေ အိပ်ငိုက်တာဟာ

ညဘက်အိပ်ရေးမဝလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်

ညဘက်အိပ်ရေးဝပြီးတော့ နေ့ဘက်အိပ်ငိုက်တဲ့

အခြေအနေတွေလည်း ရှိတယ်နော်။ ရောဂါတစ်ချိူ့ကြောင့်

ဖြစ်နိုင်သလို အိပ်စက်ခြင်းမူမမှန်တဲ့ အခြေအနေတွေ Narcolepsy

တို့  Sleep apnea တို့ကြောင့်လည်း

ဖြစ်နိုင်တယ်လေ။ ဒါကြောင့် ညဘက်အိပ်ရေးဝရဲ့သားနဲ့

နေ့ဘက်မှာ ခဏခဏအိပ်ငိုက်နေပြီဆိုရင်တော့ ဆရာဝန်နဲ့

ပြသပြီး စမ်းသပ်ကုသမှု ခံယူသင့်တယ်နော်။


အတွေးမှား - အိပ်စက်နေချိန်မှာ ဦးနှောက်ဟာ နားနေတယ်။

အဖြေမှန် - အိပ်စက်ချိန်မှာ ခန္ဓာကိုယ်က နားနေပါတယ်။

ဒါပေမယ့် အသက်ရှင်နေဖို့ ခန္ဓာကိုယ်ထဲက

အဂါင်္အစိတ်အပိုင်းတွေကတော့ အမြဲအလုပ်လုပ်နေရတယ်နော်

(ဥပမာ- အသက်ရူခြင်း)။ သူတို့ကို ထိိန်းချူပ်ဖို့အတွက်

ဦးနှောက်ကလည်း လုံးဝနားလို့မရပါဘူး။ ဒါပေမယ့်

အိပ်စက်နေတဲ့အချိန်မှာ ဦးနှောက်က

ပြန်လည်အားဖြည့်နေပါတယ်။


အတွေးမှား - အရက်နဲ့ ၀ိုင်ဟာ မြန်မြန်အိပ်ပျော်စေဖို့

ကူညီပေးပါတယ်။

အဖြေမှန် - မှန်ပါတယ်။ ဒါပေမယ့် ညဘက်အိပ်နေတုန်းမှာ

ခဏခဏနိုးစေလို့ အိပ်ရေးဝမှာမဟုတ်ပါဘူး။


အတွေးမှား - ဆရာဝန်ညွှန်ကြားတဲ့ အိပ်ဆေးတွေဟာ

ဆေးစွဲစေနိုင်ပါတယ်။

အဖြေမှန် - အိပ်ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း

သောက်ရင် အန္တရာယ်လည်းကင်းပြီး ထိရောက်မှုလည်းရှိပါတယ်။

ဘယ်အချိန်မှာ သောက်ရမယ်၊ ဘယ်လောက်ကြာအောင်

သောက်ရမယ် ဆိုတာတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း

လိုက်နာရမယ်နော်။ မူးယစ်ဆေးနဲ့ အရက်စွဲနေသူတွေဟာ

အိပ်ဆေးကိုလည်းစွဲလန်းနိုင်လို့ ဆရာဝန်ကို ပြောပြသင့်ပါတယ်။


အတွေးမှား - အိပ်မပျော်ခြင်းဟာ ယောကျာ်းလေးနဲ့ မိန်းမတွေမှာ

သက်ရောက်ပုံခြင်းတူပါတယ်။


အဖြေမှန် - အိပ်မပျော်ခြင်းဟာ မိန်းမတွေမှာ ယောကျာ်းတွေထက်

၂ ဆပိုပြီး အဖြစ်များတယ်နော်။ အမျိူးသမီးတွေရဲ့

အိပ်စက်ခြင်းဟာ ရာသီစက်ဝန်း၊ ကျန်းမာရေး။ စိတ်ခံစားမှု၊

စိတ်ဖိစီးမှုတွေကြောင့် ထိခိုက်နိုင်လို့ပါ။


အတွေးမှား - အိပ်ရာမဝင်မီ လေ့ကျင့်ခန်းလုပ်ခြင်းဟာ

ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေလို့ မြန်မြန်အိပ်ပျော်စေပါတယ်။


အဖြေမှန် - မနက်နဲ့ ညနေတွေမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ

နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ဒါပေမယ့် အိပ်ရာမဝင်မီ ၃

နာရီအတွင်းမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ

အိပ်ချင်စိတ်ကို လျှော့နည်းစေတယ်နော်။


အတွေးမှား - အိပ်စက်ခြင်းဟာ အရေးမကြီးပါဘူး။

နည်းနည်းအိပ်ရင်တောင် အိပ်ရေးဝတယ်။


အဖြေမှန် - ဒါကတော့ အရမ်းအလုပ်များတဲ့သူတွေရဲ့

အယူအဆမှားပေါ့။ အိပ်စက်ခြင်းဟာ လူသားတိုင်း

အသက်ရှင်နေထိုင်ဖို့အတွက် ရေနဲ့အစားအစာတွေလိုပဲ

မရှိမဖြစ်လိုအပ်တယ်နော်။ အိပ်ရေးဝဝအိပ်စက်ခြင်းကြောင့်

စိတ်ခံစားမှုတွေကို ကောင်းမွန်စွာ ထိန်းချိူပ်နိုင်ပြီး မှတ်ဉာဏ်နဲ့

သင်ယူနိုင်စွမ်းကို ကောင်းမွန်စေတယ်လေ။

ဖန်တီးတီထွင်နိုင်စွမ်းလည်း ရှိစေပါတယ်။ ဒါကြောင့်

အပြိုင်အဆိုင်များတဲ့ ဒီခေတ်ကြီးမှာ သူများတွေနဲ့

ကောင်းမွန်စွာယှဉ်ပြိုင်နိုင်ဖို့ အိပ်ချိန်ကို

အလုံအလောက်ပေးသင့်တယ်နော်။ အိပ်ရေးဝတဲ့အခါ

အားအင်ပြည့်ဖြိုးနေပြီး ကိုယ်ခံစွမ်းအားလည်း ကောင်းနေလို့

ကျန်းမာရေးကိုလည်း ကောင်းမွန်စေတာပေါ့။ လူတွေဟာ

အသက်ရှင်ကျန်းမာဖို့ အတွက် အာဟာရပြည့်ဝစွာ စားသောက်ပြီး

လေ့ကျင့်ခန်းတွေလည်း လုပ်ကြတယ်လေ။ အမှန်တကယ်

သက်ရှည်ကျန်းမာစေချင်တယ်ဆိုရင်

ကျန်းမာရေးအတွက်မရှိမဖြစ်တဲ့ အိပ်ရေးဝဝအိပ်နိုင်ဖို့ကိုလည်း

ကြိုးစားသင့်တယ်နော်။


http://www.myanmarskylink.com မှပြန်လည် ကူူးယူးပါသည်။


တစ်နေ့တာအတွက် အိပ်သင့်သလောက် အိပ်စေလို့သော စိတ်ဖြင့် ပြန်လည်မျှဝေပါသည်။ 

အားလုံးကို ချစ်ခင်လေးစားသောအားဖြင့် ဘရိုနီထွန်း

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com