လမ်းပြသော အလင်းတန်း များ..

စကားကို  ပြောသင့်ချိန်ရောက်မှ  ပြောသင့်ရာကို  ပြောပါ။


လောကကြီးမှာ  ရှားပါးသလောက် တန်ဖိုးကြီးတဲ့အရာဟာ

ဖြူစင်တဲ့မေတ္တာပါပဲ။


အတွေးမတူ အမြင်မတူသူအပေါ်မှာ  မိမိကနားလည်မှုနဲ့ 

ပေါင်းသင်းဆက်ဆံနိုင်ရမယ်။


ဟန်ဆောင်တယ်ဆိုတာ  အယဉ်ကျေးဆုံး  လိမ်ညာမှုပဲ။


မာနတွေယှဉ်ပြိုင်ကြတဲ့အခါ   မာယာတွေကနှုတ်ခမ်းပေါ်မှာ  

နေရာယူလာတတ်တယ်။


အချစ်က အမှားအမှန်  မခွဲခြားတတ်အောင် 

တွေဝေစေပါတယ်။


လောကဓံကို  သင့်တင့်စွာ  နှလုံးသွင်ရင်း  ရင်ဆိုင်ပါ။


လူညံ့တစ်ယောက်အတွက်  အားကိုးရာမှာ 

ဆင်ခြေဖြစ်သည်။


ပေးလိုက်ပါ   သင်တစုံတစ်ခု   ပြန်ရလိမ့်မယ်။


မကောင်းမှု့ပြုလုပ်သူတွေရဲ့  နောက်မှာ  နောက်လိုက်ရှိတယ် 

အဲဒါနောင်တပဲ။


လှုပ်ရှားရုန်းကန်နေရသော  ဘဝခရီးမှာ  ပျင်းရိနေလျှင် 

သင်ဟာ လူဖျင်း လူည့ံဖြစ်သွားလိမ့်မယ်။


လူ့ဘဝမှာ  အဆင့်မြင့်မြင့်နေဖို့  စိတ်ထားမြင့်မြင့် 

ထားဖို့လိုတယ်။


ကိုယ်ကသူ့ကို  အပြစ်တင်မယ်ဆိုရင် တစ်ကြိမ်လောက်

သူ့နေရာမှာ ဝင်ကြည့်ပေးပါ။


ဘာမှမဖြေရှင်းနိုင်တဲ့ ဒေါသဟာ မြွေဆိုးတစ်ကောင်ထက် 

အဆိပ်ပြင်းတယ်။

အားလုံးကို ချစ်ခင်လေးစားလျက်  ဘရိုနီထွန်း..


source ::http://thihathu340.multiply.com
လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com