The only job starts at the top is digging the hole.
ထိပ်ဆုံးကစတယ်ဆိုတဲ့ တစ်ခုတည်းသောအလုပ်ကတော့ တွင်းတူးတဲ့ အလုပ်ပဲ။
. When you have made a choice and don't make it, that is in itself a choice.
-William James
မင်းမှာ ရွေးချယ်ခွင့်ရခဲ့ချိန်မှာ ရွေးချယ်မှုကိုမလုပ်ခဲ့ဘူးဆိုရင် အဲဒါဟာ မင်းရဲ့ရွေးချယ်မှုပါပဲ။
Always hold on to something: on the stairs, a railing; in trouble, a prayer.
-Bern Williams
အမြဲတမ်းတစ်ခုခုကိုကိုင်ထားပါ။ လှေခါးပေါ်ရောက်ရင် လက်ရန်းကို။ ဒုက္ခရောက်ရင် ဓမ္မကို။
Love is not for keeping but for giving to someone.
ချစ်ခြင်းမေတ္တာဆိုတာ သိမ်းထားဖို့မဟုတ်ပါ။ တစ်ယောက်ယောက်ကိုပေးဖို့အတွက်ပါ။
A true friend can hear a tear drop.
- Frank Walsh
သူငယ်ချင်းဆိုသည်မှာ မျက်ရည်တစ်ပေါက်ကျသွားသည့်အသံကို ကြားသိနိုင်သူဖြစ်ပါသည်။
You are never fully dressed in the morning until you put on a smile.
မနက်ခင်းရောက်လို့ တစ်ခါမှမပြုံးရသေးရင် သင်ဟာအဲဒီနေ့မနက်မှာ အဝတ်အစားအားလုံး လဲပြီးမဖြစ်သေးပါ။
. When you fall in a river, you're no longer a fisherman; you're a swimmer.
မြစ်ထဲကိုလိမ့်ကျသွားပြီဆိုရင်သင်ဟာ ငါးဖမ်းသမားမဟုတ်တော့ဘူး။ ရေကူးသမားတစ်ယောက်ဖြစ်သွားပြီ။
. If you have integrity, nothing else matters. If you don't have integrity, nothing else matters.
-Alan Simpson
သင့်မှာ သိက္ခာ သမာဓိရှိနေရင် ဘာမှအရေးမကြီးတော့ပါဘူး။ သင့်မှာ သိက္ခာသမာဓိ မရှိတော့ရင်လည်း ဘာမှအရေးမကြီးတော့ပါဘူး။
. Neither the sun nor death can be looked at with a steady eye.
နေမင်းကိုသော်လည်းကောင်း၊ သေခြင်းကိုသော်လည်းကောင်း တည်ငြိမ်သောမျက်စိဖြင့် မည်သူမျှမကြည့်နိုင်။
There's no point in aiming at a target with no arrow in your bow.
လေးထဲမှာမြားမရှိဘဲနဲ့ ပစ်မှတ်ကိုသွားချိန်နေရင် ဘာကိုမှထိဖို့ရာ အကြောင်းမရှိဘူး။
. To avoid criticism do nothing, say nothing, be nothing.
- Elbert Hubbard
အဝေဖန်ခံရမှာကိုရှောင်လွဲချင်ရင် ဘာကိုမှမလုပ်နဲ့။ ဘာကိုမှမပြောနဲ့။ ဘာမှလည်းမဖြစ်ဘူး။
. May you look back on the past with as much pleasure as you look forward to the future.
ပျော်ရွှင်ကြည်နူးမှုများစွာဖြင့် အနာဂတ်ကာလကိုရှေးရှုကြည့်လေသကဲ့သို့ အတိတ်ကာလအား ပြန်လည်လှမ်းကြည့်နိုင်ပါစေ။
. If you don't know where you are going, every road will get you nowhere.
မင်းဘယ်ကိုသွားနေတယ်ဆိုတာမသိရင် လမ်းတိုင်းကမင်းကို ဘယ်နေရာကိုမှရောက်အောင်ပို့ပေးမှာ မဟုတ်ဘူး။
Winston Churchill once said: "Never give up. Never give up. Never give up." Similarly, I didn't give up.
ဝင်စတန်ချာချီ တစ်ခါကပြောခဲ့ဖူးတယ်။ ဘယ်တော့မှအရှုံးမပေးနဲ့။ ဘယ်တော့မှအလျှော့မပေးနဲ့။ ဘယ်တော့မှအည့ံမခံနဲ့။ တဲ့။ ဒီလိုပဲ- ကျုပ်အရှုံးမပေးဘူး။
Brains, like hearts, go where they are appreciated.
- Robert Mcnamara
ဦးနှောက်များသည် နှလုံးသားများကဲ့သို့ပင် သူတို့အား တန်ဖိုးထားသည့်နေရာသို့ သွားကြပါသည်။
. If Christopher Columbus had turned back, no one would have blamed him- but no one would have remembered him.
ခရစ်စတိုဖာ ကိုလံဘတ်စ် သာနောက်ကြောင်းပြန်လှည့်ခဲ့မယ်ဆိုရင် သူ့ကိုဘယ်သူမှ အပြစ်ဆိုကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူကမှလည်းသူ့ကို သတိရကြမှာမဟုတ်ပါဘူး။
Parents give you life, but teachers give you the future.
- Socrates
မိဘများက သင့်အား ဘဝကိုပေး၏။ ဆရာများက သင့်အား အနာဂတ်ကိုပေး၏။
. Life is to learn, to live and to teach. Learn by heart. Live by faith. Teach by love.
ဘဝဆိုသည်မှာ လေ့လာသင်ယူရန်၊ ရှင်သန်နေထိုင်ရန် နှင့် သင်ကြားပြသပေးရန် ဖြစ်ပါသည်။ အသည်းစွဲအောင် လေ့လာသင်ယူပါ။ ယုံကြည်ချက်ဖြင့် အသက်ရှင်သန်နေထိုင်ပါ။ ချစ်ခြင်းတရားဖြင့် သင်ကြားပြသပေးပါ။
"It is not the strongest of species that survive, but the one most responsive to change"
- Charles Darwin
“နောက်ဆုံးကြွင်းကျန်နေခဲ့သည်မှာ အသန်မာဆုံးသတ္တဝါများမဟုတ်ပဲ... ပြောင်းလဲမှုကို အမြန်ဆုံး လက်ခံကျင့်သုံးနိုင်သူများဖြစ်သည်။”
The road to Knowledge has no end.
ဗဟုသုတလမ်းမကြီးသည် ဆုံးသည်မရှိ။
To be a good leader, you must be a good follower.
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ရမည်။
Teaching is a noble professiion.
စာသင်ခြင်းသည် မြင့်မြတ်သော အသက်မွေးမှုတစ်ခုဖြစ်သည်။
Where there is no trust, there is no love.
ယုံကြည်မှုမရှိသောနေရာ၌ မေတ္တာတရားဟူ၍မရှိနိုင်။
“Doing nothing is doing ill”
ဘာမှ မလုပ်ခြင်းသည် မကောင်းတာလုပ်ခြင်းပင်ဖြစ်သည်
Whatever is begun in anger ends in shame.
- Benjamin Franklin
(1706 - 1790)
ဒေါသနဲ ့ စခဲ့တာမှန်သမျှ ရှက်ရတာနဲ ့ အဆုံးသတ်ရတယ်။
A man should not sleep on silk till he has walked on sand.
သဲလမ်းပေါ်မလျှောက်ဖူးသရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။
Rich miser is poorer than a poorer than a poor man.
ကပ်စေးနညး်သောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။
Never underestimate the power of forgiveness.
ခွင့်လွှတ်ခြငး်၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။
When you shoot the arrow of truth, just dip its point in honey.
အမှန်တရားတည်းဟူသောမြားတံကို ပစ်သောအခါ မြားထိပ်ကို ပျားရည်ထဲဦးစွာနှစ်ပါ။
A man isn’t poor if he can still laugh.
လူတစ်ဦးသည်ရယ်မောနိုင်သရွေ့ မဆင်းရဲ သေးပါ။
Success comes in Cans; not in cant’s.
အောင်မြင်မူသည် လုပ်နိုင်သူများအတွက် သာဖြစ်သည်။မလုပ်နိုင်သူများအတွက် မဟုတ်။
No burden is too heavy if it is carried with love.
မေတ္တာဖြင့်သယ်ပိုးမည်ဆိုလျှင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မလေးလံပါ။
Don’t be afraid of moving slowly; be afraid of standing still.
နှေးနှေးကွေးကွေး
ရွေ့လျားခြင်းကိုမစိုးရိမ်ပါနှင့်။မရွေ့မလျားဘဲနေခြင်းကိုစိုးရိမ်ပါ။
You don’t know where you are going if you are always looking back.
သင်သည်နေက်သို့တစ်ချိန်လုံးပြန်လှည့်ကြည့်နေလျှင် သင်သွားသည် နေသည့်ခရီးကို
မသိနိုင်ပါ။
Happiness is found along the way; not at the end of the journey.
ပျော်ရွှင်ခြငး်ကိုလမ်းခရီးတစ်လျှောက်တွင်တွေ့ရသည်။ခရီးဆုံးတွင်တွေ့ရသည်မဟုတ်။