‌ဒေါသ နှင့် နောင်တ

သူမ အရမ်းပျော်တယ် ... ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့က သူမရဲ့အသက်နှစ်ဆယ်ပြည့်မွေးနေ့ပါ ...
 ပြီးတော့ အထိမ်းအမှတ်အဖြစ် ချစ်သူက စိန်လက်စွပ်တစ်ကွင်း ဝယ်ပေးမယ်တဲ့ ။
ဒီနေ့မနက် သူ့ဆီက ပထမဆုံး Birthday wish ရခဲ့ပြီး ... ညနေမှာ ကျင်းပမယ့် သူမရဲ့ မွေးနေ့ပွဲ မှာ တွေ့ကြမယ်ဆိုပြီး ချိန်းထားလိုက်ပါသေးတယ် ။


---------------------------------------------------------------------------

မွေးနေ့ပွဲ...

အလှပဆုံးပြင်ဆင်ထားပြီး တောက်ပြောင်တဲ့ဝတ်စုံဒီဇိုင်းနဲ့ အလှကြီးလှနေတဲ့ မွေး့နေ့ရှင်သူမကို လူတိုင်းက အာရုံစိုက်ကြည့်နေတယ်။
ပြီးတော့ ... မွေးနေ့ပွဲမှာ သူမချစ်သူက စိန်လက်စွပ် လက်ဆောင်ပေးမယ်ဆိုပြီး သူမက သတင်းလွှင့်ထားခဲ့သေးတယ်လေ ။ ဒါကြောင့် ပရိသတ်တော်တော်များများက သူမချစ်သူကိုလည်း သူမနည်းတူမျှော်နေခဲ့ကြသေးတယ် ။

ဟော ... သူမချစ်သူ ရောက်လာပါပြီ။ ဒါပေမယ့် ...
သူ့လက်ထဲမှာ ကိုင်လာတဲ့လက်ဆောင်က သူကြိုပြောထားတဲ့ လက်စွပ်ဘူးလေးမဟုတ်ဘဲ ... သာမန်အရုပ်တစ်ရုပ်ဖြစ်နေတယ်လေ ။

အရုပ်ကိုလှမ်းပေးရင်း "Happy Birthday ပါ ကောင်မလေးရေ " လို့ပြောလိုက်တဲ့ သူ့အသံထက် ... ဘေးနားက ပရိသတ်တွေရဲ့ တီးတိုးလှောင်ရယ်သံတွေကိုပဲ သူမကြားနေခဲ့တယ် ။

သူမအရှက်ကြီးရှက်သွားမိတယ် ... ပြီးတော့ သူ့ဆီက အရုပ်ကို ဒေါသတကြီး လှမ်းယူလိုက်ပြီး ... အိမ်ရှေ့လမ်းမဘက်ကို လှမ်းပစ်လိုက်တယ် ။

"ဟာ"

ချစ်သူရဲ့မထင်မှတ်တဲ့ အပြုအမူကြောင့် အံအားသင့်သွားတဲ့ သူကတော့ လမ်းမပေါ်ရောက်သွားတဲ့ အရုပ်ကို အလျင်အမြန် ပြေးကောက်လိုက်တယ် ...

အဲ့ဒီ့အချိန်မှာပဲ ...

"ဒုန်း"

အမြန်မောင်းလာတဲ့ ကားတစ်စီးနဲ့တိုက်မိပြီး သူ လွင့်ထွက်သွားတယ် ...
မမျှော်လင့်တဲ့ အဖြစ်အပျက်ကြောင့် သူမ ကြက်သေသေသွားတယ် ။ ခဏနေ အသိကပ်မှ သူ့ကိုပြေးထူလိုက်တယ် ... သူမအနားကိုလည်းရောက်လာရော သူက

"အရုပ် ... အရုပ် ... အရုပ်" လို့ လက်ညှိုးထိုးပြီး ဇက်ကျိုးကျသွားတယ် ...

.............................................................................................

စျာပနနေ့ ...

သူ့ရဲ့အုတ်ဂူရှေ့မှာ သူပေးခဲ့တဲ့ အရုပ်ကလေးကို ကိုင်ရင်း သူမငိုနေမိတယ် ... အားတင်းတဲ့အနေနဲ့ အရုပ်လေးကို ရင်ခွင်ထဲထည့်ပြီး ဖက်လိုက်မိတဲ့အခါမှာတော့ အမှတ်မထင် ... သူ့ရဲ့အသံထွက်လာတယ် ...

" Happy Birthday ပါကောင်မလေးရေ ... နင့်ကို လက်ထပ်ခွင့်တောင်းပါရစေနော် .. တကယ်လို့ ... နင်လက်ခံနိုင်တယ်ဆိုရင် အရုပ်လေးရဲ့အိပ်ကပ်ထဲက လက်စွပ်လေးကို ငါကိုယ်တိုင် ဝတ်ဆင်ပေးပါရစေ ... ငါနင့်ကို အရမ်းချစ်တယ်ဟာ " တဲ့

သူမရဲ့ တဒင်္ဂလုပ်ရပ်လေးတစ်ခုကြောင့် တသက်လုံးနောင်တရနေရမယ့် အဖြစ်ကို လုပ်မိခဲ့တဲ့ ... ကောင်မလေးလည်း နောင်တတွေနဲ့အတူ အခုလိုအော်ဟစ်ငိုကြွေးလိုက်ပါတော့တယ် ...

" ငါတောင်းပန်ပါတယ် ကောင်လေးရယ် ... ငါမသိခဲ့လို့ပါ . ငါလည်း နင့်ကို ချစ်ပါတယ်ဟာ "

အရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ ...

+++++++++++++++++++++++++++++++++++++

ဒေါသဖြစ်နေတဲ့အချိန်က တဒင်္ဂလေးပါပဲ ... ဒါပေမယ့် တသက်လုံး နောင်တရနေရမယ့် အဖြစ်မျိုးတွေကို လုပ်မိသွားတတ်တယ်လေ ။

ပိုးဟပ်ဖြူ.

♥ Heart Canteen ♥

အေးချမ်းမွန်နှင့် Heart Canteen တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်



ဘရိုနီထွန်း 
လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com