မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ

စာရေးသူ၏ အမှာစာ

ကမ္ဘာ့ပညာရှင်ကြီးများ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ မှတ်သားလိုက်နာဖွယ်
အတွေးအခေါ် အဆိုအမိန့် (Philosophies)များနှင့် ဆိုစကား(Saying) များကို
စုစည်း၍ စာအုပ်ပြုစုရေးသားလိုသည်မှာ ကြာခဲ့ပါပြီ။
မိမိသိရှိမှတ်သားထားသည့် “တန်ဖိုးမြင့်မား ဆိုစကားများ” ကို တစ်ဦးတည်း
စုဆောင်းသိမ်းဆည်းထားမည့်အစား ဘဝတူမြန်မာလူငယ်များထံ
မျှဝေခံစားစေလိုသည့် စိတ်စေတနာမှာ အလွန်ပြင်းပြလျက်ရှိပါသည်။

ဂရိပညာရှင်ကြီး “ဆိုကရေးတီး” ကဆိုခဲ့ပါသည်။ “To Know a thing is
nothing unless others know you Know it” "မိမိသိရှိနားလည်ထားသည့်
မှတ်ဖွယ်ရာဆိုစကားကို အခြားသူများအား မဖြန့်ဖြူးနိုင်ပါက မိမိသိထားသည့်
အကြောင်းအရာမှာ အဓိပ္ပါယ်မရှိတော့ပါတဲ့" ။ ထိုသို့ မဖြစ်စေလိုသည့်အတွက်
ယခုကဲ့သို့ ရေးသားဖြန့်ဝေရခြင်း ဖြစ်ပါသည်။

ဤစာအုပ်ကိုရေးသားပြုစုရာတွင် ရည်ရွယ်ချက်များစွာရှိပါသည်။ ယခုအခါ “No
English, no literacy” . “အင်္ဂလိပ်စာမတတ်၊ စာမတတ်ခေတ်”
ရောက်လာသဖြင့် မြန်မာလူငယ်များ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ နားလည်
တတ်ကျွမ်းဖို့လိုပါသည်။

ရည်ရွယ်ချက်တစ်ခုရှိသေးသည်။ အင်္ဂလိပ်စာတတ်ကျွမ်းသဖြင့် မြန်မာကို
ကမ္ဘာကသိရှိနားလည်ရေး၊ ကမ္ဘာကို မြန်မာကသိရှိနားလည်ရေးနှင့် မြန်မာကို
မြန်မာများသိရှိရေးလည်း ပါဝင်ပါသည်။

စာပါဆုံးမစကားများကို မြန်မာလူငယ်များ လက်တွေ့အသုံးချ နိုင်မည်ဆိုပါက
မိမိအားထုတ်ရကျိုးနပ်မည် ဖြစ်ပါသည်။

ဤစာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ
အားပေးကူညီလမ်းဖြောင့်ပေးကြသော ဆရာကြီး ဦးဖေအောင်ကြိုင်၊
မြို့နယ်ပညာရေးမှူး (ငြိမ်း) (စာရေးဆရာမျိုးဂုဏ်ရည်) Top မဂ္ဂဇင်း
အယ်ဒီတာချုပ် နှင့် “Top-English Speaking Class” နည်းပြချုပ်
ဆရာမိုးမြင့်မောင်၊ စာရေးဆရာ မှော်ဝန်းကြည်မြတ် (ချမ်းသာစာပေ) တို့အား
ကျေးဇူးအထူးတင်ရှိပါကြောင်း ဂါရဝပြု မှတ်တမ်းတင်အပ်ပါသည်။

မိုးသူဇာအောင်

ဘဝအင်အားလှေကားထစ်များ


 General

1. Anger is a bad counselor.
အမျက်ဒေါသသည် ဆိုးသွမ်းသော တိုင်ပင်ဖော်ဖြစ်၏။


2. The best remedy for a short temper is a long walk.
ခဏတာဒေါသထွက်ခြင်းအတွက် အကောင်းဆုံးကုသမှုမှာ ခရီးရှည်လမ်းလျှောက်ထွက်ခြင်းဖြစ်၏။


3. Anger is short - lived madness.
ဒေါသသည် ခဏတာရူးသွပ်ခြင်းဖြစ်၏။


4. Whatever begins in anger ends in shame.
Benjamin Franklin
အမျက်ဒေါသဖြင့်စတင်ခဲ့သော အရာတိုင်း အရှက်ရခြင်းဖြင့် နိဂုံးချုပ်ရသည်။
ဘင်ဂျမင် ဖရန်ကလင်


5. People who fly into a range always make a bad landing.
ဒေါသဖြင့်အရှိန်မြင့်တက်သူသည် အကျနာတတ်သည်။


6. Anger blows out the lamp of the mind.
အမျက်ဒေါသသည် စိတ်၏ မီးခွက်ကို မှုတ်ငြိမ်းလေသည်။


7. So long as a man is angry he cannot be in the right.
လူတစ်ဦး အမျက်ဒေါသထွက်နေသရွေ့ အမှန်ဘက်တွင် မရှိနိုင်ပါ။


8. The best answer to anger is silence.
အမျက်ဒေါသအတွက် အကောင်းဆုံးအဖြေမှာ ဆိတ်ဆိတ်နေခြင်းပင်ဖြစ်သည်။


9. Anger dwells only in the bosom of fools.
Ablest Einstein
ဒေါသသည် လူမိုုက်တို့၏ နှလုံးသားအတွင်း၌သာ ခိုအောင်းသည်။
အဲလ်ဘတ်အိုင်းစတိုင်း


10. The door to happiness opens outward.
ပျော်ရွှင်မှုတံခါးသည် အပြင်သို့ပွင့်၏။


11. The really happy man is the one who can enjoy the scenery when he has to take a detour.
အမှန်တကယ်ပျော်ရွှင်သောသူဆိုသည်မှာ လမ်းလွဲမှ သွားရချိန်တွင်ပင် ရူခင်းများကို ကြည်နူးစွာခံစား တတ်သူ ဖြစ်သည်။


12. Like Summer and winter, happiness and sorrow are always changing places.
နွေနှင့်ဆောင်းကဲ့သို့ပင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းခြင်းတို့သည် အမြဲတစေ နေရာချင်းဖလှယ်လျက် ရှိပါသည်။


13. Happiness depends upon ourselves.
ပျော်ရွှင်မှုသည် ကျွနု်ပ်တို့အပေါ်၌သာ မူတည်နေတတ်သည်။


14. Real happiness is cheap enough, yet how dearly we pay for its counterfeit.
ပျော်ရွှင်မှုအစစ်သည် စျေးပေါလင့်ကစား၊ ပျော်ရွှင်မှုအတူယောင်အတွက် မည်မျှစျေးကြီးပေးရသည်ကို တွေးကြည့်ပါ။


15. It is not how we have, but now much we enjoy, that makes happiness.
ကျွနု်ပ်တို့တွင် “မည်မျှရှိသည်” မဟုတ်ဘဲ “မည်မျှပျော်နိုင်သည်”ကသာလျှင် ပျော်ရွှင်မှုကိုဖြစ်စေသည်။


16. Smile - and the world will smile with you.
Frown - and it will leave you alone.
သင်ပြုံးလျှင် တစ်ကမ္ဘာလုံး သင်နှင့်လိုက်ပြုံးမည်။ သင်မျက်မှောင်ကြုတ်လျှင် တစ်ကမ္ဘာလုံး သင့်ကို ကျောခိုင်းသွားလိမ့်မည်။


17. The greatest wealth in life is health.
ဘဝတွင် အကြီးမားဆုံးသောချမ်းသာခြင်းသည် ကျန်းမာခြင်းပင်ဖြစ်သည်။


18. From the bitterness of disease man learns the sweetness of health.
ရောဂါဘယ၏ခါးသီးမှုမှ လူသားသည် ကျန်းမာခြင်း၏ ချိုမြိန်မှုကို သိရှိလေသည်။


19. An apple a day keeps the doctor away.
ပန်းသီးတစ်နေ့တစ်လုံးစားပေး ဆရာဝန်နှင့် အစဉ်ကင်းဝေး။


20. To get rich never risky your health. For it is the truth that health is the wealth of wealth.
ချမ်းသာစေဖို့ ကျန်းမာရေးကို ဘယ်တော့မှ မစွန့်ပါနှင့်။ ကျန်းမာခြင်းသည် ချမ်းသာခြင်းတကာ့ အချမ်းသာဆုံး လာဘ်တစ်ပါးဖြစ်သည်။


21. A man too busy to take care of his health is like a mechanic too busy to take care of his tools.
ကိုယ့်ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်အောင် အလုပ်များနေသူသည် ကိုယ့်ကိရိယာတန်ဆာပလာများ ကို ဂရုမစိုက်အားသော စက်ပြင်ဆရာနှင့်တူသည်။


22. Happiness lies, first of all in health.
ပျော်ရွှင်ခြင်းသည် ကျန်းမာခြင်းပေါ်၌ ဦးစွာတည်ရှိသည်။


23. The first wealth is health.
ပထမဆုံးသော ချမ်းသာကြွယ်ဝခြင်းသည် ကျန်းမာခြင်းပင်ဖြစ်သည်။


24. The groundwork of all in health.
ပျော်ရွင်မှုအားလုံး၏ အရင်းအမြစ်မှာ ကျန်းမာခြင်းပင်ဖြစ်သည်။


25. Health is not valued till sickness comes.
ဖျားနာခြင်းကင်းနေသရွေ့ ကျန်းမာခြင်း၏တနဖိုးကို မသိကြချေ။


26. To wish to be well is a part of becoming well.
ပြန်လည်ကျန်းမာလိုချင်သောစိတ်ကပင် ပြန်လည်ကျန်းမာခြင်းတစ်စိတ်တစ်ဒေသ ဖြစ်၏။


27. He who takes medicine and neglects to diet wastes the skill of his doctors.
ဆေးသောက်သုံးသော်လည်း အစားအစာ မရှောင်သောသူသည် သူဆရာဝန်၏ ကျွမ်းကျင်မှုကို ဖြုန်းတီးရာရောက်၏။


28. A good laugh and a long sleep are the best cures in the doctor’s book.
အားပါးတရရယ်မောခြင်းနှင့် ကြာမြင့်စွာအိပ်စက်ခြင်းတို့သည် ဆရာဝန်၏ စာအုပ်ထဲမှ အကောင်းဆုံး ကုသမှုများဖြစ်သည်။


29. It one does not know to which part one is sailing, no wind is favourable.
မိမိမည်သည့်သင်္ဘောဆိပ်သို့ ရွက်လွှင့်ပြီးသွားနေသည်ကို မသိလျှင် မည်သည့်လေမျှ အထောက်အကူ မပြုနိုင်ချေ။


30. Luck never gives. It only lends.
Swedish proverb
ကံကြမ္မာသည် အပြီးအပိုင်ပေးခြင်းမဟုတ်။ ခေတ္တငှားရမ်းခြင်းမျှသာ ဖြစ်သည်။
ဆွီဒင်စကားပုံ


31. He that is afraid of bad luck will never know good luck.
Russian Proverb
ကံကြမ္မာဆိုးကို ကြောက်ရွံ့သောသူသည် ကြမ္မာကောင်းကို မည်သည့်အခါမျှ သိရှိမည်မဟုတ်ပေ။
ရုရှားစကားပုံ


32. I am a greater believer in luck and I find that the harder I work, the more I have of it.
Thomas Jefferson
ကျွနု်ပ်သည် ကံကြမ္မာကို အလွန်ယုံကြည်သူဖြစ်ပြီး အပင်ပန်းခံအလုပ်လုပ်လေ ကံကြမ္မာပိုမိုကောင်း လေကိုတွေ့မြင်ရသည်။
သောမတ်(စ်) ဂျက်ဖာဆင်


33. The only thing that overcomes hard luck is hard work.
ကံခေမှုကို အောင်မြင်ကျော်လွှားနိုင်သည့် တစ်ခုတည်းသောအရာမှာ အပင်ပန်းခံအလုပ်လုပ်ခြင်းပင် ဖြစ်သည်။


34. Fortune brings in some boats that are not steered
- William Shakespeare
ကံကြမ္မာသည် အထိန်းအကွပ်မဲ့လှေအချို့ကို ဆိပ်ကမ်းသို့ ယူဆောင်လာတတ်သည်။
ဝီလျှံရှိတ်စပီးယား


35. The only sure thing about luck is that it can change.
ကံကြမ္မာနှင့့်ပတ်သက်၍ သေချာမှုတစ်ခု ပြောင်းလဲတတ်ခြင်းပင်ဖြစ်သည်။


36. Laughter is the sun that drives winter from the human face.
ရယ်မောခြင်းဟူသည် လူ၏မျက်နှာပေါ်မှ ဆောင်းရာသီကိုဖယ်ရှားပေးသော သူရိန်နေမင်းဖြစ်သည်။


37. Laugh and your life will be lengthened; for this is the great secret of long life.
ရယ်မောပါ။ သင်အသက်ပိုမိုရှည်ပါလိမ့်မည်။ ဤသည်မှာ အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။


38. A day without laughter is a day wasted.
မရယ်မောမိသောတစ်နေ့သည် ဖြုန်းတီးခဲ့သော နေ့တစ်နေ့ပင်ဖြစ်သည်။


39. Nobody ever died of laughter.
ရယ်မောခြင်းကြောင့်သေဆုံးသွားသူမရှိ။


40. Laughter is an instant vacation.
ရယ်မောခြင်းသည် လျှပ်တစ်ပြက်အပန်းဖြေခြင်းဖြစ်သည်။


41. A man isn’t poor if he can still laugh.
လူတစ်ဦးသည် ရယ်နိုင်စွမ်းရှိသရွေ့ မဆင်းရဲပါ။


42. A good laugh is sunshine in the house.
ကောင်းသောရယ်မောခြင်းသည် အိမ်အတွင်း၌ နေသာခြင်းဖြစ်၏။


43. Seven days without laughter make one weak.
ခုနစ်ရက် မရယ်မောသောသူသည် အားယုတ်လာပါသည်။


44. Laughter keeps the heart and face young.
ရယ်မောခြင်းသည် နှလုံးသားနှင့်မျက်နှာကို နုပျိုစေသည်။


45. We cannot really love and anybody with whom we never laugh.
အတူရယ်မောခြင်းမရှိသောသူကို အမှန်တကယ် မေတ္တာထားရှိရန် မဖြစ်နိုင်ပါ။


46. Man is the only creature who has the ability to laugh.
ရယ်မောနိုင်စွမ်းရှိသည့် တစ်မျိုးတည်းသောသတ္တဝါမှာ လူသားပင်ဖြစ်သည်။


47. You don’t stop laughing because you grow old. You grow old because you stop laughing.
အသက်အိုမင်းလာသောကြောင့်ရယ်မောခြင်း ရပ်ဆိုင်းသည်မဟုတ်။ ရယ်မောခြင်းရပ်ဆိုင်းခြင်းကြောင့် သာ အိုမင်းလာခြင်းဖြစ်၏။


48. Always laugh when you can. It is cheap medicine.
ရယ်နိုင်သရွေ့ရယ်ပါ။ ၎င်းသည် စျေးပေါသောဆေးဝါးဖြစ်သည်။


49. The human race has only one effective weapon, and that is laughter.
လူသားတို့တွင် ထိရောက်သောလက်နက် တစ်ခုတည်းသာရှိသည်။ ယင်းကားရယ်မောခြင်းဖြစ်၏။


50. Laughter is inner jogging.
ရယ်မောခြင်းသည် ခန္ဓာကိုယ်အတွင်းပြေးလျှောက် အားကစားလှုပ်ရှားခြင်းတစ်မျိုးဖြစ်၏။


51. If you lose the power to laugh, you lose the power to think.
ရယ်မောခြင်းစွမ်းအားပျောက်ဆုံးလျှင် စဉ်းစားတွေးတောခြင်း စွမ်းအားလည်း ပျောက်ဆုံးသည်။





Family အဆိုအမိန့် (Philosophies)

1. A House is built of bricks and stones,
A House is built of love alone.
အဆောက်အဦးတစ်လုံးကို အုတ်ခဲ၊ ကျောက်ခဲများဖြင့်တည်ဆောက်ကြသည်။
မိသားစုနေအိမ်ကိုမူ ချစ်ခြင်းမေတ္တာသက်သက်ဖြင့်သာ တည်ဆောက်ရပါသည်။

2. North, South, East, West
Home is the best
အရှေ့ အနောက် တောင် မြောက် သွားလိုရာသွား နေအိမ်သာအကောင်းဆုံးပါ။


3. Sweetest is the smile of home.
နေအိမ်ထဲမှ အပြုံး အချိုမြိန်ဆုံး။


4. A good home must be made, not bought.
သိရီဂေဟာကို ဖန်တီးယူရသည်၊ ဝယ်ယူ၍ မရပါ။


5. Home is a shelter from storms-all sorts of storms.
နေအိမ်ဟူသည် မုန်တိုင်းများမှ ကာကွယ်ရာတစ်ခုဖြစ်၏ ။ မုန်တိုင်းအမျိုးမျိုးမှ ကာကွယ်ရာဖြစ်၏။


6. The most important things in your home are members of family.
သင့်နေအိမ်၏ အရေးကြီးဆုံးသောအရာများမှာ မိသားစုဝင်များသာဖြစ်သည်။


7. Be he a king or a peasant, he is happiest who finds peace at home.
Goethe (writer)
ရှင်ဘုရင်ဖြစ်စေ၊ လယ်သမားဖြစ်စေ၊ နေအိမ်တွင်စိတ်ချမ်းသာမှုုရရှိသူသည် အပျော်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။


8. It is the mother who can cure her child’s tears.
မိခင်သာလျှင် ကလေးငယ်၏ မျက်ရည်များကို ပျောက်ကင်းစေနိုင်သည်။


9. A child, like your stomach, doesn’t need all you can afford to give it.
ကလေးငယ်သည် သင့်အစာအိမ်နှင့်တူသည်။ သင်ပေးနိုင်သမျှအားလုံးကို မလိုအပ်ပါ။


10. When you teach your son, you teach your son’s son.
သင့်သားငယ်ကို သင် သွန်သင်ဆုံးမလျှင် သင့်သား၏ သားမြေးကို သွန်သင်ဆုံးမရာရောက်၏။


11. Human beings are the only creatures on earth that allow their children to come back home.
ကမ္ဘာပေါ်ရှိ သတ္တဝါများအနက် လူသားသာလျှင် သူ့ရင်သွေးများကို အိမ်ပြန်လာခွင့်ပြုကြသည်။


12. God could not be everywhere and therefore the created mothers.
ဘုရားသခင်သည် နေရာအနှ့ံတွင် မရှိနိုင်သဖြင့် မိခင်များကို ဖန်ဆင်းလိုက်သတည်း။


13. I look back on my childhood and thank the stars above. For everything you gave me, but mostly for your love.
ငယ်စဉ်ကလေးဘဝကို ပြန်တွေးရင်းထက် ကောင်းကင်မှ ကြယ်ကလေးများကိုကျေးဇူးတင်မိသည်။ မေမေပေးခဲ့သမျှ အရာအားလုံးအတွက် အထူးသဖြင့် မေမေ့မေတ္တာအတွက်ပါ။


14. All that I am my mother made me.
ကျွနု်ပ်လက်ရှိဖြစ်နေသမျှအားလုံးသည် ကျွနု်ပ်အမေကြောင့်ပင် ဖြစ်သည်။


15. One good mother is worth hundred schoolmasters.
မိခင်ကောင်းတစ်ယောက်သည် ကျောင်းဆရာပေါင်းတစ်ရာနှင့်ညီမျှသည်။


16. Nothing else will ever make you as happy or as sad, as proud or as tired as motherhood.
မိခင်လောင်းဘဝထက် မည်သည့်အရာကမျှ သင့်အား ဝမ်းနည်းဝမ်းသာခြင်း ဂုဏ်ယူဝင့်ကြွားခြင်း၊ ပင်ပန်းခြင်းတို့ကို မဖြစ်စေပါ။


17. You don’t appreciate your mother until you’re a mother yourself.
ကိုယ်ကိုယ်တိုင် မိခင်မဖြစ်သေးသရွေ့ ကိုယ့်မိခင်ကို လေးစားတန်ဖိုးထားတတ်မည်မဟုတ်။


18. A mother understands what a child does not say.
မိခင်သည်ရင်သွေးငယ်မပြောသည့် စကားကိုနားလည်သည်။


19. Most mothers are instinctive philosophers.
မိခင်အများစုသည် မွေးရာပါ အတွေးခေါ်ပညာရှင်များဖြစ်သည်။


20. Sometimes the poorest woman leaves her children the richest inheritance.
တစ်ခါတစ်ရံ အဆင်းရဲဆုံးအမျိုးသမီးသည် သူမ၏ ရင်သွေးငယ်များအတွက်အချမ်းသာဆုံးအမွေအနှစ်ကို ထားခဲ့သည်။


21. A mother holds her children’s hands for a while, their hearts forever.
မိခင်သည် သူမရင်သွေးငယ်၏လက်များကို ခေတ္တမျှသာကိုင်ဆောင်သော်လည်း နှလုံးသားကိုမူ ထာဝရ ကိုင်ဆောင်သည်။


22. People usually are the happiest of home.
William Shakespeare ( Playwright)
လူသားတို့သည် နေအိမ်တွင်သာအပျော်ဆုံးဖြစ်ကြသည်။
ဝီလျှံ - ရှိတ်စပီးယား


23. Home is the most excellent place of all.
Neil Diamond(Vocalist)
နေအိမ်ဆိုသည်မှာ ရှိရှိသမျှသောနေရာများအနက် အကောင်းတကာ့အကောင်းဆုံးနေရာဖြစ်သည်။
နီးလ် ဒိုင်းမွန်း (အဆိုတော်)


24. It takes hands to build house, but only hearts can build a home.
အဆာက်အဦတစ်ခုတည်ဆောက်ရာတွင် လက်များလိုအပ်သည်။ နေအိမ်ကိုတည်ဆောက်ရာတွင်မူ နှလုံးသား လိုအပ်သည်။


25. A man’s home may seem to be his castle from the outside, inside, it is more often his nursery.
လူတစ်ဦး၏ နေအိမ်သည် အပြင်ပန်းမှကြည့်လျှင် သူ၏ရဲတိုက်ဟုထင်ရသည်။ အတွင်း၌မူ သူ၏ပျိုးခင်း နှင့် ပို၍တူ၏။


26. Ah! There’s nothing like staying at home, for real comfort.
Jane Austen (writer)
အား စစ်မှန်သော သက်သာရရှိစေရန်အတွက် အိမ်တွင်နေထိုင်ခြင်းထက်သာ၍ကောင်းသောအရာမရှိ။
ဂျိန်း - အော်စတင် ( စာရေးဆရာမ)


27. Peace - that was the other name of home.
ငြိမ်းချမ်းခြင်း - နေအိမ် ၏ အခြားအမည်ဖြစ်သည်။


28. An empty house is like a body from which life has departed.
ဘာမှ မရှိသောအိမ်အလွတ်သည် အသက်မရှိတော့သည့် ခန္ဓာကိုယ်နှင့်တူ၏။


29. Mothers love grows by giving.
မိခင်မေတ္တာသည် ပေးကမ်းခြင်းဖြင့် ပို၍ကြီးထွားသည်။


30. A mother never quite leaves her children at home, even when she doesn’t take them along.
မိခင်တစ်ယောက်သည် သူမ၏ရင်သွေးများကို သူမနှင့်အတူ ခေါ်မသွားသည့်တိုင် အိမ်တွင်ဘယ်တော့မှ မထားခဲ့ပါ။


31. The mother’s heart is the child’s school-room.
မိခင်၏နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ်သည်။


32. Worse than tears-the smile of the abandoned child.
မျက်ရည်ထက်ဆိုးသောအရာကား ပြစ်ပယ်ခြင်းခံရသော ကလေးငယ်တစ်ဦး၏ အပြုံးပင်ဖြစ်သည်။


33. A mother’s love is like a circle-it has no end.
မိခင်မေတ္တာသည် စက်ဝိုင်းပမာ - အဆုံးမရှိပါ။


34. Mother is the name of God on the lips and hearts of little children.
“အမေ” ဆိုသည်မှာ ကလေးငယ်များ၏ နှုတ်ခမ်းများနှင့် နှလုံးသားများမှ ထွက်ပေါ်လာသော ဘုရားသခင်၏ နာမတော်ဖြစ်သည်။


35. The best thing to send on your children is your time.
သင်၏ကလေးငယ်များအတွက် အသုံးပြုစရာ အကောင်းဆုံးသော အရာမှာ သင်၏အချိန်သာဖြစ်သည်။


36. A mother’s love never ages.
မေမေ့မေတ္တာ အိုသည်မရှိ။


37. If you want creative children give them time to play.
အကယ်၍ သင်ဖန်တီးတတ်သော ကလေးငယ်များကို လိုချင်လျှင် သူတို့ကို ကစားဖို့အချိန်ပေးပါ။


38. A child who disrespectful to his parents will not have true respect from anyone.
မိဘကိုမရိုသေသောကလေးသည် မည်သူ့ထံကမှ စစ်မှန်သော ရိုသေမှုကို မရနိုင်ပါ။


39. No language can express the power and beauty and heroism of a mother’s love.
မည်သည့်ဘာသာစကားမျှ မိခင်မေတ္တာ၏ အစွမ်း၊ အလှနှင့် သတ္တိတို့ကို မဖော်ကျူးနိုင်။


40. A father is banker provided by nature.
ဖခင်ဟူသည် သဘာဝကပေးစွမ်းသော ဘဏ်တိုက်ကြီးတစ်ခုဖြစ်သည်။


41. A wise son maketh a glad father.
ပညာရှိသောသားသည် ဝမ်းမြောက်သောဖခင်ကို ဖခင်ကို ဖြစ်စေသည်။


42. Any man can be father but it takes someone special to be a dad.
မည်သူမဆိုဖခင်တစ်ဦးဦးဖြစ်နိုင်သော်လည်း “ဖေဖေ” ဖြစ်ရန်မှာ ထူခြားသော အရည်အချင်းရှိဖို့လိုသည်။


ချစ်ခင်လေးစားလျက် ဘရိုနီထွန်း   ဆက်လက်ဖော်ပြပါမည်။

Source ;;  Fwd  Mail

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com