အဆိုးမြင်သူ နှင့် အကောင်းမြင်သူ့ တို့ ရဲ့ ကွာခြားချက်

(၁)မျှော်လင့်ချက်ဆိုတာဘာလဲ?

အဆိုးမြင်သူ.......မျှော်လင့်ချက်ဆိုတာမိုးကုတ်စက်ဝိုင်းဖြစ်
တယ်။မြင်ပေမယ့်အရောက်မသွားနိုင်ခဲ့ဘူး။


အကောင်းမြင်သူ..............မျှော်လင့်ချက်ဆိုတာ

လမ်းပြကြယ်ဖြစ်တယ်။ အရှေ့မှာ အလင်းတန်းရှိကြောင်း

လူတွေကို လမ်းညွှန်နေတယ်။

(၂)လေဆိုတာဘာလဲ?


အဆိုးမြင်သူ..............လှိုင်းတွေပိုခက်ထန်အောင်ကူညီသူ. .
ကိုယ့်ကိုပင်လယ်အောက်နစ်မြှုပ်ပစ်နိုင်တယ်။


အကောင်းမြင်သူ.................ရွက်တိုင်ရဲ့ကူဖော်လောင်ဖက်..
အောင်မြင်တဲ့ကမ်းကိုကပ်ဖို့ကူညီသူဖြစ်တယ်။


(၃)ဘဝဆိုတာပန်းပွင့်လား?

အဆိုးမြင်သူ...............ပန်းပွင့်ဖြစ်တော့ဘာထူးလဲ!ပွင့်
ပြီးကြွေသွားတာပဲမဟုတ်လား!


အကောင်းမြင်သူ.............ဟင့်အင်း..

ပွင့်ပြီးချိုမြိန်တဲ့အသီးတွေချန်ထားခဲ့နိုင်တယ်။


နှစ်ဦးသား အငြင်းအခုန်ဖြစ်နေဆဲမှာ ရုတ်တရက်
ကောင်းကင်ပေါ်က အသံတစ်သံလွှင့်လာပြီး သူတို့ကို

မေးခွန်း (၃)ခု မေးခဲ့ပြန်တယ်။ မေးခွန်းတွေက-


(၁)ရှေ့တည့်တည့်သွားရင်ဘာဖြစ်နိုင်မလဲ?

အဆိုးမြင်သူ... ချောက်နက်ကမ်းပါးတွေ တွေ့နိုင်တယ်။

အကောင်းမြင်သူ.... ပန်းပေါင်းစုံဖူးပွင့်တာ တွေ့နိုင်တယ်။


(၂)မိုးဦးရာသီကောင်းသလား?

အဆိုးမြင်သူ... မကောင်းပါ။ မြက်ရိုင်းများ
ပိုမိုရှင်သန်နိုင်ပါတယ်။

အကောင်းမြင်သူ.... ကောင်းပါတယ်။ ပန်းတွေ
ပိုလှပဖူးပွင့်နိုင်ကြတယ်။


(၃)တကယ်လို့သင့်ကိုမြေရိုင်းတစ်ခင်းပေးခဲ့ရင်

သင်ဘာလုပ်မလဲ?


အဆိုးမြင်သူ.....သင်္ချိုင်းဆောက် မယ်။

အကောင်းမြင်သူ....သစ်စိမ်းပင်တွေအပြည့်စိုက်မယ်။


အဲဒီလို သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ငြင်းခုန်ခဲ့ကြပြီး
ကောင်းကင်ပေါ်က မေးခွန်းထုတ်သူဟာ ဘုရားသခင်မှန်း
သူတို့မသိခဲ့ကြဘူး။ သူတို့ဖြေဆိုတဲ့အတိုင်း ဘုရားသခင်က
သူတို့ကို ဆုလာဒ်တွေပေးခဲ့ကြတယ်။

အကောင်းမြင်သူကို ရဲစွမ်းသတ္တိပေးပြီး အဆိုးမြင်သူကို
မျက်ရည်တွေပေးခဲ့တယ်။

သင်ရော! ရဲစွမ်းသတ္တိကို ရချင်သလား? မျက်ရည်ကိုပဲ
ယူချင်သလား?

လောကကြီးက ကြုံသမျှဖြစ်သမျှနှင့်အရာတွေ ကုန်လုံးကို အကောင်းဘက်ကနဲ ့များများမြင်နိုင်မယ်ဆိုရင်

ဘဝဟာ  ပျော်ရွှင် အေးချမ်း လာမှာပါ......အားလုံးချစ်ခင်လေးစားလျက် ...ဘရိုနီထွန်း...

soure: ;http://thihathu340.multiply.com

2 comments:

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com