တိတ်ဆိတ်ခြင်းကို ရွေးပါ
တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို
သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို
ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။
တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး
မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံး
သူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ?
ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ
ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။
တည်ငြိမ်ခြင်းကို ရွေးပါ
လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊
ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာ
ခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံး
တော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်ရဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်း
ဆိုတာ ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။
အတိတ်ထဲမှာ တဝဲမလည်ပါနဲ့
လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။
နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊
အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို သက်ရောက်စေတယ်။ မတူတဲ့
ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။ ဘဝမှာ သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေ
တဲ့ အခွင့်အရေး မရှိတာပဲ။
“တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး”လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်
တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကို
အကောင်းဆုံး ဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်း
မှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။
ရိုးရှင်းတာကို လက်ကိုင်ထားပါ
စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလိို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့်
အတိတ်ကို သင်တမ်းတနေတတ်တယ်။ ဒါမှမဟုတ် အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကို
ပစ္စုပန်နဲ့အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလိီစေတယ်။
ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။ ဥပမာ– ရာသီဥတုအပြောင်းအလွဲကို အရေပြားနဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။
မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို ပန်းချီကားတစ်ချပ်လို
မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။ ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။
ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင် စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကို
လည်း တမ်းတဖို့မလိုဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး ဘဝ
ကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။
ခံစားချက်ကို အလဟသမဖြုန်းနဲ့
သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း သင်ရန်မဖြစ်ချင်လို့ လူတွေနား
က သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက သင်ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့
တွေးလေ သင်ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင်အာရုံမစိုက်နိုင်တော့ဘူး။
စိတ်ပါလက်ပါ သင်အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူ
ရှုမိတတ်တယ်။ သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ဖြစ်တယ််။
ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး ဖြုန်းတီးမှုဖြစ်တယ်။ ဒေါသထွက်ဖို့
အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်
ဟာ ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် “ခံစားချက်ကို အလဟသ
မဖြုန်းနဲ့” လို့ ညင်ညင်သာသာ သတိပေးပါ။
အချိန်ကောင်းကို ဖမ်းဆုပ်ပါ
သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှ
အဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာ ခေတ်ကုန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
အရသာရှိပြီး လှပတဲ့ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲသင်ထည့်ထားမိတယ် ဆိုပါစို့။
ကာလကြာမှ ကိတ်မုန့်စားဖို့ သင်သတိရချိန် ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာ
မလုပ်လိုက်ရတဲ့ အလုပ် … ဒါတွေဟာ ဝမ်းနည်းခြင်းတွေဖြစ်တယ်။
ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။
တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံံးရလဒ်က မဝတ်လိုက်ရတဲ့
အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့လိ်မ့်မယ်။
သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။
(၁) ဆုတ်လမ်းကို ဖြတ်တောက်နိုင်မှ ရှေ့လမ်းကိုပိုတိုးရဲမယ်
တချို့အချိန်မှာ ဆုတ်လမ်းကို ဖြတ်တောက်ရဲတဲ့သတ္တိကို ကျွန်တော်တို့လိုလာတယ်။ နောက်ဆုတ်ဖို့လမ်း ရှိမှန်း
သိနေရင် ရှေ့တိုးမယ့် ကျွန်တော်တို့ရဲ့ခြေလှမ်းတွေ တွန့်ဆွန်သွားတတ်တယ်။ နှေးသွားတတ်တယ်။ တကယ်လို့
နောက်ဆုတ်ဖို့လမ်းမရှိတဲ့အခါ ရှေ့တိုးဖို့ကို ကျွန်တော်တို့ ပိုအာရုံစိုက်လာတယ်၊ တိုးရဲတဲ့သတ္တိရှိလာတယ်။
ဒါမှ အောင်နိုင်ခြင်းကို ရမှာဖြစ်တယ်။
(၂) လူတစ်ယောက်ဟာ အလိုအပ်ခံရတဲ့အခါ သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက ပိုအဓိပ္ပာယ်ပြည့်စုံသွားတယ်
လူတွေဟာ တခြားလူရဲ့လိုအပ်တာကို ခံချင်ကြတယ်။ ဒါဟာ လူ့သဘာဝဖြစ်သလို သူ့ရဲ့တန်ဖိုးကိုလည်း ပြရာ
ရောက်တယ်။ တချို့အချိန်အခါမှာ လူတစ်ယောက်ဟာ အလိုအပ်မခံရတော့တဲ့အခါ (ပစ်ပယ်ခံရတဲ့အခါ)
သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက အဓိပ္ပာယ်မဲ့သွားတယ်လို့ ခံစားတတ်ကြတယ်။ ဒါကြောင့် မိသားစု၊
သူငယ်ချင်း မိတ်ဆွေတွေကို “ငါတို့ မင်းကိုလိုအပ်တယ်”ဆိုတဲ့အကြောင်း ပြသပြောဆိုပါ။
(၃) မျှော်လင့်ချက်ထဲ ရှင်သန်နေမှ အလင်းကိုတွေ့နိုင်မှာဖြစ်တယ်
လူအများက ဘဝမှာ အလင်းရောင်မရှိဘူး၊ အလင်းမဲ့တယ်လို့ ညည်းတွားကြတယ်။ ဒါဟာ မျှော်လင့်ချက်မရှိလို့၊
မျှော်လင့်ချက်မဲ့လို့ဖြစ်တယ်။ ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ခက်ခဲတဲ့ ဆင်းရဲဒုက္ခမျိုးမှာဖြစ်ဖြစ်
မျှော်လင့်ချက်သာရှိခဲ့ရင်၊ မျှော်လင့်ချက်နဲ့ရှင်သန်ခဲ့ရင် အလင်းရောင်ကိုတွေ့မြင်ပြီး အဲဒီအလင်းက သင့်အနားမှာ
အမြဲလင်းလက်နေမှာဖြစ်တယ်။
(၄) ကျွမ်းကျင်မှုဆိုတာ ဘဝရဲ့အကောင်းဆုံး ရှင်သန်နည်းဖြစ်တယ်
ဘဝမှာ ချမ်းသာကြွယ်ဝအောင်လုပ်တဲ့နည်း မျိုးစုံရှိတယ်။ ဒါပေမယ့် နည်းတိုင်းက ကျွန်တော်တို့နဲ့ သင့်တော်ချင်
မှ သင့်တော်မယ်။ နည်းတိုင်းနဲ့ ချမ်းသာကြွယ်ဝအောင် ကျွန်တော်တို့လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ ဒါပေမယ့်
သေချာတာက ကျွမ်းကျင်မှုဟာ ဘဝရဲ့အကောင်းဆုံး ရှင်သန်နည်းဖြစ်တယ်။ လက်မှုပညာလေးပဲဖြစ်ဖြစ်
ကျွမ်းကျင်ရင် အောင်မြင်မှုကို မုချရနိုင်ပါတယ်။
(၅) ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ
ပြဿနာ၊ အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများဟာ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ မိမိကိုယ်ကိုယ်လေးစားမှုတွေ
မဲ့သွားတတ်ကြတယ်။ ပြဿနာ၊ အခက်အခဲကြောင့် လဲပြိုသွားတတ်ကြတယ်။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခရဲ့
ကျေးကျွန်ဖြစ်ရတယ်။ လူတချို့က မိမိကိုယ်ကိုယ်ယုံကြည်မှု၊ လေးစားမှုကို ထိန်းထားနိုင်ကြတယ်။ ပြဿနာ၊
အခက်အခဲကို ခေါင်းညိတ်အရှုံးမပေးဘူး။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခက သူတို့ရဲ့ကျေးကျွန်ဖြစ်ရတယ်။
ဒီလိုလူမျိုးက လူရဲ့ပင်ကိုယ်ကို ပိုမြင့်မြတ်၊ ပိုတောက်ပြောင်စေတာကြောင့် လေးစားထိုက်သူဖြစ်တယ်။
(၆) အပြေးမြန်ရသလို တည်တည်ငြိမ်ငြိမ်နဲ့ ပြေးတတ်ရမယ်
ဘဝဆိုတာ အပြေးပြိုင်ပွဲကြီးတစ်ခုဖြစ်တယ်။ ပြေးတာသိပ်မြန်ရင် ခံနိုင်ရည်အလွယ်တကူ ယုတ်လျော့မယ်။
ပြေးတာသိပ်နှေးရင် နောက်ကျကျန်ခဲ့မယ်။ လမ်းခုလပ်မှာ နုတ်ထွက်ရင် အရင်ကကြိုးစားခဲ့သမျှ အချည်းနှီးဖြစ်မယ်။
မပါဝင်ရင်တော့ အောင်နိုင်ဖို့ အခွင့်အရေး လုံးဝရှိမှာမဟုတ်ဘူး။
(၇) ကံကြမ္မာကိုပြောင်းလဲချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်
တူညီတဲ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့ မတူတဲ့လူနှစ်ယောက်ဟာ မတူတဲ့ကံကြမ္မာကို ပိုင်ဆိုင်ထားကြတယ်။
လူတွေရဲ့ကံကြမ္မာကို ဘုရားသခင် ဖန်တီးထားတာ မဟုတ်သလို တခြားလူရဲ့ အဆုံးအဖြတ်အောက်မှာ ရှိတာ
လည်း မဟုတ်ဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်ပဲပိုင်ဆိုင်တယ်။ တကယ်လို့ လူတစ်ယောက်ဟာ ကိုယ့်ကံကြမ္မာကို
ပြောင်းလဲချင်ရင် အရင်ဦးဆုံး ကိုယ့်ကိုယ်ပြောင်းလဲနိုင်ဖို့ ကြိုးစားရမယ်။ စိတ်နေစိတ်ထားကို ပြောင်းလဲမယ်၊
ဝန်းကျင်ကို ပြောင်းလဲမယ်။ ဒါမှ ကံကြမ္မာကလည်း လိုက်ပြီးပြောင်းလဲမှာ ဖြစ်တယ်။
(၈) အကျင့်ဆိုတာ ကျွန်တော်တို့ မွေးမြူထားတဲ့အရာဖြစ်တယ်။
ဒါကြောင့် အကျင့်ကို ကျွန်တော်တို့ ပြောင်းလဲနိုင်စွမ်းရှိတယ်
ကျွန်တော်တို့ဟာ အမြဲတမ်းလုပ်တဲ့ အလုပ်တစ်ခုကနေ အကျင့်အဖြစ် ပြောင်းသွားတတ်ကြတယ်။ အကျင့်ဖြစ်သွား
ပြီဆိုတာနဲ့ အဲဒီအကျင့်ရဲ့ထိန်းချုပ်တာကို ကျွန်တော်တို့ ခံရတော့တယ်။ ကျွန်တော်တို့လူတိုင်းမှာ တိမ်ငုပ်နေတဲ့စွမ်း
ရည် ကိုယ်စီရှိကြတယ်။ အကျင့်ကို ကျွန်တော်တို့မွေးမြူနိုင်စွမ်းရှိရင် မကောင်းတဲ့အကျင့်ကိုလည်း ကျွန်တော်တို့
တွန်းလှန်ဖျက်ထုတ်နိုင်စွမ်းရှိတယ်။
(၉) ကိုယ်ပိုင်ဆိုင်တာကိုပဲ ကြည့်ပါ။ ကိုယ့်မှာ မရှိတာတွေအတွက် ဝမ်းနည်းမနေပါနဲ့
အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်လက်ခံတတ်ရတယ်၊ ကိုယ့်ကိုယ်ကို အရင်အတည်ပြုတတ်ရတယ်။
လောကကြီးမှာ လူတိုင်းလူတိုင်း အားနည်ချက်၊ ချွတ်ယွင်းချက်ကိုယ်စီရှိကြတယ်။ ကံကြမ္မာကို လက်ညိုးထိုး
အပြစ်ပုံမချပါနဲ့။ ကိုယ့်မှာ မရှိတာတွေအတွက် ဝမ်းမနည်းပါနဲ့။ ကိုယ့်မှာရှိတာတွေကိုပဲ ပိုဂရုစိုက်ပြီး ကိုယ့်ကိုယ်
ကို အတည်ပြုလက်ခံပါ။
(၁ဝ) မှန်ကန်တဲ့နည်းနဲ့ သင့်ကိုယ်သင် ဆန်းစစ်ပါ။ အရာအားလုံး ပြောင်းလဲသွားပါလိမ့်မယ်
အမြဲတမ်း ကိုယ့်ကိုယ်ကို သနားညှာတာနေရင်၊ ကိုယ့်ကိုယ်ကို အထင်ကြီးတပ်မက်နေရင် တခြားလူရဲ့ရင်ထဲ
သင်ဝင်နိုင်မှာ မဟုတ်သလို သင့်ရင်ထဲလည်း တခြားသူဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ မှန်ကန်တဲ့နည်းနဲ့ သင့်ကိုယ်
သင် ဆန်းစစ်ပါ။ ဒါဟာ သင့်စိတ်၊ သင့်ခန္ဓာကို ပေါ့ပါးပျော်ရွှင်စေသလို အရာရာကိုလည်း အဆင်ပြေ ချောမွတ်၊
ပြောင်းလဲစေပါတယ်။
fwd mail ပြန်လည် share ထားတာပါ..မူရင်းလင့် မသိသောကြောင့် ဤနေရာကနေ ့မူးရင်စာရေးဆရာကို တောင်းပန်ပါတယ်..
အားလုံးကို ချစ်ခင်လေးစားသောအားဖြင့် ပြန်လည်မျှဝေထားပါသည် ဘရိုနီထွန်း
No comments:
Post a Comment