1. ဘဝဆိုတာ ခဲဖျက်မရှိတဲ့ ပန်းချီဆွဲခြင်း တမျိုး။
Life is the art of drawing without an eraser. (John Gardner)
2. ဘဝဆိုတာ ပြီးခဲ့တဲ့အရာတွေလို့ဆိုကြပေမယ့် ရှေကို ဆက်သွားနေရဦးမှာပဲ။
Life can only be understood backward, but it must be lived forward. (Soren Kierkegaard)
3. အသိပညာသည် မျက်လုံးမဟုတ်၊ သို့သော် အမှန်ကိုမြင်စေနိုင်၏။
Knowledge is the true organ of sight, not the eyes. (Panchatantra)
4. အသိပညာဆိုတာ မြင့်မားလာလေ ထူးဆန်း အံ့သြ အတုယူအားကျစရာများများ တွေ့ရလေပါပဲ။
The larger the island of knowledge, the longer the shoreline of wonder. (Ralph W. Sockman)
5. အသိပညာဟူသည်မှာ ကြောက်လန့်နေသော နွားတကောင်ဖြစ်သည်။ ကျွနု်ပ်တို့တာဝန်မှာ ထိုနွား၏ ဦးဂျိုများကို ရှောင်ပြီး နွားနို့ရအောင် ညှစ်ဖို့ဖြစ်သည်။
Knowledge is a sacred cow, and my problem will be how we can milk her while keeping clear of her horns. (Albert Szent-Györgyi)
6. အသိပညာဆိုသည်မှာ အမှန်တရားများကသာ ရရှိနိုင်သည်မဟုတ်၊ မှားယွင်းမှုများကနေလည်း ရရှိနိုင်သည်။
Knowledge rests not upon truth alone, but upon error also. (Carl G. Jung)
7. စစ်မှန်သည့် အသိပညာဆိုသည်မှာ တစုံတယောက်၏ အသိပညာ ချို့တဲ့ခြင်း ပမာဏကို သိအောင်လုပ်ခြင်းဖြစ်သည်။
Real knowledge is to know the extent of one's ignorance. (Confucius)
8. လူတစ်ဦး၏ အသိပညာအပေါ်တွင် ထိုသူ၏ အတိတ် နှင့် အယူအဆ များက တစ္ဆေလို ခြောက်လှန့်နေသည်။
Knowledge is haunted by the ghost of past opinion. (Author Unknown)
9. အသိပညာနောက်လိုက်ရာတွင် အကြောင်းအရာ အချက်အလက် အားလုံးကြောင့် နစ်မြှုပ်မသွားစေရန် သတိပြုရမည်။
In your thirst for knowledge, be sure not to drown in all the information. (Anthony J. D'Angelo)
10. ကမ္ဘာမြေ၊ တိုက်ကြီးများ၊ သမုဒ္ဒရာကြီးများ၏ ပုံသဏ္ဍာန်ကို ရှာဖွေနိုင်ဖို့ အဓိက အတားအဆီးက အသိပညာ မလုံလောက်၊ မချို့တဲ့မှု မဟုတ်ပါဘူး.. အယူအဆ အတွေးအခေါ် လွဲမှားမှု။
The greatest obstacle to discovering the shape of the earth, the continents and the ocean was not ignorance but the illusion of knowledge. (Daniel J. Boorstin)
11. အသိပညာ ဂုရုဖြစ်လိုလျှင် ၄င်းနှင့်ပတ်သက်သော အရာအားလုံးကို သိရှိထားရမည်။
To be master of any branch of knowledge, you must master those which lie next to it; and thus to know anything you must know all. (Oliver Wendell Holmes, Jr.)
12. လူတစ်ဦးတစ်ယောက်၏ ဉာဏ်ရည်ထက်မြက်မှု့ နှင့် စွမ်းရည်မြင့်မားမှု့ကို ထိုသူ၏ ဆောင်ရွက်ချက်များဖြင့် တိုင်းတာသည်။
Action is the real measure of intelligence. (Napoleon Hill)
13. အတွေ့အကြုံဆိုတာ လူတိုင်းက သူတို့ရဲ့ အမှားတွေကို ပေးထားတဲ့ နာမည် တခု။
Experience is the name everyone gives to his mistakes. (Oscar Wilde)
14. အတွေ့အကြုံဆိုတာ မလိုအပ်တဲ့အချိန်မှ ရရှိလိုက်တဲ့ အရာတွေပဲ။
Experience is what you got by not having it when you need it. (Author Unknown)
15. သူတပါး၏ အမှားတွေကနေသင်ယူပါ။ ကိုယ်ကိုယ်တိုင် ဒီအမှားတွေလုပ်ဖို အချိန်မပေးပါနဲ့။
Learn all you can from the mistakes of others. You won't have time to make them all yourself. (Alfred Sheinwold)
16. အတွေ့အကြုံဆိုတာ လူတယောက်၏ တွေ့ကြုံရသည့်အရာမဟုတ်ဘူး.. အတွေ့အကြုံဆိုတာ ဒီလူအပေါ်ကျရောက်လာသမျှကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာပဲ။
Experience is not what happens to a man. It is what a man does with what happens to him. (Aldous Leonard Huxley)
17. အတွေ့အကြုံဆိုတာ ကျွန်ုပ်တို့ထိပ်ပြောင်နေတုန်းမှာ သဘာဝကပေးထားတဲ့ ဘီးတချောင်းပဲ။
Experience is a comb which nature gives us when we are bald. (Proverb)
18. အတွေ့အကြုံကို guide အနေနဲ့သုံးတဲ့ အမှားက သင်ခန်းစာ မသင်ရသေးပဲ အရင်လာတဲ့ အတန်းတင် စာမေးပွဲလိုပဲ။
The trouble with using experience as a guide is that the final exam often comes first and then the lesson. (Author Unknown)
19. ကလေးဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရသူတစ်ယောက်သည် ဘဝအတွက် အဆင်သင့် မဖြစ်တတ်ပေ။
A happy childhood is poor preparation for human contacts. (Colette)
20. မသေသောဆေးသမားဆိုတာမရှိပါ။ လူနာ တယောက် နှစ်ယောက် မသေဖူးဘဲနှင့် ဆရာဝန်ကောင်းတယောက် မဖြစ်ပေ။
No physician is really good before he has killed one or two patients. (Hindu Proverb)
21. မှန်ကန်တဲ့ အဆုံးအဖြတ်ဆိုတာ အတွေ့အကြုံတွေထဲကနေရရှိသလို၊ အတွေ့အကြုံဆိုတာကလည်း မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကနေ ရခဲ့တာပါပဲ။
Good judgment comes from experience, and often experience comes from bad judgment. (Rita Mae Brown)
22. အတွေ့အကြုံကို အကျိုးရှိစွာအသုံးချလျှင် အချိန်ကုန် သက်သာမည်။
Nothing is a waste of time if you use the experience wisely. (Auguste Rodin)
23. အတွေ.အကြုံတွေကနေ သင်ယူခြင်းက လူကို နာကျင်စေပါတယ် အဲ့ဒီထက် ပိုနာကျင်စေတာကတော့ အတွေ.အကြုံတွေကနေ မလေ့လာ မသင်ယူတတ်တာပါပဲ။
There is only one thing more painful than learning from experience, and that is not learning from experience. (Laurence J. Peter)
24. တခါခံရရင် သူ့အမှား ( သူ.အပြစ်) ၊ နှစ်ခါခံရရင် ကိုယ့်အမှား ( ကိုယ့်အပြစ် )။
Fool me once, shame on you; fool me twice, shame on me. (Chinese Proverb)
25. ဒီမိုကရေစီ ကို နားလည်ချင်ရင် စာကြည့်တိုက်ထဲမှာ ကုန်မဲ့အချိန်တွေက်ို လျှော့ပြီး ပြည်သူလူထုကြားမှာ အချိန်ပိုပေးလိုက်ပါ။
If you want to understand democracy, spend less time in the library with Plato, and more time in the buses with people. (Simeon Strunsky)
No comments:
Post a Comment