*ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာပဲ ။
*ခွင့်လွှတ်တယ်ဆိုတာ အရှုုံးပေးခြင်း မဟုတ်ဘူး ။
ခွင့်မလွှတ်နိုင်ရင် အဲ့ဒိခံစားချက်က လွှမ်းမိုးနေလို့
ကိုယ့်ဘဝဟာ
ပုံပျက်ပန်းပျက် ဖြစ်သွားနိုင်တယ် ။
ကိုယ်ဘဝရဲ့ ရှေ့သွားရမဲ့လမ်းဟာ မဖြောင့်ဖြူးတော့ဘူး။
လောကီရေးမှာလဲ တိုးတတ်မူ ကြီးပွားမူဖြစ်ဖို့
ခဲယဉ်းသွားတယ် ။
ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလဲ
တိုးတတ်ကြီးပွားဖို့ အင်မတန်ထဲယဉ်းသွားတယ် ။
*ခွင့်လွှတ်တယ်ဆိုတာ မေ့လိုက်တာ မဟုတ်ဘူး ။
ဖြစ်ခဲ့ တဲ့ ကိစ္စတွေခံခဲ့ရတာတွေ စိတ်ဆင်းရဲ
ကိုယ် ဆင်းရဲ ဖြစ်ခဲ့တာတွေကို
နောက်ထက်မဖြစ်ရအောင် သင်ခန်းစာယူ
လိုက်တာပါ ပညာယူလိုက်တာပါ ။
*ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်းကျက်လွယ်ပါတယ် ။
*ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလဲ မဟုတ်ဘူး ။
အရုံှးပေးတာလဲ မဟုတ်ဘူး ။
အထက်စီးကနေတာလဲ မဟုတ်ဘူး အောက်ကျို့တာလဲ မဟုတ်ဘူး
*ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို
လွှတ်လပ်မူပေးလိုက်တာပဲ ။
ကိုယ်စိတ်ကိုယ် ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ ။
*ခွင့်လွှတ်တယ်ဆိုတာ ကိုယ်စိတ်ကို
သက်သာမူရအောင်ကိုယ်လုပ်လိုက်တာပါ
*ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို အနှောင်အဖွဲ့ကလွှတ်လိုက်တာပါ ။
*ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ဒုက္ခ
ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ ့နာကြည်းမူ ပူဆွေးမူ သောက ဒေါမနဿ
မခံချင်စိတ် လက်စားချေချင်စိတ်တွေ အဲ့တာတွေကို
သက်သာမူရအောင်လုပ်လိုက်တာပဲ ။
*ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်းအောင်
်
ကြားကောင်းအောင် လုပ်တဲ ့အလုပ်မဟုတ်ဘူး ။
ကိုယ့်စိတ်ထဲမှာ တကယ်လွှတ်လပ်မူရသွားအောင် ။
တကယ်ငြိမ်းချမ်းသွားအောင်လုပ်တဲ ့အလုပ်ဖြစ်တယ် ။
*ခွင့်လွှတ်တယ်ဆိုတာ သူများကိုလဲ ခွင့်လွှတ်ရသလို
ကိုယ့်ကိုယ်ကိုလဲ ခွင့်လွှွတ်ရမယ် ။
*ခွင့်မလွှတ်ချင်း ဆိုတဲ့ စိတ်ထောင်ကြီးထဲမှာ
ပိတ်မိမနေပါစေနဲ့ ။
ကိုယ့်ကိုယ်ကို ခွင့်လွှတ်တယ်ဆိုတာ
ကိုယ်လုပ်ခဲ့ သမျှကို ပြန်ကြည့်ပြီးတော့
မှားတာကိုတော့ မှားပါတယ်လို့ ရိုးရိုးသားသား
တိတိကျကျ ဝန်ခံဖို့လိုတယ် ။
သင်ခန်းစာလဲ ယူဖို့လိုတယ် ။ ပြီးရင်
ငါ့ကိုယ်ကိုယ်လဲ ငါခွင့်လွှတ်လိုက်မယ်
ရှေ့ရှောက် ငါကောင်းတာတွေ လုပ်တော့မယ် ။
နောင်တတွေရပြီးတော ့ တစ်နေ့တစ်နေ့
အချိန်မကုန်စေချင်တော့ဘူးလို့
ဆုံးဖြတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို
ခွင့်လွှတ်လိုက်တာပဲ ။
* ခွင့်လွှတ်တယ်ဆိုတာကိုယ့်စိတ်ထောင်တံခါးကို ဖွင့်လိုက်တာပဲ ။
ခွင့်လွှတ်နိုင်တဲ့စိတ်ဟာမြင့်မြတ်တဲ့စိတ်ဖြစ်တယ် ။
ရင့်ကျက်ခို်င်မာတဲ့ စိတ်ဖြစ်တယ် ။
သဘောထားကြီး တဲ့စိတ်ဖြစ်တယ် ။
အင်အားကြီးတဲ့ စိတ်ဖြစ်တယ် ။
လူဆိုတာမှားတတ်ပါတယ် ။
ဒါပေမဲ့ ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ် ။
တစ်ယောက်အပေါ်တစ်ယောက် နားလည်ခွင့်လွှင် မှုတွေ ထားစေချင်သော စိတ်ဖြင့် ပြန်လည်
မျှဝေလိုက်ပါတယ် .....အားလုံးကို ချစ်ခင်လေးစားလျက် ဘရိုနီထွန်း...
from...FWD Mail
No comments:
Post a Comment